Digital Marketing

တစ်စက္ကန့်အတွင်း အမြတ်ငွေ အများဆုံး ရနေသော ကုမ္ပဏီများ

Read 1399 times
တစ်စက္ကန့်အတွင်း အမြတ်ငွေ အများဆုံး ရနေသော ကုမ္ပဏီများ

အခုလည်း Fortune Global 500 ရဲ့ စာရင်းမှာ Apple ဟာ ကမ္ဘာမှာ အမြတ်ငွေ အများဆုံး ရတဲ့ ထိပ်ဆုံး ကုမ္ပဏီ ဖြစ်နေပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ Apple , Google , Facebook, Microsoft တို့ရဲ့ တစ်စက္ကန့်မှာ ရရှိတဲ့ အမြတ်ငွေကို သိရှိခဲ့ရပါတယ်။

အဲဒီ စစ်တမ်းအရလည်း Apple ဟာ တစ်စက္ကန့်အတွင်း အမြတ်ငွေ အများဆုံး ရရှိတဲ့ ကုမ္ပဏီများထဲမှာ ကမ္ဘာ့ နံပါတ်တစ်ဖြစ်လာပါတယ်။ ကုမ္ပဏီများရဲ့ နှစ်စဉ် ရလဒ် ထုတ်ပြန်မှုများအပေါ် အခြေခံ၍ Fortune 500 က စစ်တမ်းကောက်ယူထားခြင်း ဖြစ်ပါတယ်။

စစ်တမ်းအရ Apple ဟာ တစ်စက္ကန့်မှာ ၁၄၄၄.၇၆ ဒေါ်လာ အမြတ်ငွေ ရရှိနေပါတယ်။ ဒီပမာဏဟာ ဒုတိယနေရာကနေ ရပ်တည်နေတဲ့ JP Morgan Chase ရဲ့ အမြတ်ငွေ ၇၈၂.၁၄ ဒေါ်လာထက် နှစ်ဆတောင်များပြားနေပါတယ်။ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet က နံပါတ် ၂၇ နေရာမှာ ရပ်တည်နေပြီး ၆၁၅.၉၆ ဒေါ်လာ၊ Microsoft က ၅၃၁.၂၁ ဒေါ်လာ နဲ့ Facebook က ၃၂၃.၀၉ ဒေါ်လာ ရရှိကြပါတယ်။

Walmart က တစ်စက္ကန့်မှာ ၄၃၁.၄၃ ဒေါ်လာ၊ Intel က ၃၂၆.၂၂ ဒေါ်လာ အမြတ်ငွေ ရရှိနေကြပါတယ်။ လေ့လာသူများက ၂၀၂၁ ခုနှစ်မှာ Microsoft က Apple ကို အမီလိုက်လာနိုင်မယ်လို့ တွက်ချက်ထားကြပါတယ်။