Marketing

ယခင်ခေတ်ပုံစံ ဆန်ဆန် ကြော်ငြာတွေက အခုခေတ်နဲ့ အကိုက်ဆုံးဆိုတဲ့ Pepsi အကြီးအကဲ

Read 1866 times
ယခင်ခေတ်ပုံစံ ဆန်ဆန် ကြော်ငြာတွေက အခုခေတ်နဲ့ အကိုက်ဆုံးဆိုတဲ့ Pepsi အကြီးအကဲ

 

Pepsi ရဲ့ဈေးကွက် မြှင့်တင်ရေး သမားဖြစ်သူ Todd Kaplan ပြောကြားချက်အရ ယခုဈေးကွက် ကစဉ်ကလျားဖြစ်တဲ့ နှစ်ကို ကြည့်မယ်ဆို လူထုရဲ့ချီးမွမ်းသံက အရေးပါပါတယ်။အခုအချိန်မှာ ယခင် ခေတ်ဟောင်း ဆန်ဆန်နဲ့ ကုန်အမှတ်တံဆိပ်ကို မီးမောင်းထိုးပြတဲ့ ကြော်ငြာရေးနည်းတွေက ခေတ်စားနေတဲ့ အပြင် နားမှာ ကြားရတဲ့ အသံတွေကလည်း အရေးပါပါတယ်။

 

Kaplan အနေနဲ့ သူ့ အဖွဲ့အစည်းကို ရှေးကျတဲ့ အမှန်တရားတွေကနေ ဆောင်ရွက်သွားနိုင်အောင်ကြိုးစားနေပြီဖြစ်ပါကြောင်း တကယ်တန်းမှာ သမားရိုးကျ ကြော်ငြာ တွေသာထားရှိတော့မှာဖြစ်ပြီး လူငယ်တွေအကြိုက်မော်ဒယ် Kendall Jenner လိုမျိုး ကျော်ကြားသူတွေကို ငွေကုန်ကြေးကျ အများခံပြီးထည့်နေတော့မှာမဟုတ်ပါဘူး ထူးခြားတဲ့ နည်းလမ်းတွေနဲ့ ခေတ်ဟောင်းကိုပဲပြန်သွားတော့မှာပါတဲ့။

 

အခုအချိန်တွေမှာ စားသုံးသူတွေဟာ အတွေ့အကြုံအသစ်ခံစားရတာကို သဘောကျနေတာဖြစ်ပြီး တီထွင်မှု အတွေးအခေါ် ဆန်းတွေကို လိုချင်နေကြတာပါ ဒီတော့ အခုချိန်မှာ တွန်းနိုင်ရင်တော့ အရောင်းအေးနေတဲ့ နှစ်မှာ ဈေးကွက်ကို လက်ဝယ်အမိဖမ်းတာပဲပေါ့။

 

Kaplan အနေနဲ့ ၁၉၉၇ ခုနှစ်က ဆိုဒါကို အရမ်းကြိုက်ကြောင်းရေးထားတဲ့ ဟော့ဟေ့ သီချင်းတစ်ပုဒ်ကို ပြန်ပြီး စမ်းသစ်တဲ့ ကာတွန်း အန်နီမေးရှင်းလေးနဲ့ တွဲကာ Pepsi သီချင်းအသစ်နဲ့ကြော်ငြာ တစ်ခုအဖြစ် ရှေးမှုဆန်ဆန် ဖန်တီးခဲ့ပါတယ်။

 

ထိုသီချင်းထဲမှာ ဘရွတ်ကလင်းမှ ပရိသတ်တွေ အတွက်လှို့ဝှက် စာသားတွေ ထည့်ထားပေးပြီး လူအများရဲ့လက်ခံမှုကို လုံးဝရရှိတော့မှာပဲဖြစ်ပါတယ်။ကိုဗစ်ဖြစ်ပွားချိန်မှာတောင် Pepsi မှ သူ့ရဲ့ သီချင်းကို ပရိသတ်တွေက လက်ခံစောင့်မျှော်နေကြပြီး Lady Gaga အလှူအတွက် ဖျော်ဖြေပေးတဲ့ သီချင်း ပလက်ဖောင်း Triller မှာတင်မယ်သိရပါတယ်။

 

Source : The Drum 

 

Myanmar Advertising Guide