Marketing

Nike ကမ္ဘာကျော် Brand တစ်ခုဖြစ်လာဖို့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ

Read 2150 times
Nike ကမ္ဘာကျော် Brand တစ်ခုဖြစ်လာဖို့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ

အရင်ကတော့ Nike ဟာ သူရဲ့ ကုန်ပစ္စည်းတွေကို မာရသွန်အပြေးသမား တွေအတွက်ပဲ ထုတ်လုပ်ခဲ့တာပါ။လူတွေကြားမှာ အားကစားဆိုတာ ရေပန်းစားလာပေမယ့်လို့ Nike ရဲ့ ရောင်းအားကတော့ တတ်မလာခဲ့ပါဘူး။


ဒီအချိန်မှာတော့ Nike ရဲ့ပြိုင်ဘက်တွေကတော့ ရောင်းအားတက်နေတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်း fitness တွေ အားကစားတွေ လူတွေကြားမှာ ပိုပြီး ခတ်စားလာတဲ့အခါမှာ သူ့ရဲ့ Marketing team က သူတို့ ရောင်းအား တိုးတတ်ဖို့ တစ်ခုခုလုပ်ဖို့ လိုနေပီဆိုတာသိလာတယ်။ အဖြေရှာလိုက်တဲ့ အချိန်မှာတော့ သူတို့ရဲ့ advertising agency က customers တွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းမဟုတ်ဘူးဖြစ်နေတာပါ။


ဒါကြောင့် Nike ဟာ Research တွေလုပ်တယ်၊ လူတွေ ဘာလို့ အားကစားကို စိတ်ဝင်စားတာလဲ၊ brand ကို ဘယ်လိုမြင်လဲ၊ ကြော်ငြာတွေကိုဘယ်လိုမြင်လဲ၊ ဘယ်လိုဘာသာစကားတွေ ပုံတွေကို သုံးရင် ပိုနှစ်သက်လဲ၊ ဝယ်တဲ့အခါမှာ ဘာလို တန်ဖိုးတွေကို ရဖို့ မျှော်လင့်လဲ စတာမေးခွန်းတွေကို အဖြေရှာပြီး just do it ဆိုတဲ့ campaign ကိုစတင်ခဲ့ပါတယ်။

ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ လူသိနည်းနေသေးတဲ့ ဈေးကွက်ဗျူဟာများ


ဒီ Just do it ဆိုတာကို Wieden+Kennedy ဆိုတဲ့ advertising agency က Nike အတွက် ပြုလုပ်ပေးခဲ့တာပါ။ အရမ်း အောင်မြင်တဲ့ campaign တစ်ခုဖြစ်ပါတယ်။ ဒီ campaign လုပ်ပြီးနောက်မှာတော့ Nike ရဲ့ ရောင်းအားဟာ သိသိသာသာ တိုးတတ်လာပါတယ်။


Nike က သူ့ရဲ့ product ကို ရောင်းတာထက်စာရင် လူတွေရဲ့ aspiration ရည်မှန်းချက် စိတ်ခံစားချက်ကို ရောင်းနေတာပါ။ သူ့ရဲ့ ကြော်ငြာတစ်ခုစီဟာ လူတွေရဲ့ ထူးခြားတဲ့ ခံစားချက် လိုအပ်ချက်တွေကို Nike ရဲ့ product တွေကပဲ ဖြည့်စည်းပေးနိုင်မယ်။ စိတ်ကျေနပ်မှုပေးနိုင်မယ်။ ဒီလိုမျိုးဖြစ်အောင် ဖန်တီးပါတယ်။


သင်လဲ လုပ်ငန်းလုပ်နေတဲ့သူဆိုရင် ကိုယ့်လုပ်ငန်းက ကိုယ့် product က ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်လဲဆိုတာ အမြဲစဉ်းစားပါ။ ဘာတွေလိုအပ်နေလဲ ပြဿနာက ဘာလဲဆိုတာကို သေချာလေ့လာသုံးသပ်ပါ။ ပြဿနာဘာလဲဆိုတာ မသိရင်တော့ အဖြေမှန်လဲရမှာ မဟုတ်ပါဘူး။


Nike ဟာ JDI campaign ကို 1988 ခုနှစ်နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ Annual Sale ဟာ $1.2 billion ထိ တက်လာခဲ့တယ်။ အရင်နှစ်ကထက် 27% ထိ တက်လာခဲ့တာပါ။ Nike ဟာ အခုအချိန်ထိ Just Do It campaign ကို လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။


Source; Dream Lab

Myanmar Advertising Directory