
သူဟာ web ဒီဇိုင်းတွေနဲ့ marketing ပိုင်းမှာ အစပျိုးလုပ်ကိုင်ရာကနေ online ဈေးကွက်မှာ website တွေရောင်းပြီး ဝင်ငွေရှာတဲ့အထိ Taylor နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Evan Lisabeth တို့ဟာ သူတို့ရဲ့ online business တွေကို တရှိန်ထိုးတိုးတက်အောင် စွမ်းဆောင်လာခဲ့ကြတာပါ။ Taylor ပြောဖူးတဲ့ စကားကတော့ “ကျွန်တော့်မှာ idea ပေါင်းများစွာရှိပေမယ့် လက်တွေ့အကောင်အထည်မဖော်မချင်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ Project တစ်ခု စလုပ်ဖို့ အချိန်ကောင်းကို စောင့်စရာလည်း မလိုပါဘူး။ ချက်ချင်းစလုပ်ဖို့ လိုတာ အသေအချာပါ” တဲ့။

Tim Seidler ကတော့ သူရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေတဲ့အထိ online business ကို အသုံးချနိုင်ခဲ့သူ ကလေးအဖေ အိမ်ထောင်ရှင်တစ်ယောက်ပါ။ အကြွေးတွေနစ်နေတဲ့အချိန် အခွန်အခတွေလည်းမဆောင်နိုင်တော့တဲ့အချိန်မှာ သူဟာ အလုပ်ကနေထွက်ပြီးတော့ website နမူနာတွေရောင်းရင်း online ပေါ်မှာ ဝင်ငွေရှာဖို့ပဲ အာရုံစိုက်တော့ပါတယ်။ Seidler ဟာ သူ့ရဲ့ website မှာ သူ့ဘဝရဲ့ အနိမ့်အမြင့်တွေအကြောင်း blogတွေရေးသားလေ့ရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့ လက်ရှိ project တွေနဲ့ နောင်အတွက် စီစဉ်ထားတဲ့ project တွေ နေ့စဉ် လစဉ်ဝင်ငွေအကြောင်းကိုလည်း မျှဝေပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ online business ခရီးကြမ်းကိုလည်း သိထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။
Dom Wells ကတော့ လူငယ် စွန့်ဦးတီထွင်သူတွေကို online ကနေတဆင့် ပိုက်ဆံရှာနိုင်မယ့်နည်းလမ်းတွေကို ပို့ချပေးနေတဲ့ အောင်မြင်သူ marketer တစ်ယောက်ပါ။ သူ့ရဲ့ website ဖြစ်တဲ့ Human Proof Design မှာ လေ့လာမှုတွေကနေ ပိုက်ဆံရှာတဲ့အထိ website ကောင်းတစ်ခု ဘယ်လိုထောင်ရမလဲဆိုတာ သိချင်သူတွေအတွက် blog တွေရေးသားပို့ချပေးတာပါ။ ဒီလိုတွေရေးသားတဲ့အပြင် တဖက်မှာလည်း website အသစ်တွေထူထောင်ရင်း သူ့ရဲ့ အတွေ့အကြုံတွေကို စာဖတ်သူတွေအတွက် လက်တွေ့သင်ခန်းစာတွေဖြစ်အောင် သင်ကြားပေးနေပါတယ်။

Steve Rendell ကတော့ အကျိုးအမြတ်များများရနိုင်တဲ့ website တွေထောင်ဖို့စိတ်ဝင်စားသူတွေ personal blog တွေကိုသုံးပြီးလူသိများအောင်မြင်ချင်သူတွေအတွက် အသုံးဝင်မယ့် online resource တွေကို ပို့ချပေးနေတဲ့ Texfly ရဲ့ နောက်ကွယ်က လူတစ်ယောက်ပါ။ Rendellရဲ့ website အောင်မြင်တာဟာ ဒီ website တကယ်တမ်းဘယ်လိုအလုပ်ဖြစ်သလဲဆိုတာ သူကိုယ်တိုင် မကွယ်မဝှက်ပြောပြရဲလို့ပါပဲ။ Texfly မှာရှိတဲ့ Rendell ဖန်တီးထားသမျှ blog တွေဟာ ဖတ်ရတာတန်သလို လက်ရှိ online business သမားတွေအတွက်လည်း အကျိုးရှိမှာ အသေအချာပါ။

