Life Hacks

နှစ်သစ်မှာ အောင်မြင်မှုတွေရဖို့ သင်ဘာတွေလုပ်ရမလဲ

Read 144 times
နှစ်သစ်မှာ အောင်မြင်မှုတွေရဖို့ သင်ဘာတွေလုပ်ရမလဲ

တစ်နှစ်တစ်နှစ်ကို ဒီအတိုင်း မသိလိုက်မသိဖာသာကြီး ကုန်ဆုံးမသွားသင့်ပါဘူး။ ဒီတော့ နှစ်ဟောင်းမှာ ရှိခဲ့တဲ့ သင်ခန်းစာတွေအားလုံးကို ဆင်ခြင်ပြီးနှစ်သစ်မှာ အကောင်းဆုံးဖြတ်သန်းနိုင်အောင် အောက်ဖော်ပြပါ အဆင့် ()ဆင့်နဲ့ သုံးသပ်လိုက်ရအောင်.......

 

() ဆင်ခြင်သုံးသပ်မယ်

လွန်ခဲ့တဲ့ ၃၆၅ ရက်အတွင်းမှာ သင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ကောင်းတာတွေလည်း ရှိသလို၊ မကောင်းတာတွေလည်း ရှိမှာပါပဲ။ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ ပြည့်နေတဲ့ ကုန်ဆုံးခဲ့တဲ့နှစ်ဟာ သင့်အတွက် သာမန်နှစ်တစ်နှစ် ဖြစ်နိုင်သလို၊ သင့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်လည်းဖြစ်ချင်ဖြစ်နေမှာပါပဲ။ ဒီနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့အရာတိုင်းကို လေ့လာစရာ သင်ခန်းစာတွေအဖြစ် မှတ်ယူပြီး လာမယ့်နှစ်အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။

ကျန်ခဲ့တဲ့နှစ်ကို ဆင်ခြင်သုံးသပ်မယ်ဆိုရင်တော့ ဒီမေးခွန်းလေးတွေကို သင်ဖြေကြည့်ပါ။

 

- သင် ဘယ်အရာတွေကို အောင်မြင်ခဲ့သလဲ?

- သင် ဘယ်အရာတွေကို ဆုံးရှုံးခဲ့သလဲ?

- ဘယ်သူတွေကို သင်အချိန်အများဆုံး ပေးဖြစ်လဲ?

- သင့်ကို အပျော်ရွှင်ဆုံးပေးနိုင်ခဲ့တဲ့ အချိန်?

- သင့်ကို ဝမ်းအနည်းစေနိုင်ဆုံးအချိန်?

- ဘယ်အရာက ဂုဏ်ယူစရာ အကောင်းဆုံး ဖြစ်ခဲ့လဲ?

- ပြင်ဆင်နိုင်မယ်ဆို ဘယ်အရာကို နောင်တအရဆုံးလဲ?

ဒီလောက်ဆို ကျန်ခဲ့တဲ့ နှစ်က သင့်အတွက် ဘယ်လိုနှစ်မျိုးဖြစ်ခဲ့သလဲဆိုတာ သင် ခန့်မှန်းမိလောက်ပါပြီ။

 

() ပြင်ဆင်မယ်

လူတိုင်းဟာ ပြီးပြည့်စုံတယ်ဆိုတဲ့သူ မရှိပါဘူး။ ကမ္ဘာပေါ်က ထူးခြားတဲ့ ပါရမီရှင်တွေနဲ့ အချမ်းသာဆုံးလူတွေမှာတောင် ပြီးပြည့်စုံမှုဆိုတာမျိုး မရှိနိုင်ပါဘူး။ ဒီတော့သင့်မှာလည်း လိုအပ်ချက်တွေ၊ အမှားအယွင်းတွေ ရှိခဲ့တာ မဆန်းပါဘူး။

