ပါကားအသက် ၇ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက Atari 800 ကို ဘယ်လိုပရိုဂရမ်ရေးဆွဲရမလဲဆိုတာ သင်ပေးခဲ့ပါတယ်။
ဆယ်ကျော်သက် အရွယ်တုန်းက ပါကားရဲ့ ဝါသနာတွေက hacking နဲ့ programming တို့ဖြစ်ပါတယ်။
တစ်ရက်မှာတော့ ပါကားဟာ Fortune 500 ကုမ္ပဏီကွန်ရက်ထဲကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး
ဖခင်ဖြစ်သူက ကွန်ပျူတာကို Plug ဖြုတ်ပြီး ကွန်ပျူတာ Keyboard ကို သိမ်းယူခဲ့တာကြောင့် log out လုပ်လို့မရနိုင်တော့ပါဘူး။
ဒါကြောင့် သူ့ရဲ့ IP လိပ်စာကို အာဏာပိုင်တွေက သိရှိသွားပြီး FBI အေးဂျင့်တွေက အသက် ၁၆ နှစ်အရွယ် ပါကားကို ခြေရာခံနိုင်ခဲ့ပါတယ်။
အဲဒီအချိန်က ပါကားဟာ အသက် ၁၈ နှစ်အောက်ပဲ ရှိသေးတာကြောင့် လူမှုလုပ်ငန်းတွေ ပြုလုပ်ဖို့ အမိန့်ချမှတ်ခံရပါတယ်။
ရှောင်ပါကားဟာ အမေရိကန်စွန့်ဦးတည်ထွင်လုပ်ငန်းရှင်နဲ့ ပရဟိတသမားတစ်ဦးဖြစ်ပြီး ဖိုင်တွေဝေမျှတဲ့ ကွန်ပျူတာ ဝန်ဆောင်မှု Napster ကိုတွဲဖက်တည်ထောင်သူ ဖြစ်ပါတယ်။
ဒါ့အပြင် Facebookရဲ့ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ပါကားဟာ Plaxo,Causes,Airtime.com နဲ့ မြို့တော်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေအတွက် အွန်လိုင်း Platform ဖြစ်တဲ့ Bridge ကို တွဲဖက်တည်ထောင်ခဲ့ပါသေးတယ်။
ရှောင်ပါကားအနေနဲ့ သက်ရှိ သိပ္ပံဥယျာဉ်၊ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးနဲ့ မြို့တော်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို အာရုံစိုက်တဲ့ ပါကားဖောင်ဒေးရှင်း တည်ထောင်သူနဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
၂ဝ၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းမှာ ရှောင်ပါကားဟာ ပိုင်ဆိုင်မှု ၂.၄ ဘီလီယံ အဆင့် ၇၂၂ မှာ ရပ်တည်နေပါတယ်။
Recommended for you-ကိုယ်ဖြစ်ချင်တဲ့ ခေါင်းဆောင်ပုံစံ ကိုယ်တိုင်ရွေးချယ်ပါ!
Source; internet journal