Local

Online ကနေ ငွေချေးနိုင်တော့မယ့် ဒီဂျစ်တယ်အသေးစားချေးငွေ Smart Credits Plus

Read 6258 times
Online ကနေ ငွေချေးနိုင်တော့မယ့် ဒီဂျစ်တယ်အသေးစားချေးငွေ Smart Credits Plus

‘‘Shop.com.mm ပေါ်မှာ ကုန်ပစ္စည်းတွေတင်ပြီး ရောင်းချသူတွေဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ငွေကြေးအသုံးချမှုကို သေချာလုပ်နိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။ ဒါကြောင့် ရိုးမဘဏ်အနေနဲ့ ဘဏ်ရဲ့ ဒစ်ဂျစ်တယ်ချေးငွေပံ့ပိုးပေးခြင်းဖြင့် သူတို့ရဲ့စီးပွားရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်နိုင်အောင် ကူညီပေးခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါ တယ်’’ လို့ ရိုးမဘဏ်ဒစ်ဂျစ်တယ် Credit ဌာနအကြီးအကဲ Jason Loughnane က ပြောပါတယ်။

ရိုးမဘဏ်အနေနဲ့ ၀န်ဆောင်မှုအသစ်ဖြစ်သော Smart Credit Plus အပေါင်ပစ္စည်းမဲ့ ဒစ်ဂျစ်တယ်အသေးစား ချေးငွေဝန်ဆောင်မှု ပေးအပ်ရာမှာ လျှောက်ထားလိုသူများ ဘဏ်သို့သွားရောက် လျှောက်ထားခြင်း၊ အပေါင် ပစ္စည်းနှင့် စာရွက်စာတမ်းစတဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်များကို မလိုအပ်ဘဲအွန်လိုင်းမှတစ်ဆင့် လျှောက်ထားရယူနိုင်ကြောင်းကို မေလ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Ads Account သုံးပြီး Boost လုပ်မယ်ဆိုရင် ဘယ်လိုတွေထိရောက်မှုရှိလဲ

‘‘SMART Account ရှိတာနဲ့ ရောင်းချသူတွေဟာ သူတို့ရဲ့ SmartPhone ကနေတစ်ဆင့် ချေးငွေကို လွယ်ကူစွာလျှောက် ထားနိုင်မှာဖြစ်သလို စာရွက်စာတမ်းတွေကို တင်သွင်းစရာမလိုဘဲ ရုံးဖွင့်ရက်တစ်ရက်အတွင်းမှာပဲ ချေးငွေကို လက်ခံရရှိမှာဖြစ်ပါတယ်’’ ဟု Jason Loughnane က ပြောပါတယ်။

ဒစ်ဂျစ်တယ် အသေးစားချေးငွေ လျှောက်ထားလိုသူများအနေနဲ့ ရိုးမဘဏ်ရဲ့ Smart Account ရှိရန်လိုအပ်မှာဖြစ်လို့ နီးစပ်ရာဘဏ်ခွဲများမှာ လျှောက်ထားနိုင်ပြီး Account ရရှိပါက အွန်လိုင်းမှတစ်ဆင့် ချေးငွေ လျှောက်ထားရမှာဖြစ်ပါတယ်။

ချေးငွေပထမဆုံးလျှောက် ထားသူဟာ အနည်းဆုံးကျပ်တစ်သိန်းနဲ့ အများဆုံးကျပ်သိန်း ၅၀ အထိ တစ်လမှ သုံးလချေးငွေကာလအထိ လျှောက်ထားနိုင်ပြီး ချေးငွေပြန်ဆပ်ကာ ဒုတိယအကြိမ် ပြန်လည်လျှောက်ထားသူ များအနေဖြင့် အများဆုံးကျပ် သိန်း ၁၀၀ ကို တစ်နှစ်(၁၂ လ) ကြာ ရယူလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ချေးငွေပမာဏများပေးအပ်မယ်ဆိုရင် Shop.com.mm တွင် ရောင်းချတဲ့ ရောင်းအားကို မူတည်ပြီးတိုးပေးမှာဖြစ်ပါတယ်။ ဘဏ်ကိုအချိန်မှန်ပေးဆပ်မှုရှိ၊ မရှိအပေါ်မူတည်ကာ ဆုံးဖြတ်ဖြစ်ပြီး အတိုးနှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းနဲ့ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source; 7DayDaily
Myanmar Advertising Directory