အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းတက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အစီအစဉ်အရ အသင်းဥက္ကဋ္ဌ ဦးမိုးကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ စစ်တမ်းတာဝန်ခံ ဒေါ်ခင်ဆက်ရည်မှ နိုင်ငံတော်အဆင့် ပြုလုပ်ရေးသုတေသနများနှင့် ပတ်သက်၍ တင်ပြခြင်း၊ အတွင်းရေးမှူး ဦးအောင်မင်းမှ အသင်းဖွဲ့စည်းမှုနှင့် ရှေ့ လုပ်ငန်းစဉ်များ တင်ပြခြင်း၊ Mr. John Smurthwaite, ESOMAR Asia and Pacific Ambassador မှ အာရှပစိဖိတ် ဒေသနှင့် နိုင်ငံတကာ သုတေသန အတွေ့အကြုံအားတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ဦးဆောင်ဆွေးနွေးပွဲ အဖြစ် “ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေက ဈေးကွက်သုတေသန ကိုအသုံးပြုရသလဲ၊ ဈေးကွက်သုတေသနက စီးပွားရေးလုပ်ငန်းတွေအပေါ် ဘယ်လိုအကျိုးပြုသလဲ။" ကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။ ဈေးကွက်သုတေသနအသင်း (ရန်ကုန်) ကတော့ ဒီနေ့မှာ တရားဝင် စတင်လိုက်ပါပြီ။ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုမယ့် သုတေသနတွေမှာ အထောက်အကူပြုနိုင်အောင် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ အသေးစိတ်ကို