ယနေ့ ခေတ် စီးပွားရေးအခြေအနေအရ သင်ငွေစုနေရုံနဲ့ တော့ မီလျှံနာ သန်းကြွယ်သူဌေးဖြစ်လာမှာမဟုတ်တာ အသေအချာပါဘဲ။ပထမဆုံး လုပ်ဆောင်ရမှာက ဝင်ငွေကို တိုးတက်
ပြီးရင်း တိုးတက် နေအောင် ကြိုးစားရမယ်။ သေချာအာရုံစိုက်ပြီး လုပ်ဆောင်ရမယ်။ အသက်၂၀ ရောက်ပြီဆိုရင် ငွေနောက်ကို စလိုက်ပါ။ သင်အခွင့်အရေးတွေ အခွင့်အလမ်းတွေ တွေ့ လာမှာပါ။
ဝင်ငွေလမ်းကြောင်းတွေကိုချဲ့ ထွင်ပါ
သင် ဝင်ငွေတိုးချင်တယ်ဆိုရင်တော့ ဝင်ငွေလမ်းကြောင်းကိုချဲ့ ထွင်ရမှာပါ။ မီလီယျံနာတွေဟာ ပုံမှန်ဝင်ငွေလမ်းကြောင်း ၅ ခုထိရှိကြပါတယ်။ အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ဆိုင်၊ သယ်ယူပို့ ဆောင်ရေး၊ စတော့ရှယ်ယာ ၊ ကိုယ်ပိုင်လုပ်ငန်း စသည်ဖြင့် ပေါ့။သင် ပိုချဲ့ထွင်နိုင်လေလေ ဝင်ငွေလမ်းကြောင်းငွေကြေးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ စိတ်ချရလေလေ သင့်ပိုင်ဆိုင်မှု တိုးတတ်လေလေပါပဲ။
ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ။ ငွေစုဖို့ သက်သက်ဆိုပြီး ငွေမစုပါနဲ့ 
သင့်ငွေတွေကို ဘဏ်အကောင့်သီးသန့့် ဖွင့်ပြီး ရင်းနှီးမြှပ်နှံဖို့ အတွက်စုထားပါ။ အရေးပေါ်ကိစ္စတွေအတွက်ဆိုရင်ကို နဲနဲမှ မထိပါနဲ့ ။ သင် အဆင်သင့်ဖြစ်ပြီဆိုရင် စတင်ရင်းနှီးမြှပ်နှံပါ။ တစ်ခါတလေ သင်ငွေပြတ်သွားတာတွေကြုံရမှာပါ။ ဘာလို့ လဲဆိုတော့ ရလာတဲ့ငွေမှန်သမျှဟာ သင့်လုပ်ငန်းတွေထဲစီးဆင်းနေမှာ မို့ လို့ ပါ။
ဆုံးဖြတ်ချက် ပြတ်သားပါစေ
ဘယ်တော့မှ ဆုံးဖြတ်ချက်ကို မပြတ်မသား မချမိပါစေနဲ့ ။ သင်လုပ်မဲ့အရာတစ်ခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ်။အဲ့ဆုံးဖြတ်ချက်အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်ရမယ်
ကြွားဝါလိုစိတ် လူတွေ အထင်ကြီးလိုတဲ့စိတ်ကိုဖျောက်ပါ
မီလျှံနာတစ်ဦးက " ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှပ်နှံမှုတွေ ကနေ ဝင်ငွေတွေ အမြောက်အများမရသေးသ၍ တန်ဖိုးကြီး ဇိမ်ခံကားတွေ နာရီတွေဘယ်တော့မှ မဝယ်ဘူးဗျ။ ကျွန်တော် မီလီယျံနာ ဖြစ်လာတဲ့ထိတောင် တိုယိုတာ ကားလေးကိုဘဲစီးတာ။ သင်ဘယ်လောက် အလုပ်လုပ်သလဲဆိုတာကိုဘဲ လူသိပါစေ။ သင်ဘယ်လောက်ငွေသုံးနိုင်တယ် ၊ သင်ဘယ်လိုကားတွေစီးနိုင်တယ် ဆိုတဲ့အချက်တွေနဲ့ လူမသိစေပါနဲ့ " လို့ ပြောဖူးပါတယ်။
