Panasonic က နှာခေါင်းပေါက်ထဲမှ အပြင်ကို ရှည်ထွက်လာလေ့ရှိတဲ့ အမွေးတွေကို ရိတ်တဲ့စက်ကို ကြော်ငြာတယ်။ တယ်လီဖုန်းလိုင်းတွေ နှာခေါင်း နှစ်ပေါက်ကနေ ထွက်နေပုံကို ပကတိ တည်ရှိနေတဲ့ တကယ့် တယ်လီဖုန်း လိုင်းတွေနဲ့ အံကိုက်ဖြစ်အောင် လုပ်ပြီး ကြော်ငြာတယ်။

Frontline က ခွေးသန်းနှိမ်နင်းဆေးကို ကြော်ငြာတော့ ကြမ်းပြင်မှာ ခွေးပုံအကြီးကြီး ရေးဆွဲထားတယ်။ အပေါ်အမြင့်ကနေကြည့်ရင် ဖြတ်သွားဖြတ်လာ လုပ်နေတဲ့လူတွေဟာ ခွေးကိုယ်ပေါ်မှာ သန်းတွေ သွားလာနေသလို မြင်ကြရတယ်။

ပရိဘောဂလုပ်ငန်း IKEA က ပရိဘောဂတွေ တပ်ဆင်ပေးတဲ့ ၀န်ဆောင်မှုကို ကြော်ငြာတယ်။ IKEA ကို ခေါ်မခိုင်းမိရင် ပရိဘောဂ ဘယ်လိုတွေ မှားကုန်နိုင်တယ်ဆိုတာကို ကြော်ငြာတယ်။

Heineken က ဘီယာပုလင်းကို ကြော်ငြာနောက်ဖက်မှ လက်တစ်ခုမှ လာယူနေပုံဖြင့် ကြော်ငြာတယ်။

Hair care အလှကုန် ထုတ်လုပ်တဲ့ Garnier က ဘယ်လိုအမွေး အမျိုးအစားဖြစ်ဖြစ် သုံးလုံးရပါကြောင်းကို အခုလို ပုံနဲ့ အမြင်မှောက်မှားအောင် ကြော်ငြာခဲ့ဖူးတ.ယ်။

Ford ရဲ့ ကြော်ငြာတစ်ခုမှာ ယာဘက်ခြမ်း အဖြူရောင် ကားပုံရဲ့ အလယ်မှာ ရှိနေတဲ့ အမည်းစက်ကလေးကို စက္ကန့်သုံးဆယ် စိုက်ကြည့်ခိုင်းတယ်။ အဲဒီလို ကြည့်နေရင်း အကြည့်ကို အမည်းရောင် ကား ၂စီးရဲ့ အလယ် လွတ်နေတဲ့နေရာဆီသို့ အကြည့်ကို ရွှေ့လိုင်းတယ်။ အဲဒီအခါမှာ ကားနှစ်စီးကြားမှာ ကားတစ်စီး ပတ်ကင်ထိုးတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
တကယ်လို့ ဖုန်းစခရင်နဲ့ ကြည့်တာဆိုရင်ဖုန်းကို ဘေးတိုက်လှဲပြီး အောက်ဆုံးမှာ ဖော်ပြပေးထားတာကို ကြည့်ရှုနိုင်ပါတယ်။ ပုံကို စခရင်အပြည့်ဖြစ်အောင် ချဲ့လိုက်ပြီး စက္ကန့် ၃၀ ထက်မနည်း စူးစိုက်ကြည့်ပြီးမှ အကြည့်ကို ရွေ့လိုက်ရင် ကား ၂စီးကြား နေရာလပ်မှာ ကားတစ်စီး ရိပ်ခနဲ ပေါ်လာတာကို တွေ့ကြရပါတယ်။

