native chatting ဆိုတာ customer တွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ social media တွေရဲ့ messaging ဝန်ဆောင်မှုကို အလိုအလျောက်စနစ်ဖြစ်သော်လည်းကောင်း မိမိကြိုက်နှစ်သက်သလိုပြောင်းလဲ၍သော်လည်းကောင်း အသုံးချတာပါ။ ပိုပြီး customer မြဲလာပြီး engage rate တိုးလာတာနဲ့အတူ messaging service application တွေဟာ ရောင်းသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ချင်သူ customer တွေအတွက် ထိပ်ဆုံးက ရွေးချယ်စရာဖြစ်လာပါတယ်။ သင်ဟာ ဒီလို chat application တွေကို မသုံးဘူးဆိုရင်တော့ eCommerce အခွင့်အရေး အကြီးကြီးကို လက်လွတ်ဆုံးရှုံးတာနဲ့ အတူတူပါပဲ။ customer ဘက်က မေးတဲ့မေးခွန်းတွေ ပြဿနာတွေကို (customer တွေ ချိတ်ဆက်ပြီးသားဖြစ်တဲ့ သာမန် channel တော်တော်များများမှာ ) အချိန်နဲ့တပြေးညီ ဖြေကြားပေးနိုင်တာဟာ customer service ကောင်းကောင်းပေးဖို့ အထောက်အကူဖြစ်တဲ့အတွက် customer တွေမြဲစေရုံသာမက သင့်ရဲ့ brand ပုံရိပ်နဲ့ ဂုဏ်သတင်းပါပိုကောင်းလာစေနိုင်ပါတယ်။
Social media ဟာ customer တွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ အသုံးဝင်လှပေမယ့် မိမိရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး အရေးကြီးအချက်အလက်တွေကိုတော့ မပြောဆိုမိဖို့ သတိထားပါ။ ဒီလို စကားဝိုင်းတွေကနေ သင့်ရဲ့ brand နဲ့ပတ်သက်တဲ့ အဖိုးတန် insight တွေ နယ်ပယ်တွေ ပြိုင်ဖက်တွေအကြောင်းကိုပါ ရိပ်မိသိရှိသွားနိုင်ပါတယ်။ သင်ရဲ့ cutomer တွေကို စဉ်ဆက်မပြတ်လေ့လာနေတာကလည်း ရှုပ်ထွေးတဲ့အခြေအနေတွေကို ဖြေရှင်းဖို့ brand နဲ့ပတ်သက်တဲ့အသိအမှန်ပြုမှုတွေရဖို့ marketing နည်းဗျူဟာ အသစ်တွေရဖို့ customer စိတ်ခံစားချက်တွေကို မျက်ခြေမပြတ်သိရှိဖို့ စတဲ့နေရာတွေမှာ အထောက်အကူပြုပါတယ်။ သင့်ရဲ့ပြိုင်ဖက် company တွေကလည်း သင့်ရဲ့ brand အပေါ် စိတ်ကျေနပ်မှုမရှိတဲ့ customer တွေကို ချက်ချင်းကူညီဖို့ စောင့်ကြည့်နေတယ်ဆိုတာ မမေ့ပါနဲ့။
Social media ပေါ်က အောင်မြင်မှုဟာ သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောနိုင်တာထက် customer တွေက သင့်ရဲ့အကြောင်းကို ဘယ်လောက်များများပြောကြသလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ customer တွေအနေနဲ့ သူတို့ဝယ်ခဲ့ဖူးတဲ့အရာတွေထဲက မဝယ်ခင် ဝယ်နေစဉ်နဲ့ ဝယ်ပြီးအချိန်တွေမှာ စိတ်ကျေနပ်မှုအရဆုံး အကြိုက်ဆုံးအရာတစ်ခုကြောင်းကို ပြန်လည်မျှဝေပေးဖို့ သင့်ဘက်က တိုက်တွန်းတာကို purchase processing လို့ခေါ်ပါတယ်။ လေ့လာချက်တွေအရ Facebook user သုံးယောက်မှာ တစ်ယောက်ဟာ ပစ္စည်းတစ်ခုခု မဝယ်ယူခင်မှာ အရင်ဆုံး share လုပ်တာ comment ပေးတာ စသဖြင့် လုပ်လေ့ရှိပါတယ်တဲ့။
