Life Hacks

ဘွဲ့မရခဲ့ပေမဲ့ကမ္ဘ့ာအဌမမြောက်အချမ်းသာဆုံးသူဌေးကြီးဖြစ်လာသူလယ်ရီအယ်လီဆန်

Read 549 times
ဘွဲ့မရခဲ့ပေမဲ့ကမ္ဘ့ာအဌမမြောက်အချမ်းသာဆုံးသူဌေးကြီးဖြစ်လာသူလယ်ရီအယ်လီဆန်

အမှုဆောင်ဥက္ကဌနဲ့ နည်းပညာအကြီးအကဲအရာရှိတစ်ဦးလည်းဖြစ်ပါတယ်။

2018 ခုနှစ် ဇန်န၀ါရီလမှာ လယ်ရီဟာ ပိုင်ဆိုင်မှု 6.24 ဘီလိယံနဲ့ အမေရိကန်နိုင်ငံအတွင်း ပဉ္စမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြခြင်းခံခဲ့ရပါတယ်။

အယ်လီဆန်ဟာ Newyork City မှာမွေးခဲ့ပေမယ့် ချီကာဂိုမှာကြီးပြင်းခဲ့ပါတယ်။

အာဘာနာ-ရှန်ပိန်မှာရှိတဲ့ အီလီနွိုက်တက္ကသိုလ်နဲ့ ချီကာဂိုတက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပေမယ့် ဘွဲ့ရခြင်းမရှိပါဘူး။

1966 ခုနှစ်မှာ ကယ်လီဖိုးနီးယားကိုပြောင်းရွှေ့သွားခဲ့ပါတယ်။လယ်ရီဟာ 1970 ခုနှစ်အစောပိုင်းတွေမှာ Ampex မှာအလုပ်လုပ်ကိုင်ခဲ့ပါတယ်။

အက်ဂါအက်ဖ်ကော့ရဲ့ relational dabase ဒီဇိုင်းသုတေသနရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။

အဲဒီလွှမ်းမိုးမှုကပဲ 1977 ခုနှစ်မှာ Oracle ဟာ အလယ်အလတ်နဲ့ အကွာအဝေးတိုစနစ်တွေအတွက် အောင်မြင်တဲ့ database vendor ဖြစ်ပြီး Sybase နဲ့ Microsoft SQL Server တွေနဲ့ ယှဉ်ပြိုင်လျှက်ရှိပါတယ်။

လယ်ရီအယ်လီဆန်ဟာ ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်တွေထဲက တစ်ဦးအဖြစ် Forbes ကသတ်မှတ်ခြင်းကိုခံခဲ့ရသူပါ။

လယ်ရီအယ်လီဆန်ဟာ ပိုင်ဆိုင်မှု ၁ ရာခိုင်နှုန်းကို အသင်းအဖွဲ့တွေကို လှူဒါန်းထားပြီး ပစ္စည်းဥစ္စာပေးအပ်မှုကို စာချုပ်မှာလက်မှတ်ရေးထိုးထားသူပါ။

ဒါ့အပြင် လယ်ရီအယ်လီဆန်ဟာ ရွက်လှေလွှင့်ခြင်းကို Oracle Team USA နဲ့အောင်မြင်စွာ ပြုလုပ်ထားပါတယ်။ စစ်တပ်ဂျက်လေယာဉ်နှစ်စီးပိုင်ဆိုင်ပြီး လိုင်စင်ရလေယာဉ်ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။

Read-အောင်မြင်သော လုပ်ငန်းရှင်များ ရှောင်ရှားသည့် စကားလုံးများ

Source, Internet Journal