သင့်ကိုယ် သင်မေး သင့်တာက “ ဘယ်ကနေ ငွေ ရှာလို့ ရနိုင်မလဲ ”ဆိုတာပါပဲ ။
အချိန်မရှိဘူး
ဘယ်သူက မှ သင်ဘာအတွက် အချိန်ဘယ်လောက် သုံးတယ် ဆိုတာ စိတ်ဝင်စားမှာ မဟုတ်ပါဘူး ။
သူတို့ ကြည့်မှာက သင့်အောင်မြင် မှုကိုပဲ ဖြစ်ပါတယ်။
အချိန်ကိုကောင်းကောင်း အသုံးမချတတ်ခဲ့ရင် သင့်ဘဝရဲ့ အခြေအနေတွေက ပဲ သင့်အကြောင်းကို အဖြေပေး သွားမှာပဲ ဖြစ်ပါတယ် ။
မလုပ်တတ်ဘူး
လူတိုင်းမှာ ပထမဆုံး အကြိမ် ဆိုတာရှိကြ တာချည်းပါပဲ။
မလုပ်တတ်သေးတာ ဟာ မလုပ်နိုင်ဘူးလို့ မှ သတ်မှတ်လို့မရ နိုင်သေးတာ။
ကိုယ်ရဲ့ မမြင်ဖူးသေးတဲ့ တိမ်မြုတ်နေတဲ့ အစွမ်းအစတွေ မြင်တွေ့ ချင်တယ် ဆိုရင် ကိုယ့်ကိုယ် ကို မေးခွန်းထုတ်ကြည့်လိုက်ပါ “ ငါဘယ်လိုလုပ်ရမလဲ ” လို့...
ဒီအပိုင်းမှာ မသင်ကြားခဲ့ရဖူးဘူး
အသိပညာ အတတ်ပညာ ဆိုတာ တက္ကသိုလ်တွေ ဆိုတဲ့ အကန့်အသတ်ထဲ မှာတင်တည်နေတာ မဟုတ်ပါဘူး ။
ဘွဲ့လက်မှတ် တွေ ဆိုတာကလည်း ကိုယ့်ရဲ့ အနာဂါတ်ကို အမြဲ အာမခံပေး နိုင်တဲ့ အရာ မဟုတ်ပါဘူး ။
အကယ် လို့ ဘာ ကို မဆို ဆက်လက် သင်ကြားဖို့ လေ့လာဖို့ စိတ်မဝင်စားဘူး ဆိုရင်လည်း အောင်မြင်တိုးတက်မှုမရှိ လာ တဲ့သင့်ဘဝကိုယ်သင် အလိုမကျဖြစ်မနေနဲ့ ပေါ့ ။
ဘာကြောင့်လည်းဆိုရင် ဘယ်တော့ မှလည်းရလာ မှာ မဟုတ်တော့လို့ပါပဲ ။
အဆင်သင့် မဖြစ်သေးဘူး
ဒီစကားမျိုးကိုတော့ ရှု့ထောင် ၂မျိုး နဲ့ ကြည့်လို့ရပါတယ်။
ဒီလိုပြောတဲ့လူဟာ “လုပ်ရမှာပျင်းလို့လား” ဒါမှမဟုတ် “အခြေအနေကိုစောင့်ကြည့် နေတာလား” ဆိုတာပါ။
ခွဲခြားနည်းကတော့လွယ်ကူပါ တယ် အဲ့လူရဲ့ ပြင်ဆင်မှု အနေအထားကိုစောင့် ကြည့်ရုံပါပဲ ။
ထပ်လုပ်စရာအကြောင်း ဘာအသစ်အဆန်းမှမရှိတော့ဘူး။
ဘယ်အရာ မှ ဒီစကားရဲ့ အဓိပ္ပါယ် ကိုကန့်သတ် လို့မရ တော့ပါဘူး ပျင်းတယ် ဆိုတဲ့စကားကလွဲ လို့ပေါ့ ။
အသစ်ဆိုတဲ့ စကားဟာ အသစ်အဆန်းတွေ ထပ်လုပ်ဖို့ မဆိုလိုပါဘူး။
အဟောင်းတွေ နဲ့လဲ innovation ဖြစ်နိုင်တာပါပဲ ။
ဘယ်သူဌေးကမှ အသုံးအစွဲ ချွေတာ လို့ ချမ်းသာ လာတာမဟုတ်ပါဘူး ။
ဒါပေမယ့် သူတို့တွေ ဝင်ငွေ ကို တည်ဆောက်ယူရာကနေ ချမ်းသာလာ ကြတာပါ ။
ဘယ်သူဌေးကမှ လည်း လွယ်လွယ် ကူကူ အလုပ်တွေ လုပ်ပြီးချမ်းသာလာ တာ မဟုတ်ပါဘူး ။
သူတို့ ချမ်းသာလာတာ ခက်ခဲတဲ့ အလုပ်တွေ လုပ်နိုင်လို့ပါ ။
ဘယ်သူဌေးမှ ပင်ပင် ပန်းပန်းလုပ်လို့ ချမ်းသာလာတာ မဟုတ်ပါဘူး ။
ဒါပေမယ့် သူတို့ ဥာဏ်ရှိစွာ အလုပ်လုပ်လို့ ချမ်းသာလာတာပါ ။
ဘယ်သူဌေးမှ အများကြီးတွေးတော နေ ပြီးမှ ချမ်းတာလာတာ မဟုတ်ပါဘူး ။
ဒါပေမယ့် တွေးနည်းမှန် တွေးခေါ်တတ်လို့ ချမ်းသာလာ တာပါ ။
ဘယ်သူဌေးမှ လုပ်အားကို ရောင်းပြီးချမ်းသာလာတာ မဟုတ်ပါဘူး ။
ဒါပေမယ့် သူတို့ အိုင်ဒီယာ ကိုရောင်းပြီး မှချမ်းသာလာတာပါ ။
ဘယ်သူဌေးက မှ အခွင့်အလမ်းကို ငြင်းဆိုခဲ့ ကြ လို့ ချမ်းသာ လာ တာ မဟုတ်ပါဘူး ။
ဒါပေမယ့် အခွင့်အလမ်းကို အချိန် တိုင်းရှာဖွေ အသုံးချ လို့ ချမ်းသာလာကြ တာပါ ။
ခေါင်းဆောင် ဖြစ်မယ့်သူ က ဖြစ်မလာသေးတဲ့အရာကို ကြိုမြင်တတ်တယ်။
နောက်လိုက် ဖြစ်မယ့်သူ က ကိုယ့်မျက်စိနဲ့ တပ်အပ် မြင်တာ တောင် မယုံ ကြည်တတ်ကြသေးဘူး ။
Recommended for you-သင့်ဘဝကို တိုးတက် ပြောင်းလဲစေမည့်အရာ(၇)ခု
Credit;khaingbowin