Global

အောင်သွယ်နည်းပညာအသစ်ဖြစ်တဲ့ Secret Crush ကိုချဲ့ထွင်တော့မယ့် Facebook

Read 3155 times
အောင်သွယ်နည်းပညာအသစ်ဖြစ်တဲ့ Secret Crush ကိုချဲ့ထွင်တော့မယ့် Facebook

အသုံးပြုသူများရဲ့အချက်အလက်များကို Facebook က ကာကွယ်ပေးတာနဲ့ ပတ်သက်ပြီးဝေဖန်ခံရမှုကို တိုက်ရိုက်တုန့်ပြန်မှုအဖြစ် Facebook ဟာ Instagram နဲ့ Whatsapp တို့အပါအဝင် လှုမှုကွန်ယက်အာလုံးအတွက် ဒီဇိုင်းအသစ်များ၊ နည်းပညာအသစ်များကို ထုတ်ပြန်ခဲ့ပါတယ်။

Instagram တွင် ကြည့်ရှုသူများက Post တစ်ခုမှာ Like ဘယ်လောက်ရလဲဆိုတာကို ဖုံးကွယ်ရန်အတွက် Private Like acount နည်းပညာကို အသုံးပြုမှာဖြစ်ပါတယ်။ Whatsapp မှာတော့ လုံခြုံစိတ်ချရတဲ့ ငွေပေးချေဝန်ဆောင်မှုကို စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Messenger မှ ပေးပို့သော အကြောင်းအရာများကိုလည်း Facebook က လုံးဝကြည့်ရှုတော့မှာ မဟုတ်ကြောင်းကြေညာခဲ့ပါတယ်။ Facebook တွင်လည်း Group များကို အဓိကထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုသွားမှာဖြစ်ပြီး Group အချင်းချင်းသီးသန့်ဆက်သွယ်မှုကို ပိုမိုအလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အံ့သြစရာကောင်းလောက်မိတ်ဆက်ခဲ့တဲ့ KFC ရဲ့ ဘီစကွတ်ကြော်ငြာ Video

သက်ဆိုင်ရာ စိတ်ဝင်စားမှုတူကြသူအချင်းချင်း ဆက်နွယ်မှုအတွက် Meet New Friends နည်းပညာကို Facebook က တဖြည်းဖြည်းချင်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Facebook ဟာ အောင်သွယ်နည်းပညာအသစ်ဖြစ်သော Secret Crush ကိုလည်း ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရာဇီး နဲ့ ချီလီ အပါအဝင် ၁၄ နိုင်ငံကို ချဲ့ထွင်သွားမယ်လို့သိရပါတယ်။

Source; Daily Eleven
Myanmar Advertising Directory