Business Marketing

ဈေးအကြီးဆုံး ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် ကြော်ငြာ အသုံးစရိတ်များ(၂)

Read 1364 times
ဈေးအကြီးဆုံး ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် ကြော်ငြာ အသုံးစရိတ်များ(၂)

အမှတ်တံဆိပ်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ  ၇၃.၅ ဘီလီယမ်ရှိပြီး တစ်နှစ်ပတ်လုံးကြော်ငြာအသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၃၁၀မီလီယမ်  ဖြစ်ပါတယ်။ ကမ္ဘာ့အကျော်ကြားဆုံး အမှတ်တံဆိပ်တွေထဲမှာတော့ ကြော်ငြာအသုံးစရိတ်အနည်းဆုံးဖြစ်ပါတယ်။

Facebook

 

Coca-Cola

Coca-Cola အချိုရည်ကိုသောက်သုံးသူဟာဆိုလျှင် ၁.၉ဘီလီယံအထက်ရှိနေပြီး နိုင်ငံပေါင်း ၂၀၀ကျော် အထိရောက်ရှိနေပြီဖြစ်သည်။ အမှတ်တံဆိပ်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၆.၄ ဘီလီယမ်အထိရှိပြီး တစ်နှစ်ပတ်လုံးကြော်ငြာ အသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၄ဘီလီယံအထိ အသုံးပြုပါတယ်။ အချိုရည်၊ အဖျော်ကုမ္ပဏီတွေအများကြီးထဲမှ တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။

coca cola

Amazon

Amazon ကို၁၉၉၄ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်မှာ တည်ရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဈေးကွက်အဆင့်(၄)နေရာတွင် တည်ရှိပြီး အမှတ်တံဆိပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၄.၁ ဘီလီယမ်ဖြစ်ပါတယ်။ ကြော်ငြာအသုံးစရိတ်အနေနဲ့ကတော့ ဒေါ်လာ ၅ဘီလီယံအထိရှိပါတယ်။

amazon

Disney

ကျွန်တော်တို့ဟာ disneyရဲ့ဇာတ်ကောင်တွေနဲ့ မွေးဖွားလာတယ်ပြောမယ်ဆိုလည်း မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် Disney ကုမ္ပဏီရဲ့သက်တမ်းဟာ ယခုလက်ရှိအချိန်မှာ ၉၄နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုရှည်ကြာလှတဲ့ အကောင်းဆုံးအမှတ်တံဆိပ်ရဲ့တန်ဖိုးကတော့ ဒေါ်လာ၄၃.၉ဘီလီယံရှိပြီး ကြော်ငြာအသုံးစရိတ်ကတော့ ဒေါ်လာ၂.၉ ဘီလီယံအထိရှိပါတယ်။

Disney

Related Articles-ဈေးအကြီးဆုံး ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် ကြော်ငြာ အသုံးစရိတ်များ(၁)

Source; Forbes