Global

၂၃ လတိုင်တိုင် အရောင်းရဆုံး console ဖြစ်နေတဲ့ Nintendo Switch

Read 1526 times
၂၃ လတိုင်တိုင် အရောင်းရဆုံး console ဖြစ်နေတဲ့ Nintendo Switch

 

၂နှစ်ပြည့်ခါနီးအထိ ရောင်းအားကောင်းနေဆဲဖြစ်တဲ့ ဂိမ်းတက်ဘလက် Nintendo Switch ဟာ Switch နဲ့ Switch Lite ၂မျိုးပေါင်းခုရေ ၂၂ သန်းခွဲကို အမေရိကန်နိုင်ငံမှာ ရောင်းချခဲ့ပြီးပြီ ဖြစ်ပြီး ကမ္ဘာတစ်လွှား ရောင်းချခဲ့တာ ခုရေ ၆၈ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။ 


အခုလို ရောင်းအားကောင်းနေလို့ ဆိုင်တွေမှာ ပစ္စည်းမပြတ်ရအောင် ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုတွေကြားမှာ စီစဉ်ပေးခဲ့တယ်လို့ Nintendo မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Nick Chavez က ပြောပြတယ်။ 


ရောင်းအားကောင်းရတဲ့အကြောင်းတွေ အမျိုးမျိုး ရှိပေမဲ့ အဓိကျတဲ့အချက်တစ်ခုက ကိုဗစ်ကပ်ရောဂါကြောင့် ဂိမ်းပိုဆော့ဖြစ်ကြပြီး သွားလေရာ ယူသွားပြီး ဆော့လို့ရတဲ့အတွက် Nintendo ဂိမ်းတက်ဘလက်ကို ဝယ်လိုအား ကောင်းစေတယ်။ နောက်တစ်ချက်ကတော့ အခုနှစ်ဆန်းပိုင်းမှာ တင်ဆက်လိုက်တဲ့ Animal Crossing: New Horizons ဂိမ်း ပေါက်သွားတာ ဖြစ်ပါတယ်။

 

Nintendo Switch လက်ကိုင်ဂိမ်းတက်ဘလက်ကို ကစားကြသူတွေမှာ အများစုဟာ အမျိုးသမီးများ ဖြစ်ကြပြီး မိသားစုကစားစရာအဖြစ်ဖြင့်လည်း ဝယ်ယူကြတယ်လို့ စစ်တမ်းများအရ သိရပါတယ်။ အဲဒါကြောင့် Nintendo Switch ကို အရွယ်ရောက်ပြီး အလုပ်အကိုင်ရှိသူ အမျိုးသမီးတစ်ဦးကို ဇာတ်ရုပ်ထားပြီး ကြော်ြငာ ဖန်တီးကာ အမျိုးသမီးထုကြီးကို Nintendo က ဆွဲဆောင်သိမ်းသွင်းခဲ့ပါတယ်။

 

သွားလေရာ တစ်ပါတည်း ယူသွားပြီး ရောက်ရာနေရာမှာ ဆော့လို့ရတဲ့ အားသာချက်ကိုလည်း ကြော်ငြာမှာ အသားပေး ဖော်ပြပေးထားတာ တွေ့ရပါတယ်။ အဲဒီအားသာချက်ကို Sony ရဲ့ အသစ်ထွက်မယ့် PlayStation 5 နဲ့ Microsoft ရဲ့ Xbox ဂိမ်းစက်အသစ် နှစ်ခု (Series S နဲ့ X )တို့မှာ လုံးဝ မရနိုင်တာကြောင့် Nintendo အနေဖြင့် လူကြိုက်များပြီး နေရာမရွေး ဆော့လို့ကောင်းမယ့် ဂိမ်းကို တင်ဆက်နိုင်တယ်ဆိုရင် ဆက်လက် ရောင်းအားကောင်းနေဦးမယ်လို့ သုံးသပ်မိပါတယ်။

 

Myanmar Advertising Directory