Stuart Walker ဟာဆိုရင် ကမ္ဘာအနှံ့ ခရီးသွားပြီးတော့ online variety တွေကနေတဆင့် ဝင်ငွေရနေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ရဲ့ website ဖြစ်တဲ့ Niche hacks ကနေတဆင့် သူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ဆန်းစစ်သုံးသပ်မှုတွေကို မျှဝေလေ့ရှိပါတယ်။ Walker ဟာ online မှာရှိတဲ့ စီးပွားရေးအခွင့်အလမ်းတွေပေါ်မှာ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး နေရာအနှံ့အပြားမှာ လှည့်လည်နေထိုင်ရင်းနဲ့ပဲ ဝင်ငွေကောင်းကောင်းရနိုင်မယ့် နည်းလမ်းတွေကို အကောင်အထည်ဖော်ခဲ့တာပါ။ သူ့ရဲ့ blog တွေကို အခမဲ့ဖတ်နိုင်တဲ့အပြင် content ကို လူကြိုက်များအောင် လုပ်နိုင်တာတွေ web traffic တက်အောင် စွမ်းဆောင်နိုင်တာတွေဟာ business သမားတွေအတွက်တော့ အတုယူစရာပါပဲ။
(6) Tung Tran

Online လောကမှာအောင်မြင်ချင်ရင် နောက်ထပ်သိထားရမယ့်အချက်က မိမိ website ရဲ့ organic search အဆင့်တက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။
Tung Tran ကတော့ သူရဲ့အောင်မြင်မှုတွေ နည်းဗျူဟာတွေကို cloud living မှာ မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် online business တစ်ခု ဘယ်လိုအစပျိုးရမလဲဆိုတာနဲ့ traffic များများရအောင် ဘယ်လိုနည်းဗျူဟာတွေ သုံးသင့်သလဲဆိုတာ ဆွေးနွေးအကြံပေးတဲ့သူတစ်ယောက်ပါ။

Online လောကမှာအောင်မြင်ချင်ရင် နောက်ထပ်သိထားရမယ့်အချက်က မိမိ website ရဲ့ organic search အဆင့်တက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ Tung Tran ကတော့ သူရဲ့အောင်မြင်မှုတွေ နည်းဗျူဟာတွေကို cloud living မှာ မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် online business တစ်ခု ဘယ်လိုအစပျိုးရမလဲဆိုတာနဲ့ traffic များများရအောင် ဘယ်လိုနည်းဗျူဟာတွေ သုံးသင့်သလဲဆိုတာ ဆွေးနွေးအကြံပေးတဲ့သူတစ်ယောက်ပါ။
(8) Melanie Duncan

Melanie Duncan ကတော့ တကမ္ဘာလုံးက စွန့်ဦးတီထွင်သူတွေ လေးစားအားကျရသူတစ်ယောက်ပါ။ သူမဟာ ကျွန်တော်တို့မှာ ရှိနေတဲ့ ပြဿနာတစ်ခုကို ထောက်ပြခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့လုပ်ငန်းစဉ်အတွင်းမှာတင်မဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးပေါ်မှာ ဘယ်အရာက ဘယ်လိုအလုပ်ဖြစ်သလဲဆိုတာ မလေ့လာမသင်ယူရင် ကျွန်တော်တို့အနေနဲ့ နည်းဗျူဟာကျကျတိုးတက်မှာ မဟုတ်သလို ထိုက်သင့်တဲ့ ဘဝတန်ဖိုးကို ဆုံးရှုံးရပါလိမ့်မယ်တဲ့။ Melanie Duncan ဆီကနေ online business တစ်ခုကို ဘယ်လိုတိုးတက်စေနိုင်မလဲဆိုတာ ကျွန်တော်တို့ သင်ယူနိုင်မှာ အသေအချာပါပဲ။
Source: moe