မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းချီနှင့် ပန်းယွန်း အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော်လဆန်း (၄)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဒီဇင်ဘာ (၁၈)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
MDN
Myanmar Advertising Guide