Life Without Limbs ဆိုတဲ့
အသင်းကို တည်ထောင်ခဲ့ပြီး မိန့်ခွန်းပြောဆိုခြင်း နှင့် ကိုယ်အဂါင်္မသန်စွမ်းသူတွေကို ထောက်ပံ့ရင်းနဲ့ ဇနီးဖြစ်သူ Patricia Maier နဲ့ အတူ ဘ၀ကိုရှာဖွေနေတဲ့ သူဖြစ်တယ်။
သူပြောခဲ့တဲ့ မိန့်ခွန်းတွေထဲက အနည်းငယ်ကို ဖော်ပြချင်ပါတယ်။
မျက်ရည်ကျတဲ့ အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့၊ အဲ့ဒီအချိန်မှာ အဆိုးမြင်စကား ပြောဆိုခြင်း နည်းနိုင်သမျှ နည်းပါစေ။
အခက်အခဲ တစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့၊ ခံစားချက် တိုင်းကို သင့်ဆီ မှာ သောင်တင်မနေပါစေနဲ့။ သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ (သို့မဟုတ်) မိဘတွေ ရှိသေးတာကို သတိရပါ။
သင်မှားမှာကို မကြောက်ပါနဲ့။ မှားခဲ့တယ်ဆိုရင်လည်း ဦးနှောက်ခြောက်မခံပါနဲ့။ လူ့ဘ၀ ဆိုတာ အမှားအမှန် ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လိုအခြေအနေ ဖြစ်ဖြစ် နောက်ဆုံးပြန်စဉ်းစားကြည့်ရင်
ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်အရေးမကြီးဘူး ဆိုတာ ခံစားရလိမ့်မယ်။
အဆိုမြင်ခြင်းဟာ လူတွေမှာရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အဆိုးမြင်တဲ့ အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့ လိုတယ်။
စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်နဲ့ အစားထိုးလိုက်ပါ။
တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ် လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ ၊စကားပြောပြော၊ မပြောပြော ဒါဟာသာမန်ပါပဲ။
ရေးကြီးခွင်ကျယ် ခံစားနေစရာမလိုပါဘူး။ တွေးပြီးလည်း ၀မ်းနည်းနေစရာ မလိုဘူး။
သင်တစ်ခုခုကိုနားမလည်ရင် မေးမြန်းဖို့ ၀န်မလေးပါနဲ့။ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ။ သိလိုက်ရတဲ့ အတွက်ဝမ်းသာပါ။
ဦးနှောက်ခြောက်စရာ တွေ အားလုံးက ကိုယ်တိုင်ရှာတာပါ။ ဒါကြောင့် ကိုယ်တိုင်ဖြေရှင်းဖို့ ကြိုးစားပါ။ အခြားသူတွေကို ငိုယို ပူပန်စေမဲ့ အစား သူတို့နဲ့ အတူတူသာ ပျော်လိုက်ပါ။
အကြောင်းအရာတစ်ခုကို လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက်နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်း ပြောဆိုမိမှာလဲ မကြောက်ပါနဲ့။
အတိတ်ကိုလည်း ပြန်တွေးပြီး ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။
မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ၊ လမ်းကြောင်းဦးတည်ရာ ရှိပါစေ။ ယုံကြည်မှု နဲ့ ရှေ့တိုး ဆောင်ရွက်ပါ။ လက်ရှိဘ၀ကို အမြဲ သုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။
ဘယ်လိုလူနဲ့ တွေ့တွေ့ မုန်းစရာ မလိုပါဘူး။ အမှားအမှန် လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကိုရှေ့တိုး ဆောင်ရွက်ပါ။
သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းက မှားယွင်းတဲ့ အတွေးတစ်ခုပါ။
ရလဒ် အတွက် ပူပန် မနေပါနဲ့။ အကောင်းဆုံးလုပ်ဆောင်ပါ။ရလဒ်က အလိုလို လိုက်လာပါလိမ့်မယ်။
နောင်တ မရပါနဲ့။ နောင်တရခြင်းက အမှား လုပ်လိုက်တာ ထက်ပိုပြီး ကြောက်စရာကောင်းပါတယ်။ သင့်ကိုယ် သင် ယုံကြည်မှု ပျက်ပြားစေပါတယ်။
ဘယ်အရာမျိုး နဲ့ပဲ ကြုံကြုံ ဒါက ဖြစ်သင့်တယ် လို့တွေးပါ။ မညည်းတွားပါနဲ့။ သင်တစ်ယောက်တည်း ဒီလို တွေ့ကြုံ နေတာမဟုတ်ဘူးပါဘူး။
ကိုယ်လက် အဂါင်္ ချို့တဲ့ နေပါစေ မျှော်လင့်ချက်နဲ့ ရှင်သန်နေထိုင်ပါ။
ဘယ်နှစ်ကြိမ်ပဲ ကျရှုံးပါစေ ထပ်ကြိုးစားပါ။ လူ့စိတ်ဟာ ထင်ထားတာထက် ပိုပြီး အခက်အခဲ တွေကို ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။
သင်ဘယ်လိုနိဂုံးချုပ်ချင်လဲ ဆိုတာပေါ်မှာပဲ မူတည်တယ်။
Read-ဆုံးဖြတ်ချက်ချတဲ့ နေရာမှာပဲ မရပ်တန့်သွားပါနဲ့
Credit; Original writer