Global

I Phone 12 မိတ်ဆက်ပွဲဘယ်တော့လဲ

Read 1994 times
I Phone 12 မိတ်ဆက်ပွဲဘယ်တော့လဲ

 

Apple ဟာစက်တင်ဘာလမှာ Virtual ပွဲလုပ်ကာ Apple Watch 6, Apple Watch SE နဲ့ iPads ကိုသာ မိတ်ဆက်သွားပါတယ်။ တကယ်တန်း iPhone 12, 12 Pro, 12 Max နဲ့ 12 Pro Max တို့ကို စက်တင်ဘာလမှာကြေညာဖို့ ဆုံးဖြတ်ထားကြပေမဲ့ ယခင်အိုင်ဖုန်း မိတ်ဆက်တဲ့ အောက်တိုဘာ ၁၃ ရက် သို့ ၁၄ ရက် လောက်မှကြေညာ သွားမယ်လို့ သိရပါတယ်။

 

ယခု စက်တင်ဘာမှာ လည်းရက်ပစ္စည်းကြညာမှု အနည်းငယ်နောက်ကျ ခဲ့ပါတယ် ။ ဘာလို့ဆို ကိုယ်တွေသိထားတဲ့ အတိုင်း I Phone က တရုတ်ပြည်မှာထုတ်လုပ်တာမို့ ကိုဗစ်က ထဖြစ် တော့ စက်ရုံ အလုပ်ရုံတွေပိတ်ခဲ့ရတာမို့ မျှော်မှန်းရက်ထက်နောက်ကျ ခဲ့တာပါ။ ထို့ထက် ကိုဗစ်ကြောင့် Apple ဆိုရင်ရောင်းအားကျပါတယ်။ အမေရိကန်ရဲ့ ဆိုင်ကြီးတစ်ချို့ဆိုရင်ပိတ်ပစ်ရတဲ့ အခြေ အနေကြုံခဲ့ရပါတယ်။

 

အခုမှ သာ အကန့်အသတ်နဲ့ ပြန်ဖွင့်တယ်လို့ သိရပါတယ်။ အစက Apple ကမျှော်လင့်ထားခဲ့တာ ပွဲနှစ်ခုလုံး ကို စက်တင်ဘာမှာ ရက်သတ္တပတ် အနည်းငယ်သာခြားချင်ပေမဲ့ အခုတော့ နောက်ကို ရွေ့လိုက်ရပါပြီ။Nekkei Asia Reviewရဲ့ သတင်းအရ Apple အနေနဲ့ သူတို့ရဲ့ 5 G ဖုန်းတွေကို စက်တင်ဘာလ လယ်မှာမှ စတင် ထုတ်လုပ်မှုပိုင်းစခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုကတော့ကြာအုံးမှာပါ ။

 

Apple မှ စျေးကွက်ကိုကြည့်တာမို့ ပွဲတော်ရက်တွေမှ BlackFriday မှသာလျှင် ရောင်းချချင်ပုံပါပဲ ။ အမေရိကန်ရဲ့ ရွေးကောက်ပွဲက နိုဝင်ဘာလမှာ လာမှာမို့ လူတွေစိတ်ဝင်စားမှုရမယ့်အောက်တိုဘာလလယ်မှာ Apple မှ ၎င်းတို့ ပစ္စည်းကို မိတ်ဆက်ချင်ပုံပါ။ Apple အနေနဲ့ သူတို့ ပစ္စည်းသစ် မိတ်ဆက်ပွဲကျင်းပရက်ကို အင်္ဂါနေ့ သို့ ဗုဒ္ဓဟူးလိုနေ့တွေမှာကျင်းပလေ့ရှိတာမို့ လာမည့်အောက်တိုဘာ ၁၃ နဲ့ ၁၄ ရက်လောက်ပွဲကျင်းပဖို့ မျှော်မှန်းနေကြတယ်သိရပါတယ်။

 

Myanmar Advertisimg Directory 


Ref : CNET