Business Marketing

Pepsico ၏ CEO (သို့) ပဲ့ကိုင်ရှင် အိန္ဒိယနိုင်ငံသူ Indra Nooyi

Read 2782 times
Pepsico ၏ CEO (သို့) ပဲ့ကိုင်ရှင် အိန္ဒိယနိုင်ငံသူ Indra Nooyi

Indra Nooyi သည် MBA ကို Indian Institute of Management Calcutta မှအောင်မြင်ခဲ့ပြီး၊ Yale School of Management မှ Master’s degree in Public and Private Management ကိုလည်း ထူးချွန်စွာ တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပါသည်။

သူမဟာ Minllennial မျိုးဆက်မှာ စားသုံးသူများဟာ ကျန်းမာသော အစားအသောက်နဲ့ အချိုရည်ကိုပိုမိုလိုလားတယ် ဆိုတာကို လေ့လာခဲ့ပြီး၊ Performance with Purpose ဆိုတဲ့ ဗျူဟာကို မိတ်ဆက်ခဲ့ပြီး၊ ကျန်းမာတဲ့အစားအသောက်နဲ့ တွဲဖက်ပြီး အချိုရည်နဲ့ Snack များကိုမိတ်ဆက်ခဲ့ပါသည်။ 2013 ခုနှစ်တွင် တက်ကြွလှုပ်ရှားသူ Peltz က ကုမ္ပဏီကို နှစ်ခြမ်းခွဲဖို့တောင်းဆိုခဲ့ပေမယ့်လည်း၊ သူမက ငြင်းပယ်ခဲ့ပါ သည်။

အဲ့ဒီအစားသူမဟာ ကုမ္ပဏီရဲ့ ၀န်ထမ်းများကိုပိုမို အရည်အချင်းရှိအောင် ကြိုးစားခဲ့ပြီး၊ သူမရဲ့ ဗျူဟာကိုဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ဒါပေမယ့် Coca-Cola CEO ဖြစ်တဲ့ Muhtar Kent ဟာ ပြောင်းလဲနေတဲ့ စားသုံးသူအကြိုက်ကို လျှစ်လှူရူခဲ့ပြီး၊ Soft-drink ဈေးကွက်ကိုပဲအာရုံစိုက်ခဲ့ပါသည်။ အကြိုးဆက်အနေဖြင့် 2011 ခုနှစ်မှာ PepsiCo စတော့ဟာ ၇၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ Coca-Cola စတော့ဟာ ၁၅ ရာခိုင်နှုန်းသာတိုးတက်ခဲ့ပါသည်။

Nooyi ဟာ Bonus ကို $13.9 မီလီယံရရှိပြီး၊ $6.25 မီလီယံ တန်ဖိုးရှိတဲ့စတော့ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ယင်းအပြင် Salary ကို $1.64 Millon လည်းရရှိသူဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်မှာ သူမသည် U.S.-India Business Council ရဲ့ Chairwoman အဖြစ်လည်းဆောင်ရွက်နေသူဖြစ်ပါသည်။