Rules & Regulations

QR Pass ကိုင်ဆောင်ထားရှိရန် မလိုအပ်သည့် လုပ်ငန်းများစာရင်:

Read 2103 times
QR Pass ကိုင်ဆောင်ထားရှိရန် မလိုအပ်သည့် လုပ်ငန်းများစာရင်:

ရန်ကုန်တိုင်းဒေသကြီး (Stay at home) ကာလတွင်

 QR Pass ကိုင်ဆောင်ထားရှိရန် 

မလိုအပ်သည့် လုပ်ငန်းများ

၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ (၂၈) ရက်

၁။ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများသည် လုပ်ငန်းလည်ပတ်ရန် အတွက် Online မှတဆင့် မှတ်ပုံတင်၍ QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို ၂၄.၉.၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

၂။ သို့ရာတွင် အောက်ဖော်ပြပါအလုပ်သမားအင်အားများစွာဖြင့် လုပ်ကိုင်နေရသည့် ခွင့်ပြုချက်ရ လုပ်ငန်းများတွင် QR Pass ကိုင်ဆောင်ထားရှိရန် မလိုအပ်ပဲ ဝန်ထမ်းကဒ်များဖြင့် စနစ်တကျ လုပ်ငန်းခွင်သို့သွားလာနိုင်ကြောင်း သိရှိရပါသည်။

• ဘဏ်လုပ်ငန်းများ

 • စက်သုံးဆီအရောင်းဆိုင်များ 

• Shopping Mall

 • COVID အထူးတာဝန်ဖြင့် တာဝန်ချခံထားရသည့် ဝန်ထမ်းများ 

 • ပုဂ္ဂလိကဆေးရုံများနှင့်ကျန်းမာရေးတာဝန်ထမ်းဆောင်နေသူများ 

• သတင်းတိုက်များ

 • နိုင်ငံခြားသံရုံးများနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ပေးအပ်ထားသူများ 

• သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနရှိတာဝန်ရှိသူများ

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

 

 

 no need.jpg