Tips

အမည်ပြောင်းမှ ရောင်းကောင်းသွားသည့် Tennensui Sayu ရေနွေးဘူး

Read 4194 times
အမည်ပြောင်းမှ ရောင်းကောင်းသွားသည့်  Tennensui Sayu ရေနွေးဘူး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရေဘူးများသည် ဂျပန်တွင် အရေးပါသည်။ စတိုးဆိုင်များ၏ စင်များပေါ်တွင် ရေဘူးအမျိုးမျိုး တင်ထားကြသည်။ ကာဘွန်နိတ် အချိုရည်ဘူး အမျိုးမျိုးနှင့်အတူ ရှိနေကြသည်။ ကျန်းမာရေး အလေးပေးသူတို့သည် ရေဘူးကို ဝယ်ယူကြသည်။ 

၂၀၂၂ နိုဝင်ဘာလဆန်းတွင် Asahi Soft Drink က ရေနွေးဘူးများကို စတင်ဖြန့်ဖြူးခဲ့သည်။ 

အမည်ကို  Oishii Mizu Tennensui Sayu ဟု ပေးထားသည်။ 

ဂျပန်ဝေါဟာရတွင်  “sayu”  သည်  “oyu” ၏ ဆန့်ကျင်ဘက် ဖြစ်သည်။

“oyu” သည် ရေကို  40 degrees Celsius (104 degrees Fahrenheit) အထိ အပူပေးထားသည်။ 

 “sayu”  သည် ရေကို ပွက်ပွက်ဆူသည်အထိ အပူပေးသည်။ ပြီးမှ 50 degrees Celsius (122 degrees Fahrenheit) သို့ ရောက်အောင် ပြန်အအေးခံထားသည်။ 

“oyu” သည် သာမန်ရေနွေး ဖြစ်သည်။  “sayu”  သည် ရေကျက်အေး ဖြစ်သည်။ 

.

Tennensui Sayu 334.png

 

Asahi မှ ထုတ်လုပ်သော  Oishii Mizu Tennensui Sayu သည် သဘာဝစမ်းရေကို ဘူးထဲသို့ တိုက်ရိုက်ထည့်ပြီး အပူချိန် 50 ~ 60 degrees Celsius (122 ~140 degrees Fahernheit) သို့  မြင့်တက်အောင် အပူပေးသည်။ သို့ဖြစ်ရာ သာမန်ရေနွေးသာ ဖြစ်သည်။ ရေကျက်အေး  “sayu”  မဟုတ်ချေ။ သို့သော် ရေကျက်အေး အပူချိန် 50 degrees Celsius နှင့် အပူချိန်ချင်း တူနေသည်။ 

.

ရေနွေးဘူး ဝယ်ယူသူတို့က Oishii Mizu Tennensui Sayu ကို လိုလိုချင်ချင်ဖြင့် ဝယ်သောက်ကြသည်။ ရောင်းအား ရည်မှန်းထားသည်ထက် ၁၀ ဆ ကျော်လွန်သည်အထိ ရောင်းအားကောင်းသည်။ 

.

အတိတ်ကို ပြန်ကြည့်ပါက ၂၀၁၄ ခုနှစ်တွင် Asahi က ရေနွေးဘူး ရောင်းခဲ့ဖူးသည်။ ထိုစဉ်က အမည်ကို တဲ့တိုး  “Hot Tennensui” ဟု ပေးထားသည်။ ရောင်းအား မကောင်းခဲ့ချေ။ ယခုတစ်ကြိမ်တွင် လူအများ ဝယ်လိုကြသည်မှာ  “Sayu” ဖြစ်နေသဖြင့်   Oishii Mizu Tennensui Sayu ဟု အမည်တွင် “Sayu” ဖြင့် အဆုံးသတ်တွင် ထည့်ပေးထားသည်။ 

.

Oishii Mizu Tennensui Sayu  ရေနွေးဘူး ရောင်းဈေးမှာ ၁၁၃ ယန်း  (US$0.80) ဖြစ်ပြီး ရေဘူးအရွယ်အစားမှာ ၃၄၀ မီလီလီတာ (၁၁ အောင်စ) ရေဘူး ဖြစ်ပါသည်။ 

 soranews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U