Digital Marketing

သင်သိထားဖို့ အရေးကြီးသော Online Directories ရဲ့ အကျိုးကျေးဇူးများနဲ့ အခန်းကဏ္ဍ

Read 1707 times
သင်သိထားဖို့ အရေးကြီးသော Online Directories ရဲ့ အကျိုးကျေးဇူးများနဲ့ အခန်းကဏ္ဍ

ဒါပေမယ့်... Google ရဲ့ Search Results မျိုးမဟုတ်တဲ့ အခြား SEO ပုံစံတစ်မျိုးရှိပါသေးတယ်။ အဲ့ဒါကို Local SEO လို့ခေါ်ပါတယ်။ သူတို့တွေကတော့ Online Directories (အွန်လိုင်းလမ်းညွှန်) တွေလို့ အမည်တပ်ထားတဲ့ Website တွေဖြစ်ပါတယ်။ Customers အနေနဲ့ အဲ့ဒီ Directory မှာ သူတို့လိုအပ်တာကို သွားရိုက်ရှာရင် Results အနေနဲ့ ကိုက်ညီတဲ့ Business တွေကို ထုတ်ပြတာမျိုးပါ။

ရန်ကုန်လမ်းညွှန်၊ မန္တလေးလမ်းညွှန်လိုမျိုး စာအုပ်ထူထူကြီးတွေမှာဆိုရင် နာမည်နဲ့ လိပ်စာလောက်ပဲ ထည့်သွင်းပေးနိုင်ပါတယ်။ ဒီ Online Directories တွေမှာတော့ ဒါတွေတင်မကဘဲ သုံးသပ်ချက် (Review)၊ နှိုင်းယှဉ်ချက် (Comparison) အပြင် အခြားအချက်အလက်တွေကိုပါ Customers တွေသိနိုင်အောင် ဝေဝေဆာဆာ ဖော်ပြပေးပါတယ်။ ဒါကြောင့် Customers တွေဘက်ကကြည့်မယ်ဆိုရင်လည်း ဝယ်ယူမှုတွေ မလုပ်ခင်မှာ ထိရောက်မြန်ဆန်တဲ့ ရွေးချယ်မှုမျိုးကို လုပ်နိုင်တာကြောင့် အကျိုးများတဲ့အပြင် စိတ်ကျေနပ်လောက်စရာပဲ ဖြစ်ပါတယ်။

ဒီ Local SEO ရဲ့ နောက်ထပ်ကောင်းကွက်တစ်မျိုးကတော့ Customers တွေရဲ့ အနီးအနားက Business တွေကို GPS မှတစ်ဆင့် လမ်းညွှန်ပေးတာမျိုးပါ။ အသုံးပြုရလွယ်ကူမှု (Accessibility) ကြောင့် Business နဲ့ Customers အကြားက ထိတွေ့မှု (Exposure) ကပါ မြင့်တက်လာပါတယ်။ "Comscore" ရဲ့ လေ့လာချက်အရဆိုရင် မိုဘိုင်းဖုန်းမှတစ်ဆင့် ရှာဖွေမှုရဲ့ 78% ဟာ ဝယ်ယူမှု အထမြောက်လေ့ရှိကြောင်းကိုပါ သိရှိရပါတယ်။

Online Directories ရဲ့ အကျိုးကျေးဇူး ?

1. Search Engine Rankings

Online Directories တွေမှာ ပါဝင်တဲ့ Business တွေဟာ Search Engine မှာပါ သာလွန်ထင်ရှားနေပါတယ်။ Google မှတစ်ဆင့် ရှာဖွေမှု ရလဒ်တွေရဲ့ First Page အများစုမှာဆိုရင် ဒီ Directories တွေမှာ စာရင်းသွင်းထားတဲ့ Business တွေပဲ ပါဝင်နေတတ်ပါတယ်။

2. Increased Exposure

Online Directory မှာ ရှာဖွေမှုစနစ်က ယေဘုယျ keyword စနစ်နဲ့မဟုတ်ပဲ အနီးစပ်ဆုံး Results တွေအားလုံးကို ပြသပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် Business တိုင်းအတွက် ရှာဖွေတွေ့ရှိမှု အခွင့်အလမ်း တွေကို တပြေးတညီတည်း များပြားစေပါတယ်။
ဥပမာအားဖြင့် Customer တစ်ဦးက Search Bar မှာ "Coffee Shop" လို့ ရိုက်ရှာမယ်ဆိုရင် အနီးတဝိုက်က သင့်လျော်တဲ့ ကော်ဖီဆိုင်တွေကို အကုန်လုံးပြသပေးပါတယ်။ ဒါကြောင့် ဈေးကွက်ပိုင်းမှာ ဦးတည်ချက်အားနည်းတဲ့ လုပ်ငန်းတွေကိုပါ ဖောက်သည်တွေ ပိုမိုတိုးများစေပါတယ်။

3. Customer Reviews

Online Directory မှာ Customers တွေအနေနဲ့ ဝေဖန်သုံးသပ်ချက် (Review) တွေကို ချက်ချင်းပဲ ရေးသားနိုင်ပါတယ်။ Review ကောင်းတစ်ခုက အခြား Customers တွေကို ဆွဲဆောင်တဲ့နေရာမှာ အတော်လေး ထိရောက်မှုရှိပါတယ်။
Reviews ကောင်းကောင်းတွေဟာဆိုရင် Business တစ်ခုရဲ့ ပုံရိပ် (Image) နဲ့ ဂုဏ်သတင်း (Reputation) ကိုပါ ရေရှည်မှာ အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။ Customers တွေအနေနဲ့လည်း Reviews ကောင်းတွေရှိနေတဲ့ Business က အများကြီး ယုံကြည်စိတ်ချနိုင်တာကြောင့် ဝယ်ယူဖို့အတွက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး။

myanmardigitalmarketing