Media & Advertising

facebook အသုံးပြုမှုကို ယာယီပိတ်လိုက်တဲ့ ပါပူဝါနယူးဂီနီ

Read 1157 times
facebook အသုံးပြုမှုကို ယာယီပိတ်လိုက်တဲ့ ပါပူဝါနယူးဂီနီ

facebook အသုံးပြုခွင့် ယာယီပိတ်ထားမယ်လို့ ပါပူဝါနယူးဂီနီ က သက်ဆိုင်ရာအရာရှိများက ပြောပါတယ်။

ဆက်သွယ်ရေးဝန်ကြီး ဆမ်ဘာဆယ်က ဒီအဆိုပြုချက် ဟာ facebook နေရာမှာ အခြားလူမှုကွန်ယက်တစ်ခုကို အစားထိုးသုံးနိုင်အောင် လုပ်ဆောင်တဲ့ နေရာမှာ အကူအညီထောက်အပံ့တစ်ခု ဖြစ်လာမယ်လို့လဲဆိုပါတယ်။

ဆက်သွယ်ရေးဝန်ကြီးက facebook ကို အသုံးပြုခွင့်ပိတ်လိုက်တာဟာ အကောင့်တုနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စိစစ်နိုင်ဖို့နဲ့ ညစ်ညမ်းပုံတင်တဲ့ အသုံးပြုသူတွေကိုလည်း ဖယ်ရှားသွားနိုင်မှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ဒီလို လုပ်ဆောင်လိုက်တဲ့ အတွက် အသုံးပြုသူတွေကို နာမည်အစစ်နဲ့ အကောင့်အစစ်တွေကို အသုံးပြုနိုင်ပြီး တာဝန်ယူမှုလည်းရှိလာစေမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

facebook မှာ သတင်အချက်အလက်ပေါက်ကြားခဲ့တဲ့ သမိုင်ကြောင်းတွေရှိခဲ့တဲ့ အတွက်ကြောင့် လိုအပ်ရင် Application creator တွေကို ကိုနိုင်ငံ နဲ့ ကိုက်ညီပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ်လို့ရနိုင်တဲ့ လူမှုကွန်ယက်တစ်ခု ဖန်တီးနိုင်ဖို့ တိုက်တွန်းသွားမယ်လို့ ဆက်

သွယ်ရေးဝန်ကြီး ဆမ်ဘာဆယ် ကပြောကြားခဲ့ပါတယ်။

Read-ဒေတာအရှုပ်တော်ပုံကြောင့် ဖေ့စ်ဘုတ်ခ်မှာ ကြော်ငြာထည့်တာကို ကုမ္ပဏီကြီးတွေ ဆိုင်းငံ့


Source; AFP