Marketing

တရုတ်ပြည်မှ Miniso မားကက်တင်းစတိုင် ပြောင်းလဲကြောင်း အသိပေးကြေညာ

Read 3672 times
တရုတ်ပြည်မှ Miniso မားကက်တင်းစတိုင် ပြောင်းလဲကြောင်း အသိပေးကြေညာ

တရုတ်နိုင်ငံမှ Miniso Group သည် ဂျပန်စတိုင်အမှတ်တံဆိပ်အဖြစ် မားကက်တင်းစတိုင် ရယူကာ ဂုဏ်ရိပ်  မြှင့်တင်ခြင်းအတွက် တောင်းပန်ခဲ့ပြီး ယင်းကို ပြုပြင်ရန် ၎င်း၏စတိုးဆိုင်များတွင် အပြောင်းအလဲများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်စျေးဝယ်သူများအကြား မျိုးချစ်စိတ် မြင့်တက်လာမှုကို တုံ့ပြန်‌ေဆာင်ရွက်သည့် လက်လီအရောင်း လုပ်ငန်းများတွင် Miniso ပါဝင်လာခြင်း ဖြစ်သည်။

Miniso Group သည် တရုတ်ပြည်တွင်းနှင့် မြန်မာနိုင်ငံ အပါအဝင် ပြည်ပတို့တွင် စတိုးဆိုင်ပေါင်း ၅,၀၀၀ ကျော်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။

ဂျပန် စိတ်ကူးစိတ်သန်း ဘဝစတိုင် ထုတ်ကုန် လက်လီအရောင်းလုပ်ငန်းဟု ကုမ္ပဏီကို ဖော်ကျူးသည်။ ဂျပန်မှ Ryohin Keikaku မှ လုပ်ကိုင်သည့် Muji လက်လီဆိုင်ခွဲများ လုပ်ငန်းနှင့် ဆင်ဆင်တူသည်ဟု ဆိုလေ့ဆိုထ ရှိသည်။

သို့သော်လည်း ယခုလအစောပိုင်းတွင် တရုတ်လူမှုကွန်ရက်အသုံးပြုသူများ Miniso အပေါ်ဒေါသအမျက် ထွက်ခဲ့သည်။

Miniso က ၎င်း၏ စပိန်အင်စတာဂရမ်အကောင့်တွင် “ဂျပန် ပျော်တော်ဆက် ဂေရှားမယ် အရုပ်” “Japanese geisha doll” ဟုခေါ်သည့် အရုပ်ရုပ်ပုံတစ်ပုံကို တင်ခဲ့သည်။ တရုတ်မှ လူမှုကွန်ရက် အသုံးပြုသူများသည် အရုပ်သည် တရုတ်ရိုးရာဝတ်စုံဖြစ်သော qipao ၀တ်စုံကို ဝတ်ဆင်ထားကြောင်း ထောက်ပြ‌ကြသည်။ တရုတ်ယဉ်ကျေးမှုကို စော်ကားသည်ဟု ပြစ်တင်ဝေဖန်ခံရသည်။

Miniso က ရှည်ရှည်လျားလျား တောင်းပန်စာ တစ်စောင် ထုတ်ပြန်သည်။ ကုမ္ပဏီ၏ အစောပိုင်းကာလများတွင် ၎င်း၏ အမှတ်တံဆိပ် ဈေးကွက်ထဲ  အနေအထား ရယူရန်နှင့် စျေးကွက်ရှာဖွေရေးဗျူဟာတို့သည် “မှားယွင်းသောလမ်းကြောင်းပေါ်ရောက်‌ေနခဲ့သည်” ဟုဆိုသည်။ 

 ၂၀၁၅ နှစ်ကုန်ပိုင်းမှ ၂၀၁၈ ခုနှစ်ကုန်အထိ ဂျပန်ဒီဇိုင်နာတစ်ဦးကို ၎င်း၏ဒီဇိုင်နာချုပ်အဖြစ် အလုပ်ခန့်ထားခဲ့ကြောင်း တောင်းပန်စာတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းကတည်းက ၎င်း၏စတိုးဆိုင်များနှင့် စျေးဝယ်အိတ်များမှ ဂျပန်အငွေ့အသက်များကို စတင်ဖယ်ရှားခဲ့ပြီး တရုတ်နိုင်ငံရှိ ၎င်း၏ဆိုင်ပေါင်း 3,100 တွင် ယင်းကဲ့သို့လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခသည်။

နိုင်ငံရပ်ခြားရှိ စတိုးဆိုင်ပေါင်း ၁,၉၀၀ ကျော်တွင်လည်း ဆိုင်းဘုတ်များနှင့် အတွင်းပိုင်းအလှဆင်ခြင်းများကို စတင်ပြောင်းလဲပစ်မည်ဟု ကတိပြုထားပြီး ၂၀၂၃ ခုနှစ် မတ်လကုန်တွင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီသည် ယခင်နည်းဗျူဟာများနှင့် ပတ်သက်သည့် အကြီးတန်းအမှုဆောင်များကို အပြစ်ပေးမည်ဖြစ်ပြီး ၎င်း၏ရုံးချုပ်သည် နောင်အနာဂတ်တွင် ၎င်း၏ပြည်ပလူမှုမီဒီယာအကောင့်များအားလုံးအတွက် တာဝန်ယူရမည်ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်စားသုံးသူများသည် အမှတ်တံဆိပ်ကြီးများ၏ အပြုအမူကို ပိုမိုနီးကပ်စွာ စောင့်ကြည့်ခဲ့ကြပြီး မျိုးချစ်စိတ်မရှိဟု ရှုမြင်သော နိုင်ငံခြားကုမ္ပဏီများ သို့မဟုတ် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ပိုမိုဝေဖန်လာကြပါသည်။

#MyanmarAdvertisingGuide 

Telegram Channel https://t.me/Guid4U

Source: FMT