Outdoor Advertising

Outdoor Advertising အကြောင်းသိကောင်းစရာ

Read 3086 times
Outdoor Advertising အကြောင်းသိကောင်းစရာ

 

၁။ Billboard advertising

သူကရိုးရှင်းပါတယ်။ တော်တော်များများလည်း တွေ့ဖူးမြင်ဖူး ရင်းနှီးပြီးသား ဖြစ်နေပါပြီ။ အိမ်မှာမဟုတ်တော့ပဲ အပြင်ထွက်လိုက်ပြီဆိုတာနဲ့ တန်းခနဲ မြင်နေပြီး သိသာထင်ရှားစွာနဲ့ ပေးချင်တဲ့ Message ကိုတန်းပြီးတွေ့ဖို့မြင်ဖို့ Awareness ရဖို့ဖြစ်ပါတယ် ။

 

၂။ Point of Sales displays

Sales Promotion လုပ်တဲ့ Shopping Center မျိုးတွေမှာ အများဆုံးတွေ့ရမှာပါ မျက်စိထဲ မြင်သာအောင် ပြောရမယ်ဆိုရင် Shopping Center သွားလိုက်ပြီဆို ခွက်လေးသေးသေးလေးတွေနဲ့ Sampling လေးတွေပေးတယ်လေ အဲ့တာမျိုးကိုပြောတာပါ။ အဲ့ Sampling ပေးတဲ့ နေရာလေးတွေကို POSD လို့ခေါ်ပါတယ်။

 

၃။ Street furniture

Street furniture advertising ဆိုတာကတော့ လမ်းဘေးတွေ၊ ပန်းခြံတွေမှာ တွေ့နေကြဖြစ်တဲ့ Ads တွေပဲဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင်တော့ Bus ကားမှတ်တိုင်မှာတွေ့ရတတ်ပါတယ်။

 

၄။ Transit advertising and wraps

မြန်မာနိုင်ငံအနေထားနဲ့ ပြောရမယ်ဆိုရင်တော့ Bus ကားကြီးတွေမှာ Brand စတစ်ကာကပ်တာ Taxi တွေမှာ ကပ်တာ စသည်ဖြင့် ဆိုလိုခြင်းဖြစ်ပါတယ်။

 

၅။ Mobile billboards

Mobile billboards ကိုတော့ တွေ့ရခဲပါတယ်။ ကားကြီးကြီးတွေပေါ်မှာ Digital Billboards ကြီးတွေနဲ့ လှည့်ကြတာ Handset Product တစ်မျိုးပဲ။

 

၆။ Guerrilla advertising

သိပ်တွေ့လေ့တွေ့ထမရှိဖူး လို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ် ရှိတော့ရှိပါတယ်။ Guerrilla ဆိုတာ ပုံမှန် ကြော်ငြာမျိုးမဟုတ်ပဲ ကွဲထွက်တဲ့ ကြော်ငြာတာမျိုးတွေ နောက်တစ်ခု Competitors တွေ မထင်မှတ်ထားတဲ့ အချိန်အခါမျိုးတွေမှာ ထလုပ်လေ့ရှိတတ်ကြတယ်။ ထူးထူးဆန်းဆန်း Billboard မျိုးတွေ ဖုန်းဆိုင်တွေရှေ့မှာ “က” နေကြတာမျိုးတွေလည်း Guerrilla Marketing ပါပဲ။

 

Myanmar Advertising Directory