Global

Pepsi အွန်လိုင်းအရောင်းတက်အောင် Digital ပိုင်းမှလုပ်ဆောင်ရန်ပိုမိုလိုအပ်ဟုဆို

Read 1725 times
Pepsi အွန်လိုင်းအရောင်းတက်အောင် Digital ပိုင်းမှလုပ်ဆောင်ရန်ပိုမိုလိုအပ်ဟုဆို

 

၎င်းတို့ ကုမ္ပဏီ အနေနဲ့ ပြောခဲ့တာကတော့ သူတို့ အနေနဲ့ လတ်တလော ထိရောက်နေတဲ့ ဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့ ကြည့်နေတာပါ ။ ပြီးခဲ့တဲ့ လပိုင်းတွေက သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှ Channel အပေါ်လူတွေသတိပြုမိလာခြင်းဟာ နောင်နှစ်ပေါင်းများစွာထိ Pepsi ကို အကျိုးပြုနေမှာပါ ဒါဟာကောင်းမွန်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို တိုးချဲ့တဲ့ ကိစ္စရပ်ပါပဲတဲ့။

 

Pepsi မှ CEO ဖြစ်သူ Ramon Laguarta ပြောကြားချက်ကတော့ '' အခုလို ecommerce နဲ့ e-grocery ဘက်ကို အပြောင်းလဲတဖြေးဖြေးလုပ်ဖို့ အချိန် ၃ နှစ်လောက် လိုအပ်တယ် အခုတော့ ဖြစ်လာပါပြီ '' ဆိုကာပြောကြားသွားခဲ့ပါတယ်။အခုချိန်မှာ ကိုယ့်လုပ်ငန်းအဖွဲ့ကို အများကြီး အာရုံစိုက်ဖို့လိုတယ် , လုပ်ကိုင်နေတာတွေကို ပိုပြီးတော့ မြန်ဆန်စွာလုပ်ဖို့လိုတယ် , ထို့အပြင် ကိုယ်တွေလုပ်နိုင်တာထက်ပိုပြီးလုပ်ဖို့လိုလိမ့်မယ် ဆိုတာမျိုးပေါ့။

 

Pepsi လုပ်ငန်းစုအနေနဲ့ သူတို့ရဲ့ အွန်လိုင်း လုပ်ငန်းများကို တိုးမြင့်ဖို့ ကြိုးစားထားပြီး သူတို့အနေနဲ့ စားသုံးသူများဘက်ကို တိုက်ရိုက် မိတ်ဆက်မယ်သိရပါတယ်။အခုဆိုရင်Pepsi လီမိတက် ဘက်မှ Snacks.com နဲ့ PantryShop.com ဆိုတဲ့ ecommerce နဲ့ e-grocery စတဲ့ Website များကို ထားရှိမှာဖြစ်ပါတယ်။

 

အခုဆိုရင်တော့ Pepsi လုပ်ငန်းစုအနေနဲ့ လာမည့် ငွေစာရင်း နှစ်ဝက်ချုပ်မှာ အရောင်း ၅ ရာခိုင်နှုန်းတက်အောင်ရည်ရွယ်ထားတယ်သိရပြီး စားသောက်ကုန်( မုန့် ) အရောင်းက သူတို့ကို တိုးစေလိမ့်မယ်လို့မျှော်မှန်းထားတယ်သိရပါတယ်။ငွေစာရင်း ၃ ပိုင်း အပြီး ၂၀၂၀ စက်တင်ဘာလ ၅ရက်မှာ မြောက်အမေရိကရဲ့ စားသောက်ကုန် ( မုန့် ) ရောင်းအား ၇ ရာခိုင်နှုန်းတက်လာပြီး မနက်စာ အုပ်မီးထုတ်လုပ်တဲ့ Quaker မှ ၆ ရာခိုင်နှုန်း အရောင်းတက်တယ်သိရပါတယ်။

 

လူတွေအနေနဲ့ အလုပ်အိမ်ကလုပ် ၊ ကျောင်းအိမ်ကတက် ရသည်မို့ သရေစာ မုန့်ရောင်းအားက တက်လာသည့်သဘောရှိပြီး Tostitos tortilla အာလူးကြော်ထုပ် ၊ Walkers အာလူးကြော်ထုပ် ၊ Quaker အုပ်မီးခြောက် စတာတွေက တက်လာတာပါ။အပြင်ထွက် ဆိုင်ထိုင် ပြီး အစားအစာ ကြီး ( အသားကင်များ၊ ဘာကာ အစရှိသော ဗိုက်ဝစာများ ) နဲ့ အအေးနဲ့ တွဲဖက် မစားသောက်ဖြစ်တာမို့ အအေးရောင်းအားကျ လာပုံပါပဲ။

 

ထို့အပြင် Ramon Laguarta ဆက်လက်ပြောကြားသည်က '' နောက်လာမယ့် ငွေစာရင်း အချုပ်မှာ အခုတိုင်းဆက်သွာထိန်းထားနေမယ်ဆိုပါက ရလဒ်ကောင်းမွန်မှာပါ။ထို့အပြင်ကမ္ဘာ့ တိုက်ကြီးတိုင်းရဲ့ ရောင်းအားက ဆက်လက် လည်ပတ်နေမှာပါ ကျွန်တော်တို့အနေနဲ့ စားသုံးသူတွေဆီကို မရောက်ရောက်တဲ့ နည်းနဲ့ စွမ်းဆောင်ပေးမယ်ဆိုရင်ရောင်းအား အကျ ဖြစ်မှာကိုတော့ ရှယ်ယာ ရှင်များအနေနဲ့ မပူရပါဘူး'' ဆိုကာပြောကြားခဲ့ပါတယ်။

 

Ref : Marketing Week