Digital Marketing

မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအနာဂတ်ကို လေ့လာသုံးသပ်ပေးမယ့် Myanmar Connect 2019ထိပ်သီးအစည်းအဝေးကျင်းပ

Read 1978 times
မြန်မာနိုင်ငံရဲ့  ဒစ်ဂျစ်တယ်စီးပွားရေးအနာဂတ်ကို  လေ့လာသုံးသပ်ပေးမယ့်  Myanmar Connect 2019ထိပ်သီးအစည်းအဝေးကျင်းပ

အခမ်းအနားစီစဉ်တဲ့ Capacity Mediaရဲ့ Head of Marketing, Mr.Lubtcho Dimitrovက “ဒီအခမ်းအနားဟာ မြန်မာဈေးကွက်ကို ထပ်မံတိုးချဲ့ ဝင်ရောက်ချင်တဲ့သူ ဒါမှမဟုတ် မြန်မာ့ဆက် သွယ်ရေးဝန်ဆောင်မှု ဈေးကွက်ထဲကို ဝင်ရောက်မြှုပ်နှံချင်တဲ့သူ တွေအတွက် စီးပွားရေးအချိတ်အဆက်တွေပေးမယ့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့အမြဲပြောင်းလဲနေတဲ့ ဒီဈေးကွက်အကြောင်းကို အတွေ့အကြုံ ရှိပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဘယ်အကြောင်းအရာက ဈေးကွက်ကို လွှမ်းမိုးထားသလဲဆိုတာကို နားလည်နိုင်ရန်အတွက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

 

Market Research (ဈေးကွက်ရှာဖွေသုတေသနလုပ်ငန်းများ(၂၁)ခုကို ရှာဖွေရန်နှိပ်ပါ)

MyanmarConnect အစည်းအဝေးက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှ သက်ဆိုင်တဲ့ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ အစိုးရအဖွဲ့အစည်း၊ မူဝါဒချမှတ်သူများ၊ အော်ပရေတာများ၊တာဝါကုမ္ဗဏီများနှင့် ရောင်းချသူတွေကို အချင်ချင်းချိတ်ဆက်မှု အခွင့်အလမ်းတွေပေးမယ့် အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ပါ တယ်၊ ပြီးတော့သူတို့အတွက်
အလားအလာရှိတဲ့ စီးပွားဖက်တွေကိုလဲ ဒီအစည်းအဝေးမှာရော၊ဆွေးနွေးပွဲမှာရော ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။


မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဖိုင်ဘာဖြန့် ကြက်မှု အခြေခံအဆောက်အအုံ များ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်း၊ ဒေတာစင်တာများတိုးချဲ့တည် ဆောက်ခြင်း၊ အင်တာနက်တိုး တက်ကောင်းမွန်စွာရရှိရေးနဲ့ နိုင်ငံတကာ ဆက်သွယ်မှု ရင်းနှီးမြှုပ်နှံ ခြင်း အစရှိသော ခေါင်းစဉ်များ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုပြင်းထန်နေဆဲဖြစ်တဲ့ နာမည်ကျော် Brand များ

 

ှSource : KUMUDRA Journal