Life Hacks

ဘောလုံးမှာသာမက ပညာရေးမှာပါ ထူးချွန်ပြောင်မြောက်ခဲ့သူများ

Read 264 times
ဘောလုံးမှာသာမက ပညာရေးမှာပါ ထူးချွန်ပြောင်မြောက်ခဲ့သူများ

ပညာရေးမှာပါထူးချွန်တဲ့ ဥာဏ်ရည်ဥာဏ်သွေးမျိုးတွေကို ပိုင်ဆိုင်ထားကြပါတယ်။

တစ်ချို့ကစားသမားတွေရဲ့ ညဏ်ရည်ဆို ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားကြပါတယ်။

(၁၀) Nedum Onuoha

 

Nedum Onuoha1

ှQPR အသင်းရဲ့ ညာနောက်ခံ ကစားသမားတစ်ဦးဖြစ်သူ Onuoha ဟာ ပြောပလောက်တဲ့ ဒီဂရီမရှိပေမဲ့ GCSE မှာ grade A ရှစ်ခုနဲ့ B နှစ်ခုရထားသူဖြစ်ပါတယ်။

သူ့ရဲ့အဆင့်မြင့်ပညာရေးကို မန်ချက်စတာမြို့မှာရှိတဲ့ Xavierian ကောလိပ်မှာ ပြီးမြောက်ခဲ့ပြီး အဲ့ကောလိပ်မှာပဲ သချာင်္၊ စီးပွားရေး နဲ့ နည်းပညာ ဘာသာရပ်တွေမှာ Grade A တွေရယူနိင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘောလုံးလောကထဲကို ခြေစုံပစ်ဝင်ပြီး ဆရာဝန်ဖြစ်မယ့် အခွင့်အရေးကို ကျောခိုင်းခဲ့ပါတယ်။

(၉) Clarke Carlisle

 

Clarke Carlisle 870682

နောက်တန်းကနေ ရှေ့ကိုတက်တက်ပြီးပြိုင်ဘက်တွေကို တည်ကန်ဘောတွေကနေ ဒုက္ခပေးလေ့ရှိတဲ့ Clarke Carlisle ဟာ GCSE မှာ grade A ဆယ်ခုအထိရထားသူဖြစ်ပါတယ်။

အဆင့်မြင့်သချာင်္နဲ့ နိင်ငံရေးသိပ္ပံပညာရပ်တွေကို လေ့လာခဲ့ပြီး Professional Sports Writing နဲ့ Broadcasting တွေမှာ ဒီဂရီရထားသူဖြစ်ပါတယ်။

ဘောလုံးလောကကနေ အနားယူပြီးနောက်ပိုင်းမှာ ကျောင်းဆရာလုပ်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။

 

(၈) David Wtherall

 

David Wetherall

အင်္ဂလန်အသင်းနဲ့ ဘရန့်ဖိုဒ်စီးတီးအသင်းရဲ့ ဗဟိုခံစစ်မှူးဟောင်းတစ်ဦးဖြစ်သူ David Witherall ကတော့ အသင်းပရိသတ်တွေဆီကနေ ပညာရေးနဲ့ပတ်သက်ပြီး ဂုဏ်ပြုပေးခြင်းခံရတဲ့ တစ်ဦးထဲသော ဘောလုံးသမားဖြစ်နိင်ပါတယ်။

သူဟာ ရှက်ဖီးတက္ကသိုလ်ကနေ ဓာတုဗေဒဘာသာရပ်မှာ first-class honors ဒီဂရီကိုရရှိထားသူတစ်ဦးဖြစ်ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့အသင်းနဲ့ ရော့ခ်ျဒေးအသင်းတဲ့ကစားခဲ့တဲ့ပွဲကို ပရိသတ်တွေအနေနဲ့ lab coat တွေဝတ်ပြီးပါအားပေးခဲ့ကြပါတယ်။

 

(၇) Graeme Le Saux

 

Graeme Le Saux1

ချယ်လ်ဆီးဘယ်နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ Le Saux ဟာ အခုအချိန်မှာတော့ အပျော်တမ်းကလပ် Wembley FC အသင်းမှာကစားနေတဲ့သူဖြစ်ပါတယ်။

သူ့အနေနဲ့ လိင်တူစိတ်ဝင်စားသူအဖြစ် စွပ်စွဲခံခဲ့ရသူဖြစ်ပြီး အခုအချိန်မှာတော့ ကလေးနှစ်ယောက်နဲ့အတူ စွပ်စွဲမှုတွေကို ခြေဖျက်ပြထားနိင်ပါတယ်။

