Life Hacks

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး

Read 548 times
ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး

 

လောကကြီးမှာ ဖြစ်ချင်တိုင်းမဖြစ်ရတာတွေ အများကြီးရှိ ပါတယ်။

ဒါပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်မရတာက ပိုပြီးဆိုးရွားပါတယ်။

လုပ်ချင်တာကို လုပ်ခွင့်ရပြီး မဖြစ်မြောက်တာထက်စာရင် မလုပ်ပဲ အချိန်ကုန်ဆုံးစေတာက ခင်ဗျားကို စိတ်ပိုပျက်စေပါတယ်။

ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူးလေ။ ဘာအောင်မြင်မှုမှလဲ ရမှာမဟုတ်ဘူးနော်။

ဘာလို့ဆို ခင်ဗျားမှ ဘာမှမလုပ်ပဲ။

Cosmetic Direct Sales Company Avon က စာအုပ်ရောင်းတဲ့ direct selling company ကနေ ဖြစ်လာတာပါ။

Nokia ဟာ စာရွက်တွေထုတ်တဲ့ Pulp Mill တစ်ခုကနေ စတင်ခဲ့တာပါ။

Coca Cola က ဆေးကုမ္ပဏီတစ်ခုအနေနဲ့စတင်ခဲ့သည်။

စိန်တွေရောင်းနေတဲ့ Tiffany &a Co. ကလည်း စာရေးကိရိယာတွေရောင်းတဲ့ Stationary Store ကနေမှ ဖြစ်လာခဲ့တာပါ။

စစ်လက်နက်နဲ့ ကာကွယ်ရေးလက်နက်တွေထုတ်တဲ့ Raytheon Company က ရေခဲသေတ္တာရောင်းတဲ့ company ကနေစခဲ့တာနော်။

အဲ့ဒါကြောင့် အဓိက အရေးကြီးတာက ဘယ်ကစရမလဲမဟုတ်ပါဘူး။

ကိုယ်ဖြစ်ချင်တာကို ရဲရဲဝံ့ဝံ့ စပြီးလုပ်ဖို့သာအရေးကြီးတာပါ။

ဒါမှ ခင်ဗျားအတွက် ဘဝကပေးတဲ့ သင်ခန်းစာဆိုတဲ့ ဆုလာဒ်ကို ပိုင်ဆိုင်ခွင့်ရမှာဗျ။

ဘဝသင်ခန်းစာဆိုတာ လွယ်လွယ်နဲ့ ရတဲ့ အရာတော့ မဟုတ်ဘူးဗျ။

အချိန်တွေ၊ ငွေတွေ၊ တခါတရံ နာကျင်မှုတွေ ရင်းပြီးမှ ရလာတဲ့ လက်ဆောင်ဆိုတော့ ပိုအဖိုးတန်ပါတယ်။

လူတွေက အောင်မြင်မှုကို ကျတော့ လိုချင်ကြတယ်။ အလုပ်တစ်ခုကို လုပ်ဖို့တော့ တွန့်ဆုတ်နေတတ်ကြတယ်။

ဒီမှာ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ ဘာတွေပဲ ဖြစ်ချင်နေနေ အမြန်ဆုံးသာစတင်ပါ။

ဘယ်ကစလည်းဆိုတာ အရေးမကြီးပါဘူး။ တကယ်က စလုပ်ဖို့သာ အရေးကြီးတာပါဗျာ...။

အဲ့ဒီတော့ ခုပဲ စလိုက်ကြပါတော့ဗျာ...။

Recommended for you-သင်ရှုံးခွင့်ရှိတယ် သို့သော်....

PES(Myanmar Advertising Directory)