ဒီတော့ကျန်ခဲ့တဲ့နှစ်အတွင်းမှာ သင့်ရဲ့ ကျရှုံးမှုတွေ၊ လဲပြိုကျမှုတွေကို ပြန်သုံးသပ်သင့်ပါတယ်။ ဆိုးရွားတဲ့ အတွေ့အကြုံတွေမို့ ပြန်မစဉ်းစားချင်တော့ဘဲ ပြည်ဖုံးကားချလိုက်မယ်ဆိုရင်သင်ပဲ နစ်နာမှာပါ။ အရှုံးတွေကို ပြန်ခံစားနေဖို့ မလိုပါဘူး။ ဒါပေမယ့် သင်ယူနိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့တော့ လိုပါတယ်။

 

- အနာကျင်ရဆုံးနဲ့ လဲအပြိုကျဆုံးအချိန်ဟာ ဘယ်အချိန်လဲ?

- ဒီအမှားတွေ၊ ဆုံးရှုံးမှုတွေက ဘာကြောင့်လို့ သင်ထင်သလဲ?

- သင် ဘယ်အရာတွေမှာ တိုးတက်အောင် လုပ်သင့်လဲ?

ကဲ.. ဖြစ်ခဲ့တဲ့အမှားတွေ၊ ခါးသီးမှုတွေကို ပြင်ဆင်လိုက်ရအောင်!

 

() သွေးသစ်လောင်းမယ်

နှစ်သစ်ဟာ သင့်ရဲ့ လက်တစ်ကမ်းအလိုမှာ ရောက်နေပါပြီ။ နှစ်သစ်ဟာ သင့်ရဲ့ ကျရှုံးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ချန်ထားခဲ့ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒီမကောင်းတဲ့အရာတွေထဲကသင်ယူစရာတွေကိုပဲ ယူပြီး၊ ခံစားမှုတွေအားလုံးကို ချန်ထားဖြစ်အောင် ချန်ထားခဲ့လိုက်ပါ။ နှစ်သစ်ကို သယ်ယူမလာပါနဲ့။ ဒီနှစ်သစ်မှာ အောင်မြင်မှုတွေရအောင် ဘယ်လိုပြင်ဆင်မလဲ ဆိုတာကတော့

 

- တစ်နှစ်စာ အသေးစိတ် Plan ချပါ။ (ဒီနှစ်အတွင်း ငါဘာဖြစ်ရမယ်ဆိုတာမျိုးပေါ့)

ဥပမာ- ငါရာထူးတိုးရမယ်။ ငါ weight ဘယ်လောက်ကျရမယ်။ ငါ ဘယ်လိုအောင်မြင်ရမယ်စသဖြင့်ပေါ့

- သင့်ကိုယ်သင် ယုံကြည်စိတ်မွေးပါ။

သင် ချထားတဲ့ Plan အတိုင်း ဒီတစ်နှစ်မှာ လုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဆုံးဖြတ်ချက်တွေကိုချပါ။

- ဘယ်အရာတွေကို သင်ယူမလဲ။ တိုးတက်စေမလဲ။

 

သင့်အောင်မြင်မှုအတွက် အရေးပါတဲ့အရာတိုင်းကို စနစ်တကျဘယ်လိုသင်ယူမလဲဆိုတာ စဉ်းစားထားပါ။ သင့်ရဲ့တိုးတက်မှုတိုင်းဟာ ဗရမ်းဗတာဖြစ်တာမျိုး၊နှောင့်နှေးနေတာမျိုး မရှိဘဲ စနစ်တကျ ဖြစ်နေပါစေ။

နှစ်သစ်ဟာ အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင်ဖို့ စိတ်သစ်လူသစ်ဖြစ်စေတဲ့ အခွင့်အရေးပါ။ သင်လည်း ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရဆုပ်ကိုင်လိုက်ပါ။တစ်သက်လုံး ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ နှစ်ဟောင်းမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့။ လာမယ့်နှစ်သစ်မှာတော့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်ရမယ်ဆိုတဲ့စိတ်ကို မွေးထားပါ။

နှစ်သစ်မှာ အောင်မြင်မှုများ ရကြပါစေ........

 

Credit;ရွှညာမောင် (Focus Youth E-magazine)
Ref: Inc