သူဟာလည်း ပတ်ဝန်းကျင်လေ့လာမှုဆိုင်ရာဘာသာရပ်မှာ ဒီဂရီရယူထားနိင်သူဖြစ်ပါတယ်။

 

(၆) Steve Coppell

 

Steve Coppell

မန်ချက်စတာယူနိက်တက်အသင်းရဲ့ အင်္ဂလန်နာမည်ကျော် ညာတောင်ပံကစားသမားတစ်ဦးဖြစ်သူ Steve Coppell ကတော့ ဒူးဒဏ်ရာကြောင့် ဘောလုံးလောကကို ကျောခိုင်းခဲ့ရပြီး စီမံခန့်ခွဲမှုဘက်ကို ပြောင်းလဲခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Steve အနေနဲ့ လီဗာပူးတက္ကသိုလ်ကနေ စီးပွားရေးဒီဂရီကို ရယူထားတာလည်းဖြစ်ပါတယ်။

 

(၅) Socrates

 

Socrates

ဘရာဇီးလ် တိုက်စစ်အသားပေးကွင်းလယ်လူဖြစ်တဲ့ ဆိုကရေးတီးဟာ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံခဲ့ရသလို ဥာဏ်အကောင်းဆုံး ဘောလုံးသမား တွေထဲမှာလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

 

(၄) Glen Johnson

 

Glen Johnson

လီဗာပူးလ်အသင်းရဲ့နောက်ခံလူဟောင်းဖြစ်သူ ဂလင်းဂျွန်ဆင်ဟာ ဘရာဇီးလ်ကမ္ဘာဖလားရဲ့အားလပ်ချိန် တစ်ခြားအသင်းဖော်တွေ Copacabana ကမ်းခြေမှာအနားယူအပန်းဖြေနေတဲ့အချိန်မှာ သူကတော့ Text Book တွေကြားထဲမှာ နစ်မြုတ်နေခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ သချာင်္ဒီဂရီအတွက် အဝေးသင်တက္ကသိုလ်တစ်ခုမှာ အချိန်ပိုင်းကျောင်းသားတစ်ယောက်အဖြစ် သင်ယူနေခဲ့တာဖြစ်ပါတယ်။

 

(၃) Juan Mata

 

Juan Mata

ကမ္ဘာ့ဖလားချန်ပီယံအသင်းသားတစ်ဦးဖြစ်သူ မာတာဟာ ၂၀၁၁ နွေရာသီက ချယ်လ်ဆီးအသင်းကိုပြောင်းရွေ့ခဲ့စဉ်က သူ့အနေနဲ့ ဒီဂရီနှစ်ခုအတွက် လေ့လာသင်ယူနေတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

UK သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးမှာ မာတာအနေနဲ့ အားကစားသိပ္ပံနဲ့ Marketing ပညာရပ်တွေကို မက်ဒရစ်မှာရှိတဲ့ Universidad Camilo Jose Cela မှာသင်ယူနေတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

 

(၂) Frank Lampard

 

Frank Lampard1

ချယ်လ်ဆီးအသင်းမှာသာမက အင်္ဂလန်အသင်းရဲ့သမိုင်းမှာပါ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးလို့သတ်မှတ်ခံထားရတဲ့ လမ်းပတ်ဟာ Brentwood school မှာ Latin ဘာသာရပ်မှာ A ရယူနိင်ခဲ့သူဖြစ်ပါတယ်။

ဒါတွင်သာမကပဲ လမ်းပတ်အနေနဲ့ National IQ Test မှာ average IQ အထက်ရှိခဲ့တာကြောင့် အသင်းဖော်တွေရဲ့ "The Professor" လို့ခေါ်ဆိုခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။

 

(၁) Arsene Wenger

 

Arsene Wenger

နာမည်ပြောင် "Le Profeeeur" လို့ခေါ်ဆိုခြင်းခံရသူ အာစင်ဝင်းဂါးဟာ ဘောလုံးကိုဘောလုံးလိုမမြင်ပဲ စီးပွားရေးလိုမြင်သူအဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။

ဒီပြင်သစ်သားကြီးဟာ Strasbourg တက္ကသိုလ်မှာ စီးပွားရေးပညာရပ်နဲ့ Master ဒီဂရီကိုရယူထားနိင်သူဖြစ်ရုံသာမက ပြင်သစ် ၊ ဂျပန်နဲ့ အင်္ဂလန်တို့မှာအလုပ်လုပ်ခဲ့တဲ့ သူဟာ ဘာသာစကား(၇)မျိုးအထိလည်းပြောနိင်သူဖြစ်ပါတယ်။

Recommended for you-ချမ်းသာအောင် ဈေးရောင်းနည်း

Author- Realman

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1