Customer

အလုပ်အလွန်အကျွံပြုလုပ်ခြင်းမှ ရရှိနိုင်သည့် ဆိုးကျိုးများ

Read 4662 times
အလုပ်အလွန်အကျွံပြုလုပ်ခြင်းမှ ရရှိနိုင်သည့် ဆိုးကျိုးများ

ကောင်းမွန်တဲ့အလေ့အကျင့်ထဲမှာ မပါဝင်ပါဘူး။ အလုပ်တစ်ခုတွင် ရေရှည် အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် Work and Life Balance ရှိရပါမယ်။ ယနေ့မှာတော့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အလုပ်အလွန်အကျွံလုပ်ခြင်းမှ ရရှိတတ်သော ဆိုးကျိုးများကို စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ နေမကောင်းဖြစ်ခြင်း

အလုပ်ကို အလွန်အကျွံလုပ်ပြီး စားသောက်သည့်အချိန်မမှန်၊ အိပ်သည့်အချိန်မမှန်ရာမှအစပြု၍ အချိန်ကြာမြင့်လာသည်နှင့်အမျှ နေမကောင်းဖြစ်နိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထအများဆုံးအလုပ်ဒဏ်ပိရောဂါများကတော့ နှလုံးရောဂါနှင့် သွေးတိုးရောဂါများဖြစ်ပါတယ်။

၂။ တီထွင်ဆန်းသစ်နိုင်မှုနည်းပါးလာခြင်း

အရမ်းအလုပ်ပင်ပန်းစိတ်ဖိစည်းမှုများလာရင်တော့ သင်၏စဉ်းစားနိုင်စွမ်းတွေလျော့ကျလာမှာဖြစ်ပါတယ်။ အလုပ်အတွင်း တီထွင်ဆန်းသစ်နိုင်မှုလျော့ကျလာပြီး သင့်အလုပ်တိုးတက်အောင်မြင်သင့်လောက် မအောင်မြင်စေရန် အဟန့်အတားဖြစ်စေမှာဖြစ်ပါတယ်။

၃။ သင်၏ စွမ်းရည်များကျဆင်းလာခြင်း

ယခင်က တစ်နာရီတည်းနှင့်ပြီးသည့်အလုပ်ကို သင်အလုပ်ပင်ပန်းသည့်အခါ၊ စိတ်ဖိစည်းမှုများသည့်အခါတွင် အချိန်များစွာ ပိုကြာမြင့်တတ်ပါတယ်။ အလွဲလွဲအချော်ချော်ဖြစ်ကာ သင့်ကို ပိုမိုပင်ပန်းကြံ့ကြာစေပါတယ်။

၎။ သင့်ဘ၀၏ ပျော်ရွှင်မှုအချိန်များပျောက်ဆုံးလာခြင်း

သင်ဟာအလုပ်မှာဘဲ အချိန်များစွာမြှပ်နှံထားမယ်ဆိုပါက သင့်ဘ၀၏ အဓိက လူတွေဖြစ်တဲ့ မိဘဆွေမျိုးမိတ်ဆွေများကို အချိန်ပေးမှု လျော့ကျသွားပြီး ဘ၀ရဲ့ ပျော်ရွှင်စရာများ ပျောက်ဆုံးတတ်ပါတယ်။

Source: Inc. Southeast Asia