Events & Exhibitions

ပြည်တွင်း SME လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ Logo Design ပြိုင်ပွဲ

Read 2014 times
ပြည်တွင်း SME လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ Logo Design ပြိုင်ပွဲ

ပြိုင်ပွဲကို စိတ်ပါဝင်စားတဲ့သူ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပဆောင်ရွက်နေတဲ့ ဒေသတွင်း ထုတ်ကုန်ပြိုင်ပွဲတွေကနေ ဆုရလုပ်ငန်းရှင်တွေရဲ့ MSME ထုတ်ကုန်မှာ တရားဝင် အသုံးပြုမယ့် အသိအမှတ်ပြု အမှတ်တံဆိပ် ( Logo) ကို ရွေးချယ်မှာ ဖြစ်ပါတယ်။

MSME Logo ပြိုင်ပွဲဝင်လိုတဲ့ သူတွေအနေနဲ့ လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာပါ။ လျှောက်တဲ့အခါမှာ ပြိုင်ပွဲဝင်ရဲ့ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ လိပ်စာတွေနဲ့အတူ မိမိပြိုင်မယ့် Logo Design ( soft copy / hard copy ) တို့ကို ပူးတွဲပေးပို့ရမှာ ဖြစ်ပါတယ်။

ဆုကြေးငွေကတော့ မူလက ကျပ် ( ၁၅ ) သိန်း သတ်မှတ်ထားပေမဲ့ အဲဒီထက် ပိုများတဲ့ ပမာဏ ပေးသွားမယ်လို့  MSMEs Logo ပြိုင်ပွဲကျင်းပရေးဘုတ်အဖွဲ့ကနေ ကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

 ပွဲဖိတ်စာတွေမှာ တွေ့ရတတ်တဲ့ R.S.V.P ဆိုတာ ဘာကိုပြောတာလဲ

ပြိုင်ပွဲကျင်းပမယ့် နေရာကတော့ SME Center၊ အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး နေ့ရက်၊ အချိန်နဲ့ ပြိုင်ပွဲဝင်ခွင့်ရသူများ စာရင်းကိုတော့ ထပ်မံ ကြေညာသွားမှာ ဖြစ်ပါတယ်။

လျှောက်လွှာပုံစံနဲ့ စည်းကမ်းချက်တွေကို အောက်ကလင့်ခ်တွေမှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။  

www.myanmarsme.gov.mm

www.industry.gov.mm

www.disi.gov.mm

ပြိုင်ပွဲဝင်ခွင့်ရတဲ့သူ စာရင်းနဲ့ ပြိုင်ပွဲ ကျင်းပပြုလုပ်မယ့်ရက်ကို အောက်ကလင့်ခ်တွေမှာ ၀င်ကြည့်လို့ ရပါတယ်။

www.myanmarsme.gov.mm,

www.industry.gov.mm

www.disi.gov.mm

MSMEs Logo ပြိုင်ပွဲကျင်းပရေးဘုတ်အဖွဲ့

အမှတ်(၄၁)၊ ဇေယျဌာနီလမ်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်

ဖုန်းနံပါတ် - ၀၆၇ - ၃၄၀၈၁၂၈ ၊ ၀၆၇ - ၃၄၀၈၀၆၅

ဖက်စ် - ၀၆၇ - ၃၄၀၈၁၂၈

အီးမေးလ် - [email protected], [email protected]

 

Su Mon Oo

Source: Ministry of Industry