Life Hacks

ဂျပန်ပြန်ကြီးက ပေးတဲ့ ဘဝလက်ဆောင်

Read 602 times
ဂျပန်ပြန်ကြီးက ပေးတဲ့ ဘဝလက်ဆောင်

စာအုပ်ဆိုင်လေး ဘေးအိမ်မှာ ဖွင့်ထားပါတယ်.. အကြောင်းကြောင်းကြောင့် စာအုပ်ဆိုင်ဖွင့်တဲ့ အိမ်က ပြောင်းတော့ အဲ့ဒီ စာအုပ်ဆိုင်လေးကို သူလက်လွှဲ ရယူပြီး ဆက်လက်ဆိုင်ဖွင့်ခဲ့တယ် လို့ သူက ပြောပြရှာပါတယ်..။

အဖေဖြစ်သူက မီးရထားက ဝန်ထမ်းပါတဲ့ အမေက တော့ အိမ်ထောင်ရှင်မ သက်သက်ဖြစ်ပြီး သူတို့ မိသားစုက မန္တလေးမှာ နေထိုင်ခဲ့ပါတယ်...။

ငယ်နာမည် ထင်တာပဲ သူ့နာမည်က ဖိုးလမင်း ပါတဲ့..။

စာအုပ်ဆိုင်က ရတဲ့ အမြတ်ကို တစ်ဝက်ကို စာအုပ်ဆိုင်ရှင်ကို ပေး တစ်ဝက်ကတော့ မင်း သင်တန်းတွေ ဘာတွေ တက်ဆိုပြီး လက်လွှဲ ခဲ့တာပါလို့ ပြောပါတယ်..။

ငယ်ငယ်က ရည်ရွယ်တာက ဆောက်လုပ်ရေးအင်ဂျင်နီယာ ဖြစ်ချင်တာ .. သို့ပေမယ့် 95 ခုနှစ်လောက်က သူ့စာအုပ်ဆိုင်ရဲ့ တစ်လ အမြတ်ဝင်ငွေက 75000 လောက်ရတယ်ဆိုတော့ သူ့ ဝါသနာ ကို သူမေ့ထားခဲ့ပါတယ်တဲ့..။

 

ဂျပန်ပြန်ကြီးက သူ့ကို မေးတယ်။

မင်းတို့ ရပ်ကွက်ထဲမှာ စာအုပ်ဆိုင် ဘယ်နှစ်ဆိုင် ရှိလဲ .. သုံးဆိုင်ရှိတယ် ခင်ဗျ... ။

ဘယ်သူ့ဆိုင် အအောင်မြင်ဆုံးလဲ ဆိုတော့ သူက အားရ ဝမ်းသာ ဂုဏ်ယူစွာနဲ့ ကျွန်တော့ဆိုင် အအောင်မြင်ဆုံးပဲ လို့ သူဖြေပါတယ်..။

ထားပါတော့ ဆိုင် A,B နဲ့ သူ့ ဆိုင် ဆိုပါတော့..။

ဆိုင် A က ဆိုင်ရှင်က အတန်းပညာ ဘယ်လောက်ရှိလဲ ဆိုတော့ သူက ပြန်ပြောလိုက်ပါတယ်တဲ့ အဲ့တုန်းက လူငယ် သဘာဝမို့ သူလားပေါ့ ဆယ်တန်းတောင် မအောင်ဘူး ထင်တယ်ပေါ့..ဒီလိုပြောလိုက်တယ်.။.

ဆိုင် B က ဆိုင်ရှင်ကရော သူက ဆို ၈ တန်းတောင် မအောင်ဘူးရယ်..။

ဒါဆို မင်းကရော ဆိုတော့ ကျွန်တော်က စက်မှု တက္ကသိုလ် ကျောင်းသား ပါ ဆိုပြီး ဂုဏ်ယူစွာ ပြန်ပြောလိုက်ပါတယ်..။

ဟ မင်းက အလကားကောင်ပဲ လို့ ဂျပန်ပြန်ကြီး ပြောရှာတယ်.. မင်းဟာ မင်းနဲ့ တန်တာ မင်း မလုပ်ဘူး ..။

ရေအိုင်ထဲက ဖားသူငယ်ပဲ.. လူတိုင်းဖွင့်နိုင်တဲ့ စာအုပ်ဆိုင်လေး တစ်ဆိုင်ကို မင်းက ဂုဏ်ယူနေတယ်ပေါ့..။

ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ?

မင်း "ကမ္ဘာပေါ်မှာ မင်းတစ်ယောက်ပဲ လုပ်နိုင်တဲ့ အလုပ်ကို လုပ်ရမယ်"

အဲ့ဒါ ဘယ်လို အလုပ်မျိုးလဲဆိုတော့ မင်း ကွန်ပျူတာ သင်ရမယ်.. အဲ့မှာမှ Computer Programming ဆိုတာကို မင်း သင်ရမယ်.. 95 လောက်က နော်...။

ဒီလိုနဲ့ Computer Programming သင်တဲ့ ဆရာ တစ်ယောက်ဖြစ်လာခဲ့ပါတယ်တဲ့....။

သူဘယ်သူလဲ?

ဆရာ့ ဘဝ အကြောင်း နားထောင်မိတာ အင်မတန်မှ အားရှိစေပါတယ်..။

ဖိုးလမင်း ဆိုတာ ကတော့ GUSTO ရဲ့ ပဲ့ကိုင်ရှင် ဆရာ ဝင်းထိန်ဝင်း ပဲ ဖြစ်ပါတယ်..။

Respect ပါ ဆရာ ဝင်းထိန်ဝင်း...။

Recommended for you-အခက်အခဲ နဲ့ ဖိအားဆိုတာ ကြောက်စရာမဟုတ်ပါဘူး

Credit; sayahtuntheinwin