သူမရဲ႕ နာမည္အျပည့္အစုံက Najat Vallaud-Belkacem ျဖစ္ပါတယ္။ သူမကုိ ၁၉၇၇ ေအာက္တုိဘာ ၄ရက္ေန႔မွာ ေမာ္ရုိကုိက Bni Chiker ဆုိတဲ့ ရြာသာသာၿမဳိ႕ငယ္ေလးတစ္ခုမွာ ေမြးဖြားခဲ့ပါတယ္။ သားသမီး ၇ေယာက္ရွိတဲ့ အထဲက ဒုတိယေျမာက္သမီးျဖစ္ပါတယ္။ ဖခင္က ေဆာက္လုပ္ေရးလုပ္သားတစ္ဦးျဖစ္ၿပီး မိသားစုမ်ားလြန္းတဲ့ သူမတုိ႔မိသားစုဟာ အလြန္ဆင္းရဲခဲ့ပါတယ္။ ဒါေၾကာင့္ သူမဟာ ငယ္စဥ္ကတည္းက သုိးေတြ ၊ ဆိတ္ေတြကိုေက်ာင္းတဲ့ အလုပ္နဲ႔ အဲဒီသုိးေတြ ဆိတ္ေတြကုိ ေရတုိက္တဲ့အလုပ္ကုိ လုပ္ခဲ့ရပါတယ္။ ဒါေပမယ့္ သူမဟာ ပညာေရးကို အလြန္၀ါသနာပါၿပီး အခ်ိန္ရွိသ၍ ႀကဳိးစားေနတတ္သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အတန္းရဲ႕ ထိပ္ဆုံးေနရာေတြကုိ အၿမဲရေလ့ရွိသူျဖစ္ပါတယ္။ သူမရဲ႕ရည္မွန္းခ်က္ကေတာ့ ထိပ္တန္းႏုိင္ငံေခါင္းေဆာင္တစ္ေယာက္ျဖစ္လာဖုိ႔ပါတဲ့။
Read-ကိုယ့္မွာတိုးတက္သြားတာဆိုလို႔ အသက္ပဲရွိတာလား?
အဲဒီေနာက္ေတာ့ တစ္မိသားစုလုံး ေမာ္ရုိကုိကေန ျပင္သစ္ကုိ ေျပာင္းေရႊ႕ခဲ့ပါတယ္။ အခြင့္အလမ္းမ်ားစြာရွိတဲ့ ေနရာျဖစ္သလုိ ဒုကၡေပါင္းစုံကုိလည္း ႀကဳံေတြ႔ခဲ့ရပါတယ္။ အဆုိးဆုံးကေတာ့ သူမဟာ ျပင္သစ္စကား မေျပာတတ္တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ သူမဟာ အခက္အခဲေတြကို ထိပ္တုိက္ရင္ဆုိင္ခဲ့ၿပီး မဆုတ္မနစ္ ႀကဳိးစားခဲ့တာေၾကာင့္ တျဖည္းျဖည္း အဆင္ေျပလာခဲ့တယ္။ ပါရီက ႏုိင္ငံေရးသိပၸံသင္တန္းေက်ာင္း တက္ခဲ့ၿပီး ေယာက်ၤားေလးသူငယ္ခ်င္းေတြထားတာ ၊ ႏုိက္ကလပ္ သြားတာေတြကို လုံး၀မလုပ္ခဲ့ပါဘူး။ ဖခင္ျဖစ္သူက တင္းက်ပ္ထားတဲ့အျပင္ သူမကုိယ္တုိင္လည္း ပညာေရးသည္သာ သူမအတြက္တစ္ခုတည္းေသာ အခြင့္အလမ္းလုိ႔ သိထားလုိ႔ျဖစ္ပါတယ္။ သူမဘ၀တစ္ခုလုံးကို ပညာသင္ၾကားေရးမွာပဲျမဳပ္ႏွံထားခဲ့တာေၾကာင့္ အလြန္ထူးခြ်န္ခဲ့ၿပီး ျပင္သစ္ႏုိင္ငံရဲ႕နာမည္ႀကီး Sciences Po (Paris Institute of Political Studies) ဆုိတဲ့ တကၠသုိလ္ တက္ဖုိ႔အခြင့္အေရးရခဲ့ပါတယ္။ ဒီေက်ာင္းမွာ သူမဟာ ႏုိင္ငံေရးအျပင္ စီမံခန္႔ခြဲေရးနဲ႔ တီထြင္ ဆန္းသစ္မႈေတြကို သင္ယူခဲ့ပါတယ္။ ဒီေက်ာင္းတက္ခဲ့တာဟာ သူမသြားခ်င္တဲ့ ႏုိင္ငံေရးလမ္းေၾကာင္း အတြက္ ႀကီးစြာေသာ အေထာက္အပံ့ျဖစ္ခဲ့တယ္ လုိ႔ သူမက ဆုိပါတယ္။ ဒီေက်ာင္းတက္ေနရင္းနဲ႔ပဲ သူမမိဘေတြကို၀န္ေလ်ာ့ေစဖုိ႔အတြက္ အခ်ိန္ပုိင္းအလုပ္ ႏွစ္ခုကို တြဲလုပ္ခဲ့ပါေသးတယ္။ သူမရဲ႕ အခ်ိန္ အားလုံးဟာ ေက်ာင္း နဲ႔ အလုပ္ မွာပဲ ကုန္ဆုံးခဲ့ရပါတယ္။
