မကောင်းတဲ့ ခံစားမှုတွေ များနေတာလား …
ဒီစာလေးက သင့်ကို ပျော်ရွှင်စေလိမ့်မယ် …
ငြိမ်းချမ်းမှု ရစေလိမ့်မယ် …
တိုးတက်ပြောင်းလဲမှုအတွက် အတွေးလေးတွေ ပေးလိမ့်မယ် …
ဒီအကြောင်းအရာလေးကို ကျွန်တော် ထိုင်းနိုင်ငံကို သွားတုန်း Resort တစ်ခုရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့လို့ ကူးယူပြီး ပြန်လည်ရေးသားပေးထားတာဖြစ်ပါတယ် …
ဘာအကြောင်းလဲဆိုတော့ လူသားတွေသိသင့်တဲ့ စည်းမျဉ်းစည်းကမ်းလေးတွေပါတဲ့ …
လူသားတွေ အားလုံး သိသင့်တဲ့ စည်းမျဉ်းစည်းကမ်း ၉ ခု မျှဝေထားပါတယ် …
1)သင်ခန္ဓာကိုယ်တစ်ခုရမယ်
သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ...
ဒီသက်တမ်းတစ်လျှောက်မှာတော့ အဲဒါ သင့်ခန္ဓာကိုယ်ပဲ ဖြစ်တယ်။
2)သင် သင်ခန်းစာတွေ သင်ယူရမယ်
သင်ဟာ ဘ၀လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ အချိန်ပြည့်ကျောင်းတစ်ခုကို အပ်နှံရမယ်။
အဲဒီကျောင်းမှာ နေ့စဉ်နေ့တိုင် သင်ခန်းစာတွေ သင်ယူဖို့အတွက် အခွင့်အလမ်းတွေ ရမယ်။
အဲဒီသင်ခန်းစာတွေကို သင်ကြိုက်ရင် ကြိုက်မယ်။
မဆီလျော်ဘူး၊ အသုံးမကျဘူးလို့ တွေးရင် တွေးမယ်။
3)အမှားဆိုတာမရှိဘူး၊ သင်ခန်းစာတွေပဲ ရှိတယ်
ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ စမ်းသပ်လုပ်ကြည့်တာတွေ၊ အမှားအယွင်းတွေ၊ ကြိုးပမ်းအားထုတ်တာတွေပါဝင်တဲ့ ဖြစ်စဉ်ဖြစ်တယ်။
မအောင်မြင်တဲ့ ကြိုးစားအားထုတ်မှုတွေဟာလည်း
အဲဒီကြိုးစားအားထုတ်မှုတွေ နောက်ဆုံးမှာ အလုပ်ဖြစ်သွားတဲ့အထိ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။
4)သင် မသင်ယူသေးမချင်း သင်ခန်းစာက အကြိမ်ကြိမ်ဆက်ဖြစ်နေမှာပဲ
သင်ခန်းစာက သင်အဲဒါကို မသင်ယူမချင်း ပုံစံအမျိုးမျိုးနဲ့ အကြိမ်ကြိမ်ဖြစ်နေမှာပဲ။
ပြီးရင်တော့ နောက်သင်ခန်းစာကို သင်ယူဖို့ သင်သွားနိုင်ပြီပေါ့။
5)သင်ခန်းစာတွေ သင်ယူတာဟာ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး
ဘ၀ရဲ့ ဘယ်အစိတ်အပိုင်းမှာမှ သင်ခန်းစာမပါဘူးဆိုတာ မရှိဘူး။
သင်အသက်ရှင်နေသရွေ့ သင်ယူစရာ သင်ခန်းစာတွေ ရှိနေမှာပဲ။
6)အခုနေရာထက် ပိုပြီး ကောင်းတဲ့နေရာ မရှိဘူး
သင်သွားချင်တဲ့နေရာက သင်ရောက်နေတဲ့နေရာဖြစ်လာတဲ့အခါမှာ
အခုရောက်နေတဲ့ နေရာထက် ပိုကောင်းတဲ့နေရာကို သင်ရှာနေဦးမှာပဲ။
7)အခြားသူတွေ၊ အခြားအရာတွေဟာ သင့်အပေါ်မှာ ပုံရိပ်က ရောင်ပြန်ဟပ်တာသာ ပြန်တယ်
သင့်ကိုယ်သင် အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ချစ်တာ မုန်းတာ ရောင်ပြန်ဟပ်တာ မရှိပဲ တခြားသူတစ်ယောက်ကို သင်ချစ်လို့ မုန်းလို့ မရဘူး။
3)သင့်ဘ၀ကို သင်ဘယ်လိုဖန်တီးမလဲဆိုတာဟာ သင့်သဘောပဲ ဖြစ်တယ်
သင့်မှာ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ နည်းလမ်းတွေ အကုန်ရှိတယ်။
ဘယ်လိုအသုံးချမလဲကတော့ သင့်သဘောပဲ။
ရွေးချယ်မှုက သင့်အပေါ်မှာ မူတည်တယ်။
8)အဖြေတွေက သင့်အထဲမှာ ရှိတယ်
ဘ၀အတွက် မေးခွန်းတွေရဲ့ အဖြေတွေက သင့်ကိုယ်ထဲမှာပဲ။
သင်လုပ်ရမှာကတော့ နားထောင်ရမယ်၊ ကြည့်ရမယ်၊ ယုံကြည်ရမယ်။
အစအဆုံး ၃ ကြိမ်လောက် ပြန်ဖတ်ကြည့်ပါ။
Recommended for you-ကျွန်ုပ်တို့ မသိသော ကျွန်ုပ်တို့ အကြောင်းများ
Credit; naingwinaung