Life Hacks

ကျွန်တော်တို့အားလုံးအတုယူရမယ့် အိုဘားမားရဲ့ မဟာဗျူဟာကဘာလဲ???

Read 14669 times
ကျွန်တော်တို့အားလုံးအတုယူရမယ့် အိုဘားမားရဲ့ မဟာဗျူဟာကဘာလဲ???

သူဟာအရေးကြီးတာတစ်ခုကို သတိရသွားတဲ့အတွက် ချက်ချင်းပြန်ဆင်းခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူလေယာဉ်ပေါ်တက်ခါနီးမှာ သူ့ကို အလေးပြုတဲ့ရဲဘော်ကို ပြန်လည်အလေးပြုခြင်းပဲဖြစ်ပါတယ်။

သာမာန်အမြင်နဲ့ကြည့်ရင် အိုဘားမားဟာ အရေးမကြီးတာကို ရေးကြီးခွင်ကျယ်လုပ်တယ်လို့ မြင်မိကြမှာပါ။ အမှန်တော့ ဒါဟာ အိုဘားမားရဲ့ မဟာဗျူဟာပါ။

အိုဘားမားဟာ သမ္မတအငြိမ်းစားဖြစ်လို့ အာဏာမရှိတော့ပေမယ့် ခုချိန်ထိ ပါဝါတွေရှိနေသေးတာ သူ့ရဲ့မဟာဗျူဟာကြောင့်ပဲ ဖြစ်ပါတယ်။ သူဟာ လူတိုင်းအပေါ် လေးလေးစားစားဆက်ဆံပါတယ်။ သမ္မတသက်တမ်းမှာ အရှေ့တောင်အာရှနိုင်ငံတွေအထိ အပင်ပန်းခံသွားရောက်ခဲ့ပြီး သူ့သဘောထားအမှန်ကို ပြသခဲ့ပါတယ်။

Read-သင်ရော ဘယ်လိုလူမျိုးထဲမှာပါသလဲ.......?

သူ့ကိုယ်သူ စူပါပါဝါနိုင်ငံကြီးရဲ့ သမ္မတဆိုပြီး ဘ၀င်မကိုင်ပါဘူး။ သူ့လက်အောက်က သန့်ရှင်းရေး ၀န်ထမ်းကအစ သူ့အကြံပေးပုဂ္ဂိုလ်အထိ သူဟာ အလေးအနက်ထား ဆက်ဆံပါတယ်။ သူတို့ကို လူရာသွင်းပါတယ်။

အကျိုးဆက်ကတော့ အိုဘားမားဟာ အာဏာကုန်သွားပေမယ့် ယနေ့အထိ သူ့အပေါ်လူတွေ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။ သူ့ကို လူတွေလေးစားကြည်ညိုနေကြတာ သူ့ရဲ့အရည်အချင်းနဲ့ မဟာဗျူဟာတွေကြောင့် ဆိုရင်လည်း မမှားပါဘူး။

သူ့ဟောပြောပွဲတစ်ပွဲအတွက် ဒေါ်လာသန်းချီပေးပြီး အပြိုင်အဆိုင်ဖိတ်ကြားနေတဲ့ တက္ကသိုလ်တွေ အများကြီးဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့ ပညာရေးအတွက် ပြန်လည်လှူဒါန်းတာတွေလည်း မနည်းပါဘူး။ သူ့ရဲ့ထင်ရှားတဲ့ မဟာဗျူဟာ တစ်ခုကတော့ လူတိုင်းအပေါ် လေးလေးစားစား ဆက်ဆံခြင်းပဲ ဖြစ်ပါတယ်။

“Mutual Respect is th best power”

Credit; Moe Kha