How To

သကြားကို အလေးထားသည့် လိုဂိုအသစ် Pepsi သုံးစွဲမည်

Read 3489 times
သကြားကို အလေးထားသည့် လိုဂိုအသစ် Pepsi သုံးစွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Pepsi သည် Zero Sugar ထုတ်ကုန်များကို ရောင်းချရန်အတွက်  လိုဂိုနှင့် အမှတ်တံဆိပ်စနစ်အသစ်ကို စတင်သုံးစွဲမည်။

Pepsi ၏ လိုဂိုအသစ်သည် သကြားကို စစ်ပွဲ အနုစား ဆင်နွှဲထားသည်။

Pepsi သည် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်တံဆိပ် ပြန်တည်ဆောက်ခြင်း rebrand ကို လုပ်ဆောင်မည် ဖြစ်သည်။

ယခုနှစ် ဆောင်းဦးရာသီတွင် မြောက်အမေရိကမှာ လိုဂိုအသစ် စတင်မည်။ ၂၀၂၄ တွင် ကမ္ဘာတစ်ဝှမ်း စတင်မည်။

 လိုဂိုအသစ်သည် Pepsi ၏ ယင်-ယန် ကမ္ဘာလုံးပေါ်တွင် “Pepsi” စာလုံးအမ‌ှတ်အသား တင်ထားသည့် ဒီဇိုင်းအဟောင်းကို ပြန်သုံးထားသည်။ ၁၉၈၀၊ ၁၉၉၀ ဝန်းကျင်တွင် သုံးခဲ့ဖူးသည့် ဒီဇိုင်း ဖြစ်ပါသည်။ အတိတ်က Pepsi သောက်သုံးခဲ့သည်ကို ပြန်အမှတ်ရစေမည့် brand အသစ် ဖြစ်ပါသည်။ 

 

 photo_2023-03-29_13-23-06.jpg

[Image: PepsiCo]

 

အမှတ်တံဆိပ်အသစ်သည် သကြားကို ရှောင်ထားသည့် Pepsi ဖြစ်ကြောင်း အသိပေးဖို့ သကြားသုည Zero Sugar Pepsi တွင် သုံးသော အမည်းရောင် သုံးထားသည်။ အနီ၊ အဖြူ၊ အပြာတို့ကို တသီးတခြားစီ မဖြစ်ရလေအောင် တွဲပေးထားပြီး အတူတကွ ဖြစ်နေစေသည်။

Pepsi စာလုံးအမှတ်အသားတွင် အမည်းသုံးထားသည့်အပြင် ကမ္ဘာလုံးကိုလည်း အမည်းကွပ်ထားသည်။ အမည်းသည် လှိုင်းဂယက်ထပြီး အဝေးသို့ ပျံ့နှံ့သည်ကို ဒစ်ဂျစ်တယ်ဖြင့် ဖော်ပြသည့်အခါ ပြသပေးမည်။

 

 

 photo_2023-03-29_13-23-26.jpg

 

[Image: PepsiCo]

 photo_2023-03-29_13-22-55.jpg

[Image: PepsiCo]

 

PepsiCo ၏ ၀င်ငွေသည် တိုးလာသည်၊ သို့သော် ယင်းတိုးတက်မှုမှာ အများ‌ေသာအားဖြင့် Pepsi နေရာအနှံ့ ရောက်ရှိပြီး  လက်လှမ်းမီမှုကို ချဲ့ထွင်နိုင်သဖြင့် သောက်သုံးသူများ ပိုများလာသဖြင့် ဝင်ငွေတိုးခြင်း မဟုတ်ချေ။ စျေးနှုန်းကို တိုးမြှင့်ခြင်းကြောင့်သာ ဝင်ငွေ တိုးခြင်း ဖြစ်သည်။

 

photo_2023-03-29_13-23-32.jpg

 

အချိုရည် သောက်သုံးသူတို့သည် ကျန်းမာရေး အတွက် သကြား ရှောင်ကြသည်။ သကြားများများပါလျှင် မသောက်ကြတော့ချေ။ ထိုင်း၊ စင်ကာပူ အစရှိသည့် နိုင်ငံများတွင် သကြားပါဝင်မှု များလျှင် များသလို သကြားခွန် တိုးကောက်သည်။ ထိုအချက်က သောက်သုံးသူများကို သကြားပါဝင်မှုအပေါ် အာရုံစိုက်မိစေသည်။ ဂရုပြုမိစေသည်။ ရှောင်ကြဉ်ဖို့ တွန်းအားပေးနေသည်။

Gen Z တို့တွင် ၃၀% သည် သကြားများသည့် အချိုရည်ကို ရှောင်ကြသည်။ 

Pepsi က သကြားမပါသည့်ဘက်သို့ ပြောင်းရွှေ့နေသည်။ 

 သကြားဓာတ်များသည့် သစ်သီးရည် brand များဖြစ်သည့် Tropicana နှင့် Naked တို့ကို ၂၀၂၁ တွင် ရောင်းထုတ်ခဲ့သည်။

“Pepsi ဟာ ခေတ်နဲ့အညီ အမြဲခေတ်စားနေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး  မျိုးဆက်သစ် သုံးစွဲသူတွေကိုလည်း ထင်ဟပ်နေပါတယ်” ဟု Pepsi ၏ chief marketing officer (CMO)Todd Kaplan က ပြောကြားသည်။

ခေတ်နှင့်အညီ လိုဂိုပြောင်းလဲနေပြီး လာလတ္တံ ခေတ်ကိုလည်း ယခုကတည်းက ထင်ဟပ်ထားသည်။

 

 photo_2023-03-29_13-23-38.jpg

Source fastcomoany

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U