Life Hacks

Perfect မဖြစ်ဘူးဆိုတာနဲ့ သင့်ရဲ့ အိမ်မက်တွေကို ဖျက်စီးတော့မလို့လား?

Read 763 times
Perfect မဖြစ်ဘူးဆိုတာနဲ့ သင့်ရဲ့ အိမ်မက်တွေကို ဖျက်စီးတော့မလို့လား?

“ငါအဆင်သင့်မဖြစ်သေးဘူး ၊ ငါကောင်းတာမလုံလောက်သေးဘူး”

ဒီစကားက လူအများစုရဲ့ဘဝကို သူတို့မနှစ်သက်တဲ့အရာနဲ့ကုန်ဆုံးအောင်လုပ်မှာပါ ။

များသောအားဖြင့် ဘွဲ့ရပြီးတဲ့နောက် ၁ နှစ်လောက်ကိုယ့်ကိုကိုယ်ပိုပြီးတိုးတက်အောင်သင်တန်းတွေဘာတွေတက်ကြတယ်။

ပြီးတဲ့နောက်မှာ အလုပ်ခွင်ထဲကိုဝင်ကြတာများပါတယ် ။

ကိုယ်လုပ်မယ့်အလုပ်က လူတွေကိုကူညီနိုင်တဲ့အလုပ်ဖြစ်ရမယ် /

သို့မဟုတ် ကိုယ်ချစ်တဲ့အလုပ်ဖြစ်ရမယ် / ဂုဏ်ရှိတဲ့အလုပ်ဖြစ်ရမယ် / စသဖြင့် ဆုံးဖြတ်ချက်ချကြတယ်။

ဒါပေမဲ့ … ဒါပေမဲ့ … ဒါပေမဲ့

သူတို့က ဘယ်သူလဲ ?

ဘယ်ကလာတာလဲ ?

ဘာအရည်အချင်းရှိလဲ ?

ဆိုတဲ့မေးခွန်းလေးတွေကြောင့် သူတို့တွေက ကိုယ်ဆုံးဖြတ်ထားသလိုမျိုး မလုပ်နိုင်သေးဘူး ၊ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ခံယူတတ်ကြတယ် ။

ပြီးတော့ တခြားသူတို့နဲ့သင့်တော်တယ်ဆိုတဲ့အလုပ်ကိုရှာပြီိးလုပ်တတ်ကြပါတယ် ။

များသောအားဖြင့် သင့်တော်တယ်ဆိုတဲ့အလုပ်က သူတို့ချစ်တဲ့အလုပ်မဟုတ်ကြပါဘူး ။

ဟုတ်ပါတယ် ။

လူဆိုတာ ကိုယ်ကျွမ်းကျင်တဲ့အရာကလွဲလို့ ကိုယ်မသိတဲ့အရာတွေအများကြီးရှိပါသေးတယ် ။

ဒါပေမဲ့အဲ့ဒီကိုယ်မသိသေးတဲ့အကြောင်းအရာတွေကို ကိုယ်သိအောင်လေ့လာလို့ရတယ်ဆိုတာကိုလဲမမေ့ပါနဲ့ ။

အကယ်၍ ကိုယ်မချစ်တဲ့အလုပ်နဲ့အချိန်မကုန်ချင်ဘူးဆိုရင် ကိုယ်လုပ်ချင်တဲ့အလုပ်ကိုဆုံးဖြတ်ချက်ချပါ၊

ပြီးတော့လက်တွေ့ရအောင်ကြိုးစားပါ ။

မဟုတ်ရင် သင်ဘယ်တော့မှ ကိုယ်ချစ်တဲ့အလုပ်အတွက် အဆင်သင့်ဖြစ်မှာမဟုတ်ပါဘူး။

“ ဘယ်လောက်ပဲပြည့်နေပါစေ ၊ ဘယ်တော့မှမလုံလောက်တာ ပညာပါ"

အခုကစပြီး ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင် ဖျက်စီးတဲ့ သူမဖြစ်အောင် ကြိုးစားကြတော့နော်...။

Recommended for you-ပစ္စုပ္ပန်မှာ လုပ်သင့်တာကို လုပ်ရင် အနာဂတ်က မင်းကို တာဝန်ယူသွားလိမ့်မယ်

Credit; blackbin