Tips

Negative Feedback တွေကို အကောင်းဆုံး ဖြေရှင်းနိင်တဲ့ အချက်များ

Read 1652 times
Negative Feedback တွေကို အကောင်းဆုံး ဖြေရှင်းနိင်တဲ့ အချက်များ

Reach, Engagement ကတော့ များများရရင် ကောင်းပေမဲ့ Feedback မှာဆိုရင်တော့ Positive Comment နဲ့ Negative Comment ဆိုပြီးရှိပါတယ်။ Positive Comment ကပြဿနာ မရှိပေမဲ့၊ Negative Comment တွေများလာရင်တော့ သင့်လုပ်ငန်းအပေါ် ထိခိုက်မှုတွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ အခု ဖော်ပြပေးချင်တာကတော့ Negative Comment တွေကို ဘယ်လိုအမြန် ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကိုပါ။

 


၁။ အကြောင်းအရာကို သိအောင်လုပ်ပါ

အရင်ဆုံး Negative Comment တွေ Message တွေကို သေချာဂရုတစိုက်ဖတ်ရှုပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပါ။ ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ ဆိုတာကို တွေးတောပါ။

 


၂။ Coment တွေကို မဖျက်ပစ်ပါနဲ့

မိမိလုပ်ငန်းအပေါ် အထင်မြင်လွဲမှားပြီးပေးတဲ့ Negative comment တွေကို ဖျက်ပစ်ခြင်းမျိုးကိုမလုပ်ပါနဲ့။ Customer နဲ့ အထင်မြင်လွဲမှားမှုမျိုးတွေ ရှိလာခဲ့လျှင် သေချာစွာဖြေရှင်းထားတဲ့ Comment Reply မျိုးကို အခြား Customer တွေမြင်တဲ့အခါ ကိုယ့်လုပ်ငန်းအပေါ် အထင်မြင်လွဲမှားတာမျိုးေ တွထပ်မရှိလာနိုင်အောင် ပြုလုပ်လိုက်သလိုပါပဲ။

 


၃။အလျင်အမြန် ဖြေရှင်းပါ

Social Media အသုံးပြုသူအများစုဟာ Comment Reply or Message Reply တွေကိုအကြာကြီး စောင့်ဆိုင်းရတာမျိုးကို မနှစ်သက်ကျပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့လုပ်ငန်းအပေါ် အထင်မြင် လွဲနေတဲ့အခါမျိုးမှာ အလျင်အမြန် ဖြေရှင်းတာဟာ အကောင်းဆုံးပါပဲ။ ဒါကြောင့် Customer စိတ်တိုင်းကျစေမဲ့ Reply မျိုးဖြစ်အောင် ကြိုးစားပြီး ဖြေရှင်းသင့်ပါတယ်။

 


၎။ ဒေါသတကြီးပြန်လည် တုန့်ပြန် မဖြေရှင်းပါနဲ့

Customer service ကို အမြဲကောင်းမွန်အောင် ထိန်းသိမ်းခြင်းဟာ သင့်ရဲ့ Follower တွေ အားလုံးအပေါ် သက်ရောက်နေတဲ့အတွက် သင့်ရဲ့ Comment or Message Reply တစ်စောင်ခြင်းစီတိုင်းဟာ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ဒေါသတကြီး ပြန်မဖြေရှင်းပါနဲ့။

 

၅။ တောင်းပန်ကြောင်း ရေးပြီးမှ Reply ပြန်ပ

Negative Feedback တွေကို Reply ပြန်တဲ့အခါ ပထမဦးစွာ တောင်းပန်ပါ။ ပြီးမှသာ အဆင်မပြေဖြစ်ရခြင်းရဲ့ ပြဿနာကို မေးမြန်းပြီး ဖြေရှင်းပါ။ ဒီအချက်ဟာ တစ်ခါတစ်ရံမှာ စိတ်ဆိုးနေတဲ့ Customer ကို Loyal Customer ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ အခွင့်အလမ်းလဲဖြစ်နိုင်ပါတယ်။

အထက်ပါ အချက်တွေနဲ့ သင့်ရဲ့လုပ်ငန်းမှာ ရရှိနေတဲ့ Social Media Comment တွေမှာ Negative ဖြစ်နေတဲ့ Comment တွေကို အကောင်းဆုံး ကိုင်တွယ်နိုင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

Ref – bedigitalgiant

Myanmar Advertising Directory


Read More...ကြောငြာလုပ်ငန်းအကြောင်း တစေ့တစောင်း