Global

ကလေးသံတွေနဲ့ လူကြီးတွေ စကားပြောဆိုကြတဲ့ ပရဟိတ လက်ဖက်ခြောက်ကြော်ငြာ

Read 3296 times
ကလေးသံတွေနဲ့ လူကြီးတွေ စကားပြောဆိုကြတဲ့ ပရဟိတ လက်ဖက်ခြောက်ကြော်ငြာ

လူငယ်များ မိမိကိုယ်ကို သတ်သေမှုကာကွယ်ရန် ရန်ပုံငွေစုဆောင်းရန် MOOD လက်ဖက်ခြောက် ကမ်ပိန်းတစ်ခုအတွက် ဒေါ်လာ ၁၀ သန်းကျော်ဖိုး ပါဝင်လှူဒါန်းခဲ့ကြတယ်။ လူမှုရေး ရှေ့ရှုတဲ့ လုပ်ငန်းတစ်ခုရဲ့ ကြော်ငြာကို အခုလို တက်ညီလက်ညီဖြင့် တတတ်တအား ဝိုင်းဝန်း ပါဝင်ကူညီလှူဒါန်းကြတာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မီဒီယာ၊ ကြော်ငြာနှင့် စျေးကွက်ရှာဖွေရေးလုပ်ငန်းများ ခြောက်ဆယ်တို့က မိမိတို့ရဲ့ အချိန်၊ အရင်းအမြစ်များနှင့်ကြော်ငြာနေရာများအား လူငယ်များကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ကာကွယ်သည့် ပရဟိတလုပ်ငန်းများသို့ အကျိုးအမြတ်များလှူဒါန်းမည်ဖြစ်သော ဤလုပ်ငန်းရဲ့ ပထမဆုံးလူမှုရေးလုပ်ငန်းထုတ်ကုန်ကို မြှင့်တင်ရန် "Sip selflessly" campaign ကိုအကောင်အထည်ဖော်ခဲ့ကြပါတယ်။


လူကြီးတွေ လက်ဖက်ရည်ကြမ်း သောက်ကြရင်း စကားပြောဆိုနေတာကို ကလေးတွေရဲ့ အသံတွေနဲ့ တစ်ထပ်တည်း ကျနေအောင် ထပ်ပေးထားတာ ဖြစ်ပြီး အသံကိုသာမက နှုတ်ခမ်းအလှုပ်ကအစ တစ်ထပ်တည်းကျအောင် lip-synched လုပ်ပေးထားပါတယ်။


ဖန်တီးမှုကို Monkeys မှ စီစဉ်ပြီး ဒါရိုက်တာ Simon Harsent နဲ့ Pool Collective အဖွဲ့မှ ရိုက်ကူးခဲ့ပါတယ်။
Ralph Van Dijk နှင့် SongZu မှ Simon Kane တို့ရဲ့ စကားပြောသံများဖြင့် ဖန်တီးခဲ့ပါတယ်။