တခြား Online channel တွေထက် social media တွေမှာ ဈေးရောင်းဝယ်နှုန်းဟာ ပိုတိုးတက်လာသလို ဒီကဏ္ဍမှာ buy button တွေကလည်း အရေးကြီးတဲ့နေရာက ပါဝင်နေတာပါ။ Buy button တွေဟာ user တွေအတွက် click တစ်ချက်နှိပ်လိုက်ရုံနဲ့ အခက်အခဲမရှိ လုံခြုံစွာ ပစ္စည်းတွေဝယ်ယူနိုင်အောင် ကူညီပေးပါတယ်။
UGC တွေဆိုတာကတော့ သင့်ရဲ့ customer တွေ fan တွေ follower တွေ share ပေးတတ်တဲ့ giveaway တွေ၊ ပြိုင်ပွဲတွေကို ခေါ်ဆိုတာပါ။ UGC တွေက ecommerce မှာ အသုံးဝင်သလားဆိုရင်တော့ လုံးဝ Yes ပါပဲ။ စစ်တမ်းတစ်ခုအရ UGC တွေကို share တတ်တဲ့ customer တွေရဲ့ 97% လောက်ဟာ engage လုပ်ဖို့ အဆင်ပြေသူတွေချည်းပါပဲတဲ့။ Customer တွေ ကိုယ်တိုင်ဖန်တီးထားတဲ့ သင့်ရဲ့ product image (User generated image) တွေဟာလည်း အသုံးဝင်လွန်းလှပါတယ်။ Online shopper တွေဟာ page တွေက ဖန်တီးထားတဲ့ professional image တွေထက် UGC တွေကို ပိုပြီးနှစ်သက်ကြပါတယ်။
ecommerce လုပ်ငန်းအများစုဟာ ရာသီအလိုက် ဈေးလျော့ပေးတာမျိုး အရောင်းပွဲတွေကျင်းပတာမျိုး giveaway ပေးတာမျိုး စတဲ့မက်လုံးတွေနဲ့ ဆွဲဆောင်တတ်ကြပါတယ်။ ဒါပေမယ့် တခြားသူတွေ ရောင်းပြီးသွားမှ သင့်ရဲ့ seasonal activity တွေကို လူသိရှင်ကြား ကြေငြာရောင်းချတာမျိုးဟာ လူမှုရေးကျင့်ဝတ်နဲ့လည်းမညီ မရိုးသားသလို ဖြစ်သွားတတ်တာ သတိထားပါ။
ရုပ်ပုံမပါတဲ့ content တွေကို user တွေ ဖတ်ဖို့ စိတ်မဝင်စားတတ်ကြပါဘူး။ Visual marketing စစ်တမ်းတစ်ခုအရ စာသားချည်းပါတဲ့ content တွေထက်စာရင် image တွေနဲ့တွဲထားတဲ့ content တွေကို ပိုပြီးရှာရလွယ်ပါတယ်တဲ့။
Social media ကြော်ငြာတွေဟာ အသုံးဝင်တယ်ဆိုပေမယ့် ဒီ ad တွေပေါ်မှာပဲ အမှီပြုပြီး တခြား ဘာ action မှ မယူရင် သင့်ကို လူမှုရေးမကောင်းသူအဖြစ် ထင်သွားတတ်လို့ သင့်ရဲ့ ecommerce လုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်။ အဲဒီအစား ဒီအပေါ်က အချက် (7) ချက်ကိုပါ ထည့်သွင်းအသုံးချကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Source: moe