Local

(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး Online ကုန်စည်ပြပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင်ကျင်းပမည်

Read 1736 times
(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး Online ကုန်စည်ပြပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင်ကျင်းပမည်

 

“နှစ်စဉ်နှစ်နိုင်ငံနယ်စပ်အစည်းအဝေးနဲ့ ကုန်စည်ပြပွဲကိုတွဲလုပ်တာ။ နှစ်တိုင်းလုပ်နေကြပါ။ မြန်မာဘက်ခြမ်းမှာ တစ်နှစ်လုပ်၊တရုတ်ဘက်ခြမ်းမှာတစ်နှစ်လုပ်တာပါ။ ဒီနှစ်က COVIDကြောင့် ကုန်စည်ပြပွဲရော၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအစည်းအဝေးရော ကုန်စည်ပြပွဲကိုရော အွန်လိုင်းကနေ ကျင်းပရတာဖြစ်ပါတယ်။ ပြခန်း ၆၀ မှာ မြန်မာလုပ်ငန်းရှင် ၃၀ရဲ့ပြခန်း၊ တရုတ်လုပ်ငန်းရှင် ၃၀ ရဲ့ ပြခန်းတွေပါဝင်ပြသမှာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။
 
အွန်လိုင်းက ကျင်းပသည့်အတွက်ကြောင့် Normal trade ကုန်သွယ်ရေးပုံစံနှင့် ကုန်ပစ္စည်းများအား ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလှည့်ကျရောက်ကြောင်း၊ သို့ရာတွင် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း(မူဆယ်)မြို့တွင် လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် Online စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
 
“အွန်လိုင်းကနေလည်း အပြင်မှာဆွေးနွေးသလို လုပ်လို့ရတယ်။ လုပ်ငန်းရှင်တွေကိုပါဝင်ပြသစေချင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း လယ်ယာထွက်ကုန် သားငါးအပြင် ကဏ္ဍစုံကိုပါဝင်ပြသနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ထားတာပါ။ နောက်တစ်ခုက ကူမင်းမှာ ကျွန်တော်တို့စီးပွားရေးသံမှူးရောက်နေပြီ ဖြစ်လို့ ကုန်သွယ်ရေးမှာ ပိုပြီးလျင်မြန်လာမယ်လို့ယူဆပါတယ်’’ ဟု ဦးမျိုးသူက ဆက်ပြောသည်။
 
ပြပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုး ရေးဌာနခွဲ၊ နေပြည်တော် ဖုန်း-၀၆၇-၃၄၀၈၆၂၂ / ၀၆၇၃၄၀၈၆၂၃၊ [email protected], mo-ctradefair @myantrade.gov.mm နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ရန်ကုန်မြို့ ဖုန်း-၀၁-၃၈၅၃၂၃/ ၀၁-၃၈၅၃၃၆ ၊ Email - [email protected], mitcmyan- trade @ gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 
 
Xinhua