ငွေနဲ့ ပတ်သက်ပြီး ခံယူထားတဲ့ သင့်ရဲ့ခံယူချက်တွေကို ပြောင်းလဲပါ
ချမ်းသာဖို့  ဆိုရင် ငွေရှာတာနဲ့ ပတ်သက်ပြီး သင်ဘယ်လိုတွေးသလဲ? သင်ဘာတွေကိုယုံကြည်သလဲဆိုတဲ့အချက်တွေကနေ စတင်ရပါမယ်။ သင်ငွေကို အများအပြားရှာနိုင်ရမယ်လို့ ယုံကြည်ထားရင် ငွေဝင်ပေါက်တွေ အခွင့်အလမ်းတွေ တွေ့ လာရမှာပါ။ သင့်စိတ်ထဲမှာ ခံယူထားတဲ့အရာမှန်သမျှဟာ လက်တွေ့ ဖြစ်လာတယ်ဆိုတာ မယုံမရှိပါနဲ့ ။
သင့်အတွက်ရင်းနှီးမြှပ်နှံပါ
သင့်ဘဝအတွက် အခြေခိုင်စေမယ့် ပညာရပ်တစ်ခုကိုသင်ယူရပါမယ်။့ ဒါမှသာ ဆက်လုပ်ဆောင်မယ့် စီးပွားရေးလုပ်ငန်းဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ ကောင်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ရည်မှန်းချက်တွေချမှတ်ရမယ်။ သူတို့ ကိုစိတ်ကူးထဲမှာ ပုံဖော်နိုင်စွမ်းရှိရမယ်
သင်ဝင်ငွေကိုပိုပြီး တိုးပ္ပွားစေချင်ရင် ရည်မှန်းချက်တွေကို ရှိရမယ်။ ရည်မှန်းချက်တွေကိုအောင်မြင်ဖို့ အစီအစဉ်တွေရေးဆွဲရပါမယ်။ငွေဆိုတာ အလိုလိုရလာတာမဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ဆောင်မှ ရလာတဲ့အရာဖြစ်ပါတယ်။ သင်ချမ်းသာချင်ရင် တနေ့ မှာချမ်းသာရမယ်လို့ စိတ်ထဲမှာ စိတ်ပိုင်းဖြတ်ထားရမယ်။
သင်လေးစားအားကျတဲ့သူတွေနဲ့ အပြင် အတူတူထွက်တာဖြစ်ဖြစ် ခရီးသွားတာဖြစ်ဖြစ် လုပ်ဆောင်ပါ
သင်ဟာ ချမ်းသာတဲ့လူ ၉ ယောက်နဲ့ အပြင်ထွက်တာတို့ အလုပ်တူတူလုပ်ဆောင်တာဖြစ်ဖြစ် လုပ်ဆောင်နေရင် ၁၀ ယောက်မြောက် ချမ်းသာတဲ့သူဟာ သင်ဖြစ်လာမှာပါ။ဘာလို့ လဲဆိုတော့ သင်ဟာ သူတို့ ရဲ့အတွေးအခေါ်တွေ ဗဟုသုတတွေ သူတို့ ရဲ့မြင့်မားလှတဲ့ ဖန်တီးနိုင်စွမ်းတွေကိုသင်ယူနိုင်လို့ ဖြစ်ပါတယ်
ဒေါ်လာ၁၀ သန်းကြွယ်ဝရမယ်လို့ ရည်မှန်းချက်ထားပါ။ ဒေါ်လာ၁ သန်းမဟုတ်ပါဘူး
ဘယ်နေရာမှာဖြစ်ဖြစ် မြင့်မြင့်မားမားတွေးပါ။ လူတွေဟာ ဘယ်တော့မှ မြင့်မြင့်မားမားတွေးလေ့မရှိကြဘူး။ ဘာလို့ လဲဆိုတော့ သူတို့ မဖြစ်နိုင်ဘူးထင်လို့ ပါဘဲ။ အဲ့အထဲမှာတော့ သင်မပါ ပါစေနဲ့ 
Recommended for u- ဘီလ်ဂိတ်နဲ့ ဝါရင်းဘက်ဖက်တို့ရဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်
Source:B_jack (အောင်မြင်ရေးနည်းလမ်းများ)