Global

Mozilla စီအီးအိုမှ အခပေး Firefox Browser အမျိုးအစားသစ် ဖြန့်ချီဖို့ကြိုးစားနေ

Read 1866 times
Mozilla စီအီးအိုမှ အခပေး Firefox Browser အမျိုးအစားသစ် ဖြန့်ချီဖို့ကြိုးစားနေ

ဒါပေမယ့် Mozilla က အခကြေးငွေကောက်ခံတဲ့ Browser အမျိုးအစားသစ်ကို မိတ်ဆက်ဖြန့်ချီဖို့ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီအခပေးအမျိုးအစားကို စက်တင်ဘာလနဲ့ နိုဝင်ဘာလကြားမှာ ဖြန့်ချီဖို့ကြိုးစားနေကြောင်း Mozilla ရဲ့ စီအီးအို Chris Berad ကပြောပါတယ်။

Browser အခပေးအမျိုးအစားမှာ သုံးစွဲသူတွေအတွက် ထိုက်တန်တဲ့ဝန်ဆောင်မှုတွေ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတွေကတော့ အခမဲ့ VPN နဲ့ Cloud Storage တွေလို့ဆိုပါတယ်။ ဒီအခပေးအမျိုးအစားဟာ တစ်လကို ၁၀ ဒေါ်လာနှုန်းနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး VPN Bandwidth အနည်းငယ်ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခပေးအမျိုးအစားပေါ်ပေါက်လာပေမယ့်လည်း လက်ရှိအသုံးပြုခွင့်ပေးထားတဲ့ အခမဲ့အမျိုးအစားကလည်း အရင်ကအတိုင်းဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အခပေးအမျိုးအစားကတော့ ပိုကောင်းတဲ့လုံခြုံရေးနဲ့ လုပ်ဆောင်ချက်သစ်တွေ ရယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ Chris Berad ကပြောပါတယ်။

Read More>>>"Logo တို့၏အကြောင်း" (သို့မဟုတ်) "Logo 7 မျိုး"

Mozilla စီအီးအိုဟာ အခပေးဗားရှင်းနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမယ့် အဓိကဦးတည်ထားတာကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်လုံခြုံမှုကို အပြည့်အဝကာကွယ်ပေးထားတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေရဲ့ လုပ်ဆောင်မှုတွေကို ဝက်ဘ်ဆိုဒ်တွေက လိုက်လံခြေရာခံခြင်းတွေ၊ ထိုးဖောက်ခံရခြင်းတွေကနေ ကာကွယ်မှုရရှိမှာဖြစ်ပါတယ်။

Credit; My Tech
Myanmar Advertising Directory