Digital Marketing

ဆန်းသစ်စုံလင် Myanmar Advertising Directory Mobile App

Read 1260 times
ဆန်းသစ်စုံလင် Myanmar Advertising Directory Mobile App

ဒီအက်ပ်ကို စမ်းသုံးကြည့်တော့ အသုံးပြုရတာလွယ်ကူအဆင်ပြေအောင်ပြုလုပ်ပေးထားပြီး ကြော်ငြာလုပ်ငန်းလောကမှ လုပ်ငန်းဒေတာတွေကိုလည်းပိုပြီးပြည့်ပြည့်စုံစုံဖြစ်အောင် ထည့်သွင်းပေးထားတာတွေ့ရတယ်။

သွက်သွက်လက်လက်လေး အလုပ်လုပ်ပေးသွားတာကိုလည်း တွေ့ရတယ်။

ဗမာစာ ဇော်ဂျီကို သုံးထားပေမဲ့ ယူနီကုတ်ဆိုရင်လည်း ရှာလို့ ရတဲ့ UI ဖြစ်တာတွေ့ရတာမို့ စာတွေ ဖတ်မရဘူးဆိုတဲ့ ဝေဒနာတွေ ကင်းတယ်။

 

စာတစ်လုံးမှ ရိုက်ရှာစရာမလိုဘဲ Industry news ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Advertising နှင့်ပတ်သက်သော နေ့စဉ်သတင်းများ၊ marketing method များနှင့် Strategyများကို update အကြောင်းအရာများအပြင်၊ အရင်က ရေးသားခဲ့သော အကြောင်းအရာများပါ ဘေလ်ကုန်သက်သာစွာဖြင့် ပေါ့ပါးသွက်လက်တဲ့ UI စနစ်ကို အပြည့်အဝ ခံစားရမှာပါ။ အဲဒီအရသာကို ဗီဒီယိုမှာ ကြည့်ရှုခံစားကြည့်နိုင်ပါတယ်။

 

App ကို အခုမှ စသုံးမယ့် သူတွေအတွက်လည်း အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပုံစံနဲ့ မိမိရှာချင်တဲ့  ကြော်ငြာလုပ်ငန်းလိပ်စာ ပေါင်းစုံတို့ကို Choose Category Choose Location ဆိုတဲ့ နေရာတွေမှာ လွယ်ကူလျှင်မြန်စွာ ရှာဖွေနိင်ပါတယ်။

 

App ရဲ့ ဘယ်ဘက်ထိပ်ထောင့်နားက အတန်းသုံးတန်းထဲကို ဝင်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်သိလိုတဲ့ အရာမှန်သမျှကိုရှာဖွေနိုင်တဲ့ Search menu ၊ ကြော်ငြာလုပ်ငန်းလိပ်စာများကို လွယ်ကူစွာ ရှာဖွေနိုင်တဲ့ Categories ၊ နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ Industry newsများ၊ မိမိကြိုက်နှစ်သက်တဲ့လုပ်ငန်းများကို တစ်စုတစ်စည်းတည်း ပြန်လည်ကြည့်ရူစေနိင်ဖို့ Favorite List Myanmar Advertising Directory အပြင် အခြား Guides ၁၄ ခုကို တစ်နေရာတည်းမှာ တွေ့နိုင်မယ့် Our Guides ၊ နေ့စဉ်ပြောင်းလဲနေတဲ့ Exchange Rate  များကိုလည်း ဗဟိုဘဏ်၏ နှုန်းထားအတိုင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတာမို့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အစိမ်းဈေးကို မျက်ခြည်မပြတ် သိနေနိုင်မှာပါ။

Download link