Broadcasting

Ooredoo အသုံးပြုသူများ ပတ္တမြား FM ကို အခမဲ့ နားဆင်နိုင်ပြီ

Read 1952 times
Ooredoo အသုံးပြုသူများ ပတ္တမြား FM ကို အခမဲ့ နားဆင်နိုင်ပြီ

အူရီဒူးအနေဖြင့် မြန်မာနိုင်ငံတွင် ကျော်ကြားလူကြိုက်များသည့် ရေဒီယိုအစီအစဉ်ကို သမရိုးကျအတိုင်း ရေဒီယိုစက်မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့်ပင် နားဆင်နိုင်အောင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 

မတ်လ (ရက်မှ စတင်၍ အူရီဒူးမြန်မာမှ ပတ္တမြား FM ရေဒီယိုကို ၄၅၆၇ သို့ ဖုန်းခေါ်ဆိုပြီး အခမဲ့နားဆင်နိုင်အောင် ဆောင်ရွက်ပေးလိုက်သည့်အတွက် သုံးစွဲသူမိဘပြည်သူများအနေဖြင့် ရေဒီယိုတိုက်ရိုက် ထုတ်လွှင့်သည့်အစီအစဉ်ကို အူရီဒူးကွန်ရက်ဖြင့် သီးသန့် ရရှိခံစားနိုင်ပြီ ဖြစ်ပါသည်။

မြန်မာရေဒီယိုနှစ်ခြိုက်သူများအတွက် ပတ္တမြား FM မှ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်များဖြစ်သည့် ဂီတအမျိုးအစားစုံစုံလင်လင်၊ ဖျော်ဖြေရေးအစီအစဉ်ကဏ္ဍ နှင့် လူနေမှုဘဝ အားလုံးအတွက် အသိပညာဗဟုသုတပေး အစီအစဉ်များအား သုံးစွဲသူများ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် နားဆင်နိုင်မည့် အခွင့်အလမ်းကို ရရှိမည်ဖြစ်ပါသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ

အူရီဒူးသုံးစွဲသူများအားလုံးအနေဖြင့် ဤဝန်ဆောင်မှုကို 2G, 3G နှင့် 4G ကွန်ရက်အားလုံးတွင် ရေဒီယိုထုတ်လွှင့်ချိန်အတိုင်း နံနက် ()နာရီမှ ည (၁၁)နာရီအထိ နေ့စဉ်အချိန်တိုင်း နားဆင်နိုင်မည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma မှ “အူရီဒူးသုံးစွဲနေသူတွေရော စတင်သုံးစွဲမည့် သုံးစွဲသူသစ်တွေပါ ၄၅၆၇ ကိုဖုန်းခေါ်ဆိုလိုက်ရုံဖြင့် စာရင်းသွင်းခပေးစရာမလိုဘဲ ပတ္တမြား FM ရေဒီယိုကို အခမဲ့ တိုက်ရိုက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။

 အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သုံးစွဲသူတွေထံသို့ မိမိတို့အသုံးပြုဖို့ရွေးချယ်ထားတဲ့ နည်းပညာဖြင့် ဆန်းသစ်တီထွင်ထားတဲ့ အကောင်းဆုံးထုတ်ကုန်နှင့်ဝန်ဆောင်မှုတွေကို ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

Source; ict guide

Myanmar Advertising Directory