Business Marketing

ဈေးအကြီးဆုံး ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် ကြော်ငြာ အသုံးစရိတ်များ(၁)

Read 1233 times
ဈေးအကြီးဆုံး ကမ္ဘာကျော် အမှတ်တံဆိပ်များနှင့် ကြော်ငြာ အသုံးစရိတ်များ(၁)

ဒါဆိုလက်ရှိကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဖြစ်နေတဲ့ ကုန်အမှတ်တံဆိပ်တွေနဲ့ ကြော်ငြာအသုံးစရိတ်တွေကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Apple

Apple ရဲ့အမှတ်တံဆိပ်တန်ဖိုးကတော့ $170B  ရှိပြီး ကြော်ငြာအသုံးစရိတ်အနေနဲ့ကတော့တစ်နှစ်ကို $1.8Bသုံးစွဲထားပါတယ်။ ကမ္ဘာ့ရောင်းအားရဲ့ အဆင့်(၇)နေရာမှာရှိနေပြီး နည်းပညာဈေးကွက်မှာ ရှေ့ဆုံးကပြေးနေတဲ့ ကုမ္ပဏီတစ်ခုပါ။ ဒါ့ပြင် အမြတ်အများဆုံးနေရာမှာလည်း ရပ်တည်နေပါတယ်။

Apple

Google

Google လို့ပြောလိုက်တဲ့ သူ့ရဲ့အကျော်အကြားဆုံး productတစ်ခု ဖြစ်တဲ့ google search engine ကိုပြေးမြင်မိကြမှာပါ။ အမှတ်တံဆိပ်တန်ဖိုးကတော့ $101.8B ရှိပြီး ကမ္ဘာ့နည်းပညာဈေးကွက်မှာ ဒုတိယလိုက်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ ကြော်ငြာဏ္ဍမှာတော့ 3.9B လောက်သုံးစွဲထားပါတယ်။

google

Microsoft

နေ့စဉ်ကျွန်တော်တို့အသုံးပြုနေတဲ့ ရုံးလုပ်ငန်းသုံးတွေထဲမှာ Microsoft ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေနဲ့ ကင်းကွာလို့မရပါဘူး။  အမှတ်တံဆိပ်ရဲ့တန်ဖိုးကတော့ $87B ရှိပြီး ကြော်ငြာအသုံးစရိတ်အနေနဲ့ကတော့ $1.6B အသုံးပြုပါတယ်။

Microsoft

Related Aritcles-ကမ္ဘာ့အမြတ်အများဆုံး ကုမ္ပဏီ ၅ခု

Source ; Forbes