Life Hacks

Motivation စာအုပ်တွေကနေ ဘယ်လိုအရာတွေ ယူသင့်လဲ..?

Read 243 times
Motivation စာအုပ်တွေကနေ ဘယ်လိုအရာတွေ ယူသင့်လဲ..?

 

Apple တည်ထောင်သူ Steve Jobs တို့ Facebook ဆရာသမား Zuckerberg တို့ ကျောင်းထွက်ပြီး ကြီးပွားသွားတာကြည့်ပြီး ကျောင်းလိုက်မထွက်နဲ့။ လိပ်ပက်လက်လန်သလိုတောင် မဟုတ်ဘူး တွဲလောင်းဆွဲထားသလို ဖြစ်သွားမယ်။ အဲဒီလိုလူတွေက သူတို့နိုင်ငံမှာတောင် တစ်သိန်းတစ်ယောက် မရှိဘူး။ တက်လက်စ ကျောင်းလေးပြီးအောင်တက်၊ ပြီးရင် အလုပ်လေးရှာပြီး ကြိုးကြိုးစားစား လုပ်တာ စိတ်ချရတယ်။

Zuckerberg hoodie ၀တ်တာကြည့်ပြီး ပွဲကြီးလမ်းကြီးတွေ တီရှပ်လေးနဲ့ သွားမယ်မကြံနဲ့ ဖိတ်စာပါလားဘာလား အမေးခံရမယ်၊ ၀င်လို့တောင် ရချင်မှရမယ်။ ဟိုက လူတိုင်းသိပြီးသား။ သူ hoodie ၀တ်တော့ လူတွေက အ၀တ်အစားရိုးသားလိုက်တာ အထင်ကြီးကြတယ်။ ကိုယ့်ကျ သူ့နေရာနဲ့သူ မ၀တ်တတ်တဲ့ကောင်ဆိုပြီး အပြောခံရမယ်။ တချို့က အ၀တ်အစားနဲ့ အကဲဖြတ်ကြတယ်။ ဒီက သူဌေးတွေ အချင်းချင်းဘာကားစီးလဲ ကြည့်ကြတာကြောင့် တချို့ဆို လုပ်ငန်းအဆင်ပြေအောင် ကားကောင်းကောင်းဝယ်စီးကြရတယ်။ အောင်မြင်တဲ့ပွဲစားမိတ်ဆွေတစ်ယောက်ဆီမှာ ထိုင်နေတာ သူက လူကိုစီးလာတဲ့ကား ကြည့်ပြီး ဖြတ်နေတယ်။ လူကို ကားကြည့်ဖြတ်တာ မှန်သလား၊ မှားသလား ကျွန်တော်မသိဘူး။ အဲဒီလိုဖြတ်တဲ့သူတွေ ရှိတယ်ဆိုတာ ပြောတာ။

Harry Potter စာရေးဆရာမ J.K. Rowling ဒေါ်လာသန်းရာချီ( ထောင်တောင်ချီတယ်ထင်တယ်) ရတာကြည့်ပြီး ၀တ္ထုရေးစားမယ်မကြံနဲ့။ ဈေးကွက်ကောင်းတဲ့ အမေရိကန်မှာတောင် ၀တ္ထုရေးသူတော်တော်များများ ၀င်ငွေမဖြောင့်ဘူး။ ထိပ်ပိုင်းလောက်ရောက်မှ။ သိပ်ဝါသနာပါရင် ပုံမှန်ဝင်ငွေရတဲ့အလုပ်လေးရှာ၊ အလုပ်ချိန်ပြင်ပမှာ စာကြိုးစားရေး။ စာရေးတဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်တာသေချာမှ အချိန်ပြည့်ရေး။ Murakami တောင် အဲဒီလိုလုပ်တာ။ Stephen King လည်း ဒီလိုပဲ။

နာမည်ကြီးတွေကို လေ့လာပါ။ ကိုယ့်အခြေအနေကိုယ်ကြည့်ပြီး လုပ်ပါ။

Source: Mr.marketing