သူမ အသက္ ၂၅ႏွစ္မွာေတာ့ Sciences Po တကၠသုိလ္ ကေန သူမဟာ ႏုိင္ငံေရးဆုိင္ရာဘြဲ႔ကို ရရွိခဲ့ပါတယ္။ ဘြဲ႔ရၿပီးၿပီးခ်င္းမွာပဲ လုိင္ယြန္ၿမဳိ႕မွာရွိတဲ့ ျပင္သစ္ဆုိရွယ္လစ္ပါတီကုိ ၀င္ေရာက္ခဲ့ၿပီး သူမရဲ႕ ႏုိင္ငံေရး လုပ္ငန္းမ်ားကို စတင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ပါတီ၀င္ အႀကံေပးတစ္ေယာက္ျဖစ္လာခဲ့တယ္။ ၂၀၀၅ခုႏွစ္မွာ Boris Vallaud ဆုိသူနဲ႔လက္ထပ္ခဲ့ၿပီး ကေလးအမႊာရခဲ့ပါတယ္။ မိသားစု နဲ႔ အလုပ္ၾကားမွာ လုံး၀အားလပ္တဲ့အခ်ိန္ဆုိတာ မရွိခဲ့သေလာက္ပါပဲ။ ပါတီအတြက္ ၇ ႏွစ္ဆက္တုိက္ ႏုိင္ငံေရးအလုပ္ေတြ လုပ္ခဲ့ၿပီးတဲ့ေနာက္ ၂၀၁၂မွာ ပါတီရဲ႕အႀကီးအကဲျဖစ္လာခဲ့ၿပီး ေရြးေကာက္ပြဲ၀င္ခဲ့ရာမွာ အမ်ဳိးသမီးေရးရာ ၀န္ႀကီးအျဖစ္ ေရြးေကာက္ခံခဲ့ရပါတယ္။ အဲဒီေနာက္ေတာ့ ၂၀၁၄ ခုႏွစ္မွာ လူငယ္ေရးရာ နဲ႔ အားကစား၀န္ႀကီး ၊ ၿမဳိ႕ေတာ္ေရးေရာ ၀န္ႀကီး ျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ပညာေရး၀န္ႀကီးျဖစ္လာခဲ့ပါတယ္။ ၂၀၁၇ ေမလ အထိ ျပင္သစ္ရဲ႕ ပညာေရး၀န္ႀကီးတာ၀န္ကို ေအာင္ျမင္စြာ ထမ္းေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူမတတ္ကြ်မ္းရာ နယ္ပယ္ေတြမွာ ကူညီအားျဖည့္ရင္း သင္တန္း ၊ ေဟာေျပာပြဲ ၊ Debate မ်ားကို လုပ္ေဆာင္လွ်က္ရွိပါတယ္။
လူအနည္းစုသာ ေအာင္ျမင္ရတဲ့အေၾကာင္းကို သူမက ဒီလုိေျပာခဲ့ပါတယ္။
“လူအမ်ားစု မေအာင္ျမင္ရတာကေတာ့ သူတုိ႔မွာ ဘယ္အခ်ိန္မွာ ငါဘာျဖစ္ရမယ္ဆုိတဲ့ တိတိက်က်ရည္မွန္းခ်က္မရွိတာ အျပင္ အဲဒီရည္မွန္းခ်က္ျဖစ္လာဖုိ႔ ဘာအခက္အခဲကိုမဆုိ ရင္ဆုိင္ေက်ာ္ျဖတ္ပစ္မယ္ ဆုိတဲ့စိတ္ဓာတ္မရွိၾကလုိ႔ပါပဲ။ ရည္မွန္းခ်က္တိတိက်က်ရွိၿပီး အခက္အခဲတုိင္းကို မေလွ်ာ့တဲ့ဇြဲနဲ႔ ရင္ဆုိင္ႏုိင္တဲ့သူတုိင္း တစ္ေန႔မုခ် ေအာင္ျမင္ရမယ္ လုိ႔ ကြ်န္မေျပာရဲပါတယ္”
Credit; Thutazone
ကုမၸဏီမ်ား မွအလုပ္ေခၚစာမ်ားကုိ က်ြန္ေတာ္တုိ႔ Myanmar Advertising Directory Page တြင္၀င္ေရာက္ၾကည့္ရွူ႔ကာ ေလ်ွာက္ထားႏိုင္ပါတယ္ခင္ဗ်ာ။
Link -Jobs Board
စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။
Link-Myanmar Advertising Directory
Unicode Version
