မင်းရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
မင်းရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ညသန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။
ဒီကြားထဲက 6 နာရီိကို မင်းဘယ်လို အသုံးချပါသလဲ? TV ကြည့်တာလား?
တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက် ပိုအရေးကြီးပါတယ်။
လူတော်တော်များများထင်နေတာက ကျွန်တော်တို့ carrer ကိုတိုးတက်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။
ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။
တကယ်လို့ မင်းက ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတက်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို အပြစ်တင်လို့မရပါဘူး။
ကိုယ့်ကိုယ်ကို တိုးတက်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့တာဝန်ပါ။
မင်းဟာ မင်းရဲ့ ညနေခင်းအချိန်တွေကို ဘယ်လိုအသုံးချလဲဆိုတာဟာ အလွန်အရေးကြီးပါတယ်။ စာဖတ်ပါ။
ဘဝမှာ မင်းလိုချင်တာရဖို့ Knowledge က အရေးကြီးပါတယ်။ ဒီဗဟုသုတတွေကို မင်းရဲ့အလုပ်မှာ ၊မင်းရဲ့ဘဝမှာ ပြန်လည်အသုံးချရပါမယ်။
တကယ်လို့ မင်းက စာဖတ်သန်တယ်ဆိုရင် မင်းဗဟုသုတတွေပြည့်ပြီး မင်းရဲ့ စကားပြောတဲ့ခေါင်းစဉ်တွေ၊ အကြောင်း အရာတွေ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။
Anthony Robbins ကပြောပါတယ်။ တကယ်လို့ မင်းဟာ တစ်နေ့ကို တစ်နာရီအချိန်ပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါမှာ
မင်းရမဲ့ Knowledge တွေက ကမ္ဘာ့လူတွေရဲ့ 99.999% လောက်ထိဖြစ်ပါလိမ့်မယ်တဲ့။ တစ်နေ့ကို အချိန် သုံးဆယ်မိနစ်လောက်ပဲ စာဖတ်ချိန်ပေးနိုင်ရင်တောင်
တစ်နေ့တစ်နေ့ Knowledge တွေ အများကြီးရမှာပါ။ မင်း expert မဖြစ်ဘူးဆိုရင်တောင် မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေထက် ဗဟုသုတပိုများလာမယ်ဆိုတာ အာမခံနိုင်ပါတယ်။
တကယ်လို့ မင်းရဲ့ လက်ရှိအလုပ်က မင်းတကယ်စိတ်ဝင်စားတဲ့ အလုပ်မဟုတ်ဘူးဆိုရင် မင်းဟာ ဒီအချိန်တွေမှာ မင်းတကယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာလို့ရပါတယ်။
ဒီလို့ရတဲ့အချိန်မှာ စိတ်ဝင်စားတဲ့အရာတွေ လေ့လာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ မင်းရဲ့ career ကို ပြောင်းလိုက်လို့ရပါလိမ့်မယ်။ start up တစ်ခု စလိုက်လို့ ရပါတယ်။
Project တွေ လုပ်ဆောင်ပါ။ volunteer project တွေလုပ်နိုင်ပါတယ်။
Recommended for you-သင်ဘာကြောင့် သူတို့လိုမအောင်မြင်တာလဲ???
ကိုယ်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ကြည့်ပါ။ စမ်းသပ်ကြည့်ပါ။
ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လေ့လာပါ။ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။ Network တည်ဆောက်ပါ။
မင်းရဲ့ အလုပ်လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့ strong connection network တစ်ခုရှိနေဖို့ လိုပါတယ်။
ဒီလိုမျိုးမရှိဘူးဆိုရင်တော့ မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး လုပ်ဆောင်ရပါလိမ့်မယ်။
Professional life ထဲကဆရာကြီးတွေဆီမှာ လေ့လာသင်ယူပါ။
အလုပ်ကအိမ်ပြန်ရောက်လို့ ဒီလိုညချမ်းတွေမှာ အနားယူတယ်ဆိုပြီး movie ကြည့်တာ၊ TV ကြည့်တာ၊ game ကစားတာ၊
social media ပေါ်မှာ သူများအကြောင်းလိုက်စပ်စုနေတာ၊ အတင်းပြောတာတွေနဲ့ အချိန်ကုန်ဆုံးရတာ အရမ်းပျော်စရာကောင်းမှာပါ။
ဒါပေမဲ့ ဒီအရာတွေက မင်းရဲ့အနာဂတ်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
မင်းဘဝရဲ့ အပြောင်းအလဲက ဒီနေ့ညက စပါပြီ။ တစ်နာရီတည်းပါ။
အလုပ်ပြီးလို့ မင်းအိမ်ပြန်ရောက်တဲ့ အချိန်ဟာ တခြားသူတွေ ခိုင်းတဲ့အရာတွေကို လုပ်စရာမလိုတဲ့ အချိန်ပါ။
မင်းရဲ့ အားလပ်ချိန်ပါ။ ဒါကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ။ တစ်နာရီတည်းနော်...။
Recommended for you-မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဘာတွေလုပ်သင့်လဲ???
Resource : Jack Ma "Interview with business magnate on Voices of China"
Credit; Original Uploader
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်အပြင် အခြားသောစာအုပ်များလည်းထွက်ရှိလာပါပြီနော်...။
