Life Hacks

Selfie ရိုက်ပြီး Online ပေါ်မှာ တင်လေ့ရှိသူတွေက တခြားသူတွေထက် မှတ်ဥာဏ်ပိုကောင်းတယ်

Read 229 times
Selfie ရိုက်ပြီး Online ပေါ်မှာ တင်လေ့ရှိသူတွေက တခြားသူတွေထက် မှတ်ဥာဏ်ပိုကောင်းတယ်

ဒါဆိုရင်တော့ သင်ကတခြားသူတွေထက် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားရတဲ့သူပါ။

ဓာတ်ပုံလေးတွေရိုက်တတ်တဲ့သူတွေကလည်း မှတ်ဥာဏ်ပိုကောင်းတာကိုလည်း တွေ့ရှိရပါတယ်။ SAGE (Psychological Science) ဂျာနယ်မှာ ဖော်ပြထားတဲ့လေ့လာမှုရလဒ်အရဆိုရင်ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ရက် (ဆိုရှယ်မီဒီယာ)မှာ တင်ခြင်းကြောင့် ဓာတ်ပုံရိုက်ခဲ့တဲ့ပွဲ၊ အချိန်ကာလနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်ကို ပိုတိုးတက်ကောင်းမွန် စေတယ်လို့ သိရပါတယ်။

တခြားသူတွေကို မနာလိုဖြစ်တတ်တဲ့စိတ်တွေ သူများတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေရမယ့် အချိန်တွေကို ဓာတ်ပုံလေးတွေပြန်ကြည့်တယ်. Album လေးတွေခွဲပြီး ပြန်စီတဲ့အလုပ်လေးတွေနဲ့အချိန် ကုန်စေပါတယ်။

တကယ်လို့သင်သာ ဓာတ်ပုံတွေမရိုက်ထားဘူးဆိုရင် သင့်ရဲ့အမှတ်တရတွေကို ပြန်လည်ခံစားဖို့ ပျော်ရွှင်ခဲ့တဲ့အချိန်လေးတွေကို ပြန်လည်ခံစားနိုင်မယ့်အခွင့်အရေး နည်းသွားမှာပါ။

ဓာတ်ပုံလေးတွေရိုက်ပြီး social media တွေမှာတင်တတ်တဲ့သူတွေက တခြားသူတွေထက် ပိုပြီးတော့ ဖန်တီးနိုင်စွမ်းပိုကောင်းပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့က စိတ်ဝင်စားစရာကောင်းတဲ့ပုံလေးတွေ ဖြစ်အောင်ဘယ်လိုရိုက်ရမလဲဆိုတာ စဉ်းစားတတ်ကြတဲ့အတွက် ဖြစ်ပါတယ်။

သူတို့တွေက တက်ကြွလန်းဆန်းမှုအပြည့်ရှိပါတယ်။ သူတို့မှာ တခြားသူတွေနဲ့ မတူတဲ့ အမြင်တွေရှိနေပါတယ်။ သူတို့က လောကကြီးကို မတူညီတဲ့ရှုထောင့်ကနေ ကြည့်တတ်ကြပါတယ်။

ဒါတွေက ပြဿနာဖြေရှင်းတဲ့နေရာမှာ လွယ်ကူအောင်ကူညီပေးတတ်ပါတယ်။

သူတို့တွေက သဘာဝရဲ့အလှကို ပိုပြီးတော့ ခံစားနိုင်စွမ်းရှိပါတယ်။ သဘာဝနဲ့အနီးစပ်ဆုံး လူသားတွေပါ။ စိတ်ဖိစီးမှုတွေလည်း သက်သာစေပါတယ်။ ခရီးတွေသွားရင်လည်း အမှတ်တရ ဓာတ်ပုံတွေရိုက်ထားသင့် ပါတယ်။

ကိုယ့်မှတ်ဥာဏ်ထဲမှာ သိမ်းထားတယ်ဆိုပေမယ့် ဓာတ်ပုံတွေလောက်တော့ ဘယ်ထိရောက်ပါ့မလဲ။

သူတို့တွေက တခြားသူတွေထက် စိတ်ဖိစီးမှုကို မခံစားရပါဘူး။ စိတ်ဖိစိးမှု စိတ်ပျက်အားငယ်မှုတွေ ကြုံရတယ်ဆိုရင်တောင် သူတို့ရဲ့စိတ်ခံစားမှုကို ဓာတ်ပုံလေးတွေအဖြစ်ပြောင်းလဲပြီး အနုပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဒါကလဲ စိတ်ထွက်ပေါက်တစ်ခုပါပဲ။

ဓာတ်ပုံလေးတွေက သင်ရဲ့ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းပါပဲ။ ဓာတ်ပုံထဲမှာ သင့်ဘဝရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ကျရှုံးမှု အောင်မြင်မှုတွေ အားလုံးကို မြှုပ်နှံထားပါတယ်။ 

ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့လူတွေအတွက်ဆိုရင်တော့ ကိုယ်အလုပ်အားနေတဲ့အချိန်မှာ အပိုဝင်ငွေတောင် ရှာနိုင်ပါသေးတယ်။ ဓာတ်ပုံလေးတွေရိုက်ပြီး ပျော်ရွှင်တဲ့အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေဗျာ။

စာဖတ်သူတို့ရော ဓာတ်ပုံလေးတွေရိုက်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးလေးတွေ စိတ်ကျေနပ်စရာ အခြေအနေလေးတွေ ပိုင်ဆိုင်ရလဲဆိုတာ ဝင်ရောက်ဆွေးနွေးပေးကြပါအုံးဗျာ။

Recommended for you-မိမိကိုယ်ကိုယ် ထက်မြက်ဖို့ ဘယ်လိုပျိုးထောင်မလဲ??

Ref; goodhousekeeping

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1