လူတိုင်းလိုလိုဟာ အိပ်မက်အကြီးကြီးတွေ ဆန္ဒအကြီးကြီးတွေထားရှိတတ်ပါတယ်။ ဒါပေမယ့် လူအနည်းငယ်ကသာ သူတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဆုပ်ကိုင်နိုင်ပြီး ကျန်တဲ့သူပေါင်းများစွာကတော့ အိပ်မက်မက်ရင်းနဲ့ပဲ ဘဝကို ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလို သူတို့ရည်မှန်းချက်ကို မဖြစ်မနေ အကောင်အထည်ဖော်တဲ့လူအနည်းငယ်ထဲမှာ မော်ရိုကိုက သိုးကျောင်းသမလေး Najat Belkacem လည်းပါ၀င်ပါတယ်။
သူမရဲ့ နာမည်အပြည့်အစုံက Najat Vallaud-Belkacem ဖြစ်ပါတယ်။ သူမကို ၁၉၇၇ အောက်တိုဘာ ၄ရက်နေ့မှာ မော်ရိုကိုက Bni Chiker ဆိုတဲ့ ရွာသာသာမြို့ငယ်လေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သားသမီး ရယောက်ရှိတဲ့ အထဲက ဒုတိယမြောက်သမီးဖြစ်ပါတယ်။ ဖခင်က ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး မိသားစုများလွန်းတဲ့ သူမတို့မိသားစုဟာ အလွန်ဆင်းရဲခဲ့ပါတယ်။ ဒါကြောင့် သူမဟာ ငယ်စဉ်ကတည်းက သိုးတွေ ၊ ဆိတ်တွေကိုကျောင်းတဲ့ အလုပ်နဲ့ အဲဒီသိုးတွေ ဆိတ်တွေကို ရေတိုက်တဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် သူမဟာ ပညာရေးကို အလွန်ဝါသနာပါပြီး အချိန်ရှိသ၍ ကြိုးစားနေတတ်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း အတန်းရဲ့ ထိပ်ဆုံးနေရာတွေကို အမြဲရလေ့ရှိသူဖြစ်ပါတယ်။ သူမရဲ့ရည်မှန်းချက်ကတော့ ထိပ်တန်းနိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ပါတဲ့။
အဲဒီနောက်တော့ တစ်မိသားစုလုံး မော်ရိုကိုကနေ ပြင်သစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခွင့်အလမ်းများစွာရှိတဲ့ နေရာဖြစ်သလို ဒုက္ခပေါင်းစုံကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ သူမဟာ ပြင်သစ်စကား မပြောတတ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး မဆုတ်မနစ် ကြိုးစားခဲ့တာကြောင့် တဖြည်းဖြည်း အဆင်ပြေလာခဲ့တယ်။ ပါရီက နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း တက်ခဲ့ပြီး ယောကျင်္ားလေးသူငယ်ချင်းတွေထားတာ ၊ နိုက်ကလပ် သွားတာတွေကို လုံးဝမလုပ်ခဲ့ပါဘူး။ ဖခင်ဖြစ်သူက တင်းကျပ်ထားတဲ့အပြင် သူမကိုယ်တိုင်လည်း ပညာရေးသည်သာ သူမအတွက်တစ်ခုတည်းသော အခွင့်အလမ်းလို့ သိထားလို့ဖြစ်ပါတယ်။ သူမဘဝတစ်ခုလုံးကို ပညာသင်ကြားရေးမှာပဲမြုပ်နှံထားခဲ့တာကြောင့် အလွန်ထူးချွန်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့နာမည်ကြီး Sciences Po (Paris Institute of Political Studies) ဆိုတဲ့ တက္ကသိုလ် တက်ဖို့အခွင့်အရေးရခဲ့ပါတယ်။ ဒီကျောင်းမှာ သူမဟာ နိုင်ငံရေးအပြင် စီမံခန့်ခွဲရေးနဲ့ တီထွင် ဆန်းသစ်မှုတွေကို သင်ယူခဲ့ပါတယ်။ ဒီကျောင်းတက်ခဲ့တာဟာ သူမသွားချင်တဲ့ နိုင်ငံရေးလမ်းကြောင်း အတွက် ကြီးစွာသော အထောက်အပံ့ဖြစ်ခဲ့တယ် လို့ သူမက ဆိုပါတယ်။ ဒီကျောင်းတက်နေရင်းနဲ့ပဲ သူမမိဘတွေကိုဝန်လျော့စေဖို့အတွက် အချိန်ပိုင်းအလုပ် နှစ်ခုကို တွဲလုပ်ခဲ့ပါသေးတယ်။ သူမရဲ့ အချိန် အားလုံးဟာ ကျောင်း နဲ့ အလုပ် မှာပဲ ကုန်ဆုံးခဲ့ရပါတယ်။
သူမ အသက် ၂၅နှစ်မှာတော့ Sciences Po တက္ကသိုလ် ကနေ သူမဟာ နိုင်ငံရေးဆိုင်ရာဘွဲ့ကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးပြီးချင်းမှာပဲ လိုင်ယွန်မြို့မှာရှိတဲ့ ပြင်သစ်ဆိုရှယ်လစ်ပါတီကို ၀င်ရောက်ခဲ့ပြီး သူမရဲ့ နိုင်ငံရေး လုပ်ငန်းများကို စတင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ပါတီဝင် အကြံပေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ၂၀၀၅ခုနှစ်မှာ Boris Vallaud ဆိုသူနဲ့လက်ထပ်ခဲ့ပြီး ကလေးအမွှာရခဲ့ပါတယ်။ မိသားစု နဲ့ အလုပ်ကြားမှာ လုံးဝအားလပ်တဲ့အချိန်ဆိုတာ မရှိခဲ့သလောက်ပါပဲ။ ပါတီအတွက် ရ နှစ်ဆက်တိုက် နိုင်ငံရေးအလုပ်တွေ လုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၂မှာ ပါတီရဲ့အကြီးအကဲဖြစ်လာခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့ရာမှာ အမျိုးသမီးရေးရာ ၀န်ကြီးအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ ၂၀၁၄ ခုနှစ်မှာ လူငယ်ရေးရာ နဲ့ အားကစားဝန်ကြီး ၊ မြို့တော်ရေးရော ၀န်ကြီး ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ပညာရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ မေလ အထိ ပြင်သစ်ရဲ့ ပညာရေးဝန်ကြီးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူမတတ်ကျွမ်းရာ နယ်ပယ်တွေမှာ ကူညီအားဖြည့်ရင်း သင်တန်း ၊ ဟောပြောပွဲ ၊ Debate များကို လုပ်ဆောင်လျှက်ရှိပါတယ်။
လူအနည်းစုသာ အောင်မြင်ရတဲ့အကြောင်းကို သူမက ဒီလိုပြောခဲ့ပါတယ်။
“လူအများစု မအောင်မြင်ရတာကတော့ သူတို့မှာ ဘယ်အချိန်မှာ ငါဘာဖြစ်ရမယ်ဆိုတဲ့ တိတိကျကျရည်မှန်းချက်မရှိတာ အပြင် အဲဒီရည်မှန်းချက်ဖြစ်လာဖို့ ဘာအခက်အခဲကိုမဆို ရင်ဆိုင်ကျော်ဖြတ်ပစ်မယ် ဆိုတဲ့စိတ်ဓာတ်မရှိကြလို့ပါပဲ။ ရည်မှန်းချက်တိတိကျကျရှိပြီး အခက်အခဲတိုင်းကို မလျှော့တဲ့ဇွဲနဲ့ ရင်ဆိုင်နိုင်တဲ့သူတိုင်း တစ်နေ့မုချ အောင်မြင်ရမယ် လို့ ကျွန်မပြောရဲပါတယ်”