ကြုံတွေ့လာတဲ့ အရာရာတိုင်းကို သင် ဘယ်လို တုံ့ပြန်ဆောင်ရွက်တယ်ဆိုတာသာ ဖြစ်ပါတယ်။
အခြားသူများရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားပါ။ သင်ရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပို၍လွယ်ကူကြောင်း တွေ့ရပါလိမ့်မယ်။ “မဖြစ်နိုင်ဘူး”ဆိုတဲ့ စကားကို ထပ်ကာတလဲလဲ မပြောဆိုပါနှင့်။ ဒီစကားကို အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်ပါ။
မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိခြင်းက အောင်မြင်မှုအတွက် အရေးအပါဆုံး လျှို့ဝှက်ချက်တစ်ခုပါ။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိပါစေ။
အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်ပြီး တစ်ခုခုကို ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။ ဒါဆိုရင် အခက်အခဲဆိုတာ သင်ထင်ထားတာရဲ့ တစ်ဝက်လောက်ပင် ခက်ခဲကြမ်းတမ်းမှု မရှိကြောင်း တွေ့လာပါလိမ့်မယ်။
ပျော်ရွှင်မှုဆိုတာ မျှဝေခံစားခြင်းဖြင့် တိုးပွားလာစေပါတယ်။ သင်တစ်ယောက်တည်းအတွက်သာ ဖက်တွယ် ထားမယ်ဆိုရင်တော့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာ မျှဝေခံစားခြင်းအားဖြင့် သင် ထင်ထားတာထက်ပိုပြီး တိုးပွားလာပါလိမ့်မယ်။
ပြဿနာတွေနဲ့ပတ်သက်တဲ့ သင့်ရဲ့သဘောထားက ပြဿနာဆိုတာထက် ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် အမြဲတမ်း အကောင်းမြင်စိတ်ဓာတ် မွေးမြူပါ။
စွန့်လွှတ်ခြင်းအားဖြင့် ဘဝကို ဖြတ်သန်းပါ။ သင့်မှာရှိသမျှ အရာအားလုံး ဘဝကို ပေးအပ်လိုက်ပါ။ ဒါဆိုရင် ဘဝကလည်း သူ့မှာရှိသမျှ အရာအားလုံး သင့်ကိုပြန်ပြီး ပေးပါလိမ့်မယ်။
Read-လက်နှစ်ဖက် မရှိပေမယ့် ကမ္ဘာကျော် မျက်လှည့်ဆရာ ဖြစ်လာခဲ့သူ