Tips

အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် ရှိထားသင့်တဲ့ Skill များ

Read 1868 times
အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် ရှိထားသင့်တဲ့ Skill များ

Programming Skills

Java ၊ PHP ၊ HTML ၊ CSS နဲ့ C++ စတဲ့ Programming Languages တွေကို တတ်ကျွမ်းရင် အွန်လိုင်းစွန့်ဦးတီထွင်သူ လုပ်လို့ ရပါပြီ။ ကိုယ်တိုင် မိုဘိုင်း app တွေ ဖန်တီးနိုင်တယ်။ ဝက်ဘ်ဆိုက်တွေ ရေးနိုင်တယ်ဆိုရင် တစ်ခြားစီးပွားရေးလုပ်ငန်းတွေအတွက် ဝက်ဘ်ဆိုက်နဲ့ app တွေ ရေးဆွဲပေးတာ ဖြစ်ဖြစ် ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ပိုင် Product ထုတ်တာပဲ ဖြစ်ဖြစ် လုပ်လို့ ရပါတယ်။

 

Video Production Skills

ရုပ်သံတည်းဖြတ်ထုတ်လုပ်မှုတွေ လုပ်နိုင်မယ် ၊ အန်နီမေးရှင်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေ နိုင်တယ်ဆိုရင် တကယ်ကို အသုံးဝင်ပါတယ်။ ကိုယ့်ဘာသာ ရုပ်ကဒ်လေးတွေ ဆက်ပြီး စိတ်ဝင်စားရာအကြောင်းအရာတွေကို YouTube မှာ တင်ပြီး ပိုက်ဆံရှာလို့လည်း ရသလို စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ရုပ်သံတည်းဖြတ်ပေးတာမျိုးကိုလည်း Third Party အနေနဲ့ လုပ်နိုင်ပါတယ်။

 

Digital Marketing Skill

Content ရေးသားထုတ်လုပ်ခြင်းဟာ ဒီဂျစ်တယ်စီးပွားရေးရဲ့ အသက်ဝင်နေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းသုံး လူမှုကွန်ရက်စာမျက်နှာတွေအတွက် ဒီဂျစ်တယ်ဈေးကွက်ကြော်ငြာမှုနဲ့ ရောင်းအားမြှင့်တင်မှုတွေကလည်း ဒီဘက်ခေတ်ရဲ့ အလုပ်အကိုင်ပုံစံသစ်တွေ ဖြစ်ပါတယ်။ Digital Marketing နယ်ပယ်မှာ ကျွမ်းကျင်သူတွေဟာ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့လည်း ထောင်နိုင်သလို လုပ်ငန်းတိုင်းမှာလည်း Digital Marketer တစ်ယောက်အနေနဲ့ ဝင်ရောက်နိုင်မှာပါ။

 

Online Tutoring

အွန်လိုင်းကနေ ကျူရှင်ပြလို့ရပါတယ်။ ဒီဘက်ခေတ် ပညာရေးဟာ အွန်လိုင်းအခြေပြုဆိုတဲ့ စကားနဲ့ မစိမ်းတော့ပါဘူး။ Zoom သုံးပြီး ဖြစ်ဖြစ် Microsoft. Team ကနေ ဖြစ်ဖြစ် ပညာသင်လို့ရပါတယ်။ ဘာသာစကားသင်တန်းဆရာတွေအနေနဲ့လည်း အွန်လိုင်းပညာသင်ကြားမှုပုံစံကို ကိုယ်ပိုင်အလုပ်တစ်ခုလို လုပ်နိုင်ပါတယ်။

 

kwee

 

Myanmar